စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်တစ်လျှောက်ရှိ ရေကြောင်းကြပ်တည်းသော နေရာများဖြစ်သည့် ရိုးလာရေလမ်း၊ မော်လိုက်ရေလမ်း၊ အလုံရေလမ်း၊ မုံရွာရေလမ်းနှင့် ပေါင်းဝ-အမြင့် ရေလမ်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်း ၇၃၀ အသုံးပြု၍ ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မော်လိုက်မြို့နယ်အတွင်းရှိ ရိုးလာရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၈၀၊ မော်လိုက်ရေလမ်း ကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀၊ မုံရွာမြို့နယ်အတွင်းရှိ အလုံရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀၊ မုံရွာရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀ နှင့် ချောင်းဦးမြို့နယ်တွင်းရှိ ပေါင်းဝ-အမြင့် ရေလမ်းကောင်းမွန်ရေးအတွက် ကျပ် ၁၀၀ သန်း သုံးစွဲမည်ဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
<zawgyi>
ကျပ်သန်း ၇၃၀ သုံးမည့် ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းမှာ စတင်အကောင်အထည်ဖော်မည်
Wednesday , January 15 , 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်တစ်လျှောက်ရှိ ရေကြောင်းကြပ်တည်းသော နေရာများဖြစ်သည့် ရိုးလာရေလမ်း၊ မော်လိုက်ရေလမ်း၊ အလုံရေလမ်း၊ မုံရွာရေလမ်းနှင့် ပေါင်းဝ-အမြင့် ရေလမ်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်း ၇၃၀ အသုံးပြု၍ ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မော်လိုက်မြို့နယ်အတွင်းရှိ ရိုးလာရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၈၀၊ မော်လိုက်ရေလမ်း ကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀၊ မုံရွာမြို့နယ်အတွင်းရှိ အလုံရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀၊ မုံရွာရေလမ်းကောင်းမွန်ရေးအတွက် ကျပ် သန်း ၁၅၀ နှင့် ချောင်းဦးမြို့နယ်တွင်းရှိ ပေါင်းဝ-အမြင့် ရေလမ်းကောင်းမွန်ရေးအတွက် ကျပ် ၁၀၀ သန်း သုံးစွဲမည်ဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Source-MDN #Myanmar_Online_News

0 comments:
Post a Comment