Sunday, January 26, 2020

ကိုရိုနာဗိုင်းရပ်စ် လူနာများအား HIV ဆေးဝါးဖြင့် ပေကျင်း ဆေးရုံအချို့တွင် ကုသပေးနေဟု ပေကျင်းအစိုးရထုတ်ပြန်

Image may contain: indoor

အသေအပျောက်ရှိ ရောဂါ ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒေသတွင်းဆေးရုံအချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို HIV လူနာတွေအတွက် သုံးတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနေကြောင်း ပေကျင်းအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူပြောများနေတဲ့ အွန်လိုင်း သတင်းတွေအရ အေအိုင်ဒီအက်စ်ရောဂါကု ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်ဆိုတဲ့ သက်သေအထောက်အထားရှိတယ်လို့သိရကြောင်း ပေကျင်းမြူနီစီပယ် ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ယင်း လူပြောများနေတဲ့ ဆေးဝါးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသဖို့ အမျိုးသားကျန်းမာရေး ကော်မရှင်က အကြံပြုထားကာ Lopinavir/Ritonavir ပေါင်းစပ်ဆေးဝါးတွေ မိမိတို့မှာ ရှိနေကြောင်း ဆိုခဲ့ပါတယ်။
ပေကျင်းမြို့မှာရှိတဲ့ ပေကျင်းဒီတန်ဆေးရုံ၊ ပေကျင်း ယိုအန်ဆေးရုံနဲ့ PLA အထွေထွေရောဂါကုဆေးရုံရဲ့ အမှတ် ၅ ဆေးကုသရေးစင်တာတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ ကုသပေးရမယ့် ဆေးရုံတွေအဖြစ် သတ်မှတ်ထားပြီး ယခု ကုထုံးကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြခဲ့ပါတယ်။
အဆိုပါဆေးဝါးနှစ်မျိုးဟာ HIV ဗိုင်းရပ်စ်တွေရဲ့ စွမ်းဆောင်ရည်ကို ကျန်းမာတဲ့ ဆဲလ်တွေနဲ့ ပိတ်ဆို့ဟန့်တားပေးကာ ဆဲလ်အသစ်တွေ ထပ်မံပေါက်ဖွားစေတဲ့ ဆေးအမျိုးအစားတွေဖြစ်ပြီး မကြာခဏဆိုသလို ရောဂါတွေကို ကုသရာမှာ ပေါင်းစပ်အသုံးပြုလေ့ရှိတယ်လို့ဆိုပါတယ်။
တရုတ် အာဏာပိုင်တွေရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ၅၆ ဦး အထိရောက်ရှိလာကာ ပိုးတွေ့ရှိသူ ၂၀၀၀ နီးပါးဖြစ်လာကြောင်း သိရပါတယ်။
Image may contain: one or more people

Ref : ဆောက်ချိုင်းနား မောနင်းပို့စ် #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment