ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းရှိ ကောင်းမှုလုံစေတီတော်၌ အခြားမြို့ရွာများတွင် ကျင်းပဖူးခြင်းမရှိသည့် ရိုးရာပြိုင်ပွဲပေါင်းစုံဖြင့် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြှောက်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၅)ရက်နေ့ နေ့လယ် တစ်နာရီခွဲအချိန်တွင် မုဒ်ဦးဖွင့်ပွဲပြုလုပ်၍ (၈)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကာ တရားပွဲများကိုလည်း ညစဉ်ထည့်သွင်းကျင်းပသွားမည်ဟု ပွဲဖြစ်မြှောက်ရေးကော်မတီအတွင်းရေးမှူး ဦးစောနွဲ့တန်ဆိုင်က ပြောသည်။
”ရှားပါးလာပြီဖြစ်တဲ့ မြေဝိုင်းပြဇာတ်အကတွေ ရိုးရာပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ အပြင် တေးဂီတဖျော်ဖြေပွဲတွေလည်း ပါမယ် နာမည်ကြီး ဆရာတော်တွေရဲ့ တရားပွဲတွေလည်း ပါမှာဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ၎င်းကပြောသည်။
ဘုရားပွဲတော်တွင် ဆင်ဦးစီးများ၏ဆင်အပြေးပြိုင်ပွဲ၊ မြင်းစီးအပြေးပြိုင်ပွဲ၊အဖွဲ့လိုက်လေှလှော်ပြိုင်ပွဲ၊ ကုလားမ ခြေထောက်စီးပြိုင်ပွဲ၊ ရိုးရာထမနဲထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ တိုင်းခမ်းတီရိုးရာဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အသုံးအဆောင်နှင့်ရိုးရာယဉ်ကျေးမှု၊ စာပေပြခန်းများ၊ ဗုဒ္ဓဝင်ပြခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ရိုးရာလက်မှု အနုပညာပြခန်း၊ ရိုးရာအစားအသောက်နှင့်အဝတ်အထည်ပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ စားသုံးသူပညာပေးပြခန်းများ၊ တိုင်းခမ်းတီရိုးရာမီးပြဿဒ်၊ဝင်္ကပါ၊ သဲပုံစေတီ၊ ကြာဆီမီးတစ်ထောင်မျှောလှူပူဇော်ပွဲ၊ ရိုးရာ ကြာသင်္ကန်းယက်ပြိုင်ပွဲ၊ လှေဖောင်ဖြင့်ပဒေသာပင်လှည့်ခြင်းများ၊ နိဗ္ဗာန်ဈေးပွဲတော် နှင့် အခြားရိုးရာပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျှက်ရှိပြီး ပူတာအိုမြို့တွင်းမှ ကောင်းမှုလုံ စေတီတော်သို့ ကား၊ ဆိုင်ကယ်ဖြင့် အလွယ်တကူ သွားလာနိုင်ပြီး မိနစ်၃၀ (၄၅မိနစ်ခန့် )ဖြင့် ရောက်ရှိနိုင်သည်။
Ref : EPN #Myanmar_Online_News
<<Zawgyi>>
ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာပြိုင်ပွဲပေါင်းစုံဖြင့် လေးရက်တိုင် ကျင်းပသွားမည်
Sunday,January 12 ,2019

0 comments:
Post a Comment