၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို တို့တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယားဘုရင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဒုတိယကာကွယ်ရေးဦးစီးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံစစ်သံမှူး Colonel Keo Cheysothearith နှင့် ကမ္ဘောဒီးယား တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြပြီးနောက် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားကြသည်။
ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုကပြဖျော် ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေး အပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အားဂုဏ်ပြုညစာ ဖြင့်တည်ခင်းဧည့်ခံ
Wednesday , January 15 , 2020
၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို တို့တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယားဘုရင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဒုတိယကာကွယ်ရေးဦးစီးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံစစ်သံမှူး Colonel Keo Cheysothearith နှင့် ကမ္ဘောဒီးယား တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြပြီးနောက် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားကြသည်။
ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုကပြဖျော် ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေး အပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:
Post a Comment