Sunday, January 26, 2020

ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်တွင် အလည်အပတ်ကိစ္စများကို ခွင့်ပြုမည်မဟုတ်သေးကြောင်း YRTA တွဲဖက် အတွင်းရေးမှူး ပြောကြား

Image may contain: outdoor and water
ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်တွင် အလည်အပတ်ကိစ္စများကို ခွင့်ပြုမည် မဟုတ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

ကိုကိုးကျွန်းမြို့သည် မြန်မာနိုင်ငံအတွက် လုံခြုံရေးအရေးကြီးသည့် နေရာဖြစ်ပြီး အဆိုပါခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုကိုးကျွန်းမြို့ရှိ ပြည်သူလူထု၏ သွားလာမှုအခက်အခဲများကို ဖြေရှင်းရန်၊ စားသောက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ပစ္စည်းများကို လျင်လျင်မြန်မြန် သယ်ယူပို့ဆောင်နိုင်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ပြုနိုင်ရေးအတွက် ခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။
ရန်ကုန်- ကိုကိုးကျွန်းခရီးသည် မောင်းနှင်ရမည့် ရေမိုင်ခရီးကြာချိန်မှာ အသွား နာရီ ၄၀၊ အပြန် နာရီ ၄၀ ကြာမြင့်မည်ဖြစ်ပြီး ရာသီဥတုအပေါ်မူတည်၍ မောင်းနှင်ရမည်ဖြစ်ကြောင်း၊ ခရီးစဉ်အသွားအမြန် တစ်ခေါက်အတွက် သင်္ဘောငှားခရမ်းခ ကျပ် သိန်း ၂၀၀ ကို YRTA ၏စီမံခန့်ခွဲမှုစရိတ်မှ ကျခံမည်ဖြစ်ပြီး ခရီးသည်များကို ငွေကြေး ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ စာချုပ်ချုပ်ရင်တောင် ပွင့်လင်းရာသီတစ်ခုလုံး ချုပ်တာဆိုတာရှိတယ်။ သင်္ဘောသွားတယ် ဆိုတာကလည်း ရာသီဥတုတို့ ကျန်တဲ့အချက်အလက်တွေ ကြည့်ပြီးတော့ သွားရတာ။ အဲဒီတော့ ဆက်လက်ပို့ဆောင်ပေးသွားမယ့် အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း အနာဂတ်မှာ သင်္ဘောကို ပြန်သုံးသပ်မှာ။ ဒီဟာနဲ့ သွားတာရဲ့အဆင်ပြေခြင်း၊ မပြေခြင်း ဒါတွေနဲ့သွားမယ်။ ပို့ဆောင်မှုကို ဆက်လက်ဆောင်ရွက်သွားဖို့ ညွှန်ကြားချက်ရထားပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။
ခရီးစဉ်အတွက် သင်္ဘောငှားရမ်းခကို အသွားတွင် တစ်ဝက်ပေးချေပြီး အပြန်လုပ်ငန်း အားလုံးပြီးဆုံးချိန်တွင် အပြည့်ပေးချေရမည်ဖြစ်ကြောင်း၊ ခရီးသည်များကို ငွေကြေး မကောက်ခံရန် ဆုံးဖြတ်ထားသော်လည်း ကုန်ပစ္စည်းများအတွက် ငွေကြေး ကောက်သင့် မကောက်သင့်ကို အစိုးရအဖွဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးလှအောင်က ပြောကြားသည်။
ရန်ကုန်- ကိုကိုးကျွန်းပြေးဆွဲသည့် သင်္ဘောပေါ်တွင် ခရီးသည် ၆၀ ကျော်နှင့် ကုန်တန် ၃၀၀ ကျော် တင်ဆောင်နိုင်ပြီး ၎င်းခရီးသွားနေစဉ်အတွင်း ခရီးသည်များ၏ အာမခံထားခြင်း၊ ထမင်းကျွေးခြင်းများကို သင်္ဘောမှ တာဝန်ယူရမည်ဟု သိရသည်။
ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း သာကေတဆိပ်ခံတံတား၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုကိုးကျွန်းမြို့ကို ယခင်က တပ်မတော်ရေတပ်ရှိ သင်္ဘောများဖြင့်လည်းကောင်း၊ တပ်မတော်ရှိ လေယာဉ်များဖြင့်လည်းကောင်း ပြေးဆွဲပေးနေခြင်းသာဖြစ်ကြောင်း သိရသည်။
>>Zawgyi<<
ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်တွင် အလည်အပတ်ကိစ္စများကို ခွင့်ပြုမည်မဟုတ်သေးကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ပြောကြား

Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment