Sunday, January 26, 2020

မန္တလေးမှ တရုတ် Xiaman မြို့သို့ ပြေးဆွဲသည့် လေကြောင်းလိုင်းများကို ထပ်မံ၍ ယာယီရပ်ဆိုင်း

Image may contain: sky and outdoor

တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ကော်ရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ Xiaman မြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းအား ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သိရသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲလျက်ရှိသော Xiamanလေကြောင်းလိုင်းခရီးစဉ်ကို တရုတ်နိုင်ငံ၏ ကျန်းမာရေးတားဆီးကာကွယ်ထိန်းချူပ်ရေး အစီအစဉ်များအရ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း၊ ယခုလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မန္တလေးလေဆိပ်တွင် ဝန်ဆောင်မှုပေးနေသည့် MC-Jalux Airport Services မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သူတို့ဘက်က ရပ်ဆိုင်းထားမယ်လို့ အကြောင်းကြားလာတာပေါ့။ မန္တလေးကနေ တိုက်ရိုက်အသွားအပြန် ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းပါ ” ဟု ၄င်းက ပြောသည်။
ဇန်နဝါရီ ၂၄ ရက်ကလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်လာမည့် China Eastern Airlines ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ တစ်ပတ်လျှင် တနင်္လာနေ့နှင့် သောကြာနေ့များတွင် တိုက်ရိုက်ပျံသန်းမှုပြုလုပ်နေသည့် ယင်းလေကြောင်းလိုင်းကိုလည်း ယာယီရပ်ဆိုင်းထားသည်။
>>Zawgyi<<
မန္တလေးမှ တရုတ် Xiaman မြို့သို့ ပြေးဆွဲသည့် လေကြောင်းလိုင်းများကို ထပ်မံ၍ ယာယီရပ်ဆိုင်း
Sunday, January 26, 2020

တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ကော်ရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ Xiaman မြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းအား ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သိရသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲလျက်ရှိသော Xiamanလေကြောင်းလိုင်းခရီးစဉ်ကို တရုတ်နိုင်ငံ၏ ကျန်းမာရေးတားဆီးကာကွယ်ထိန်းချူပ်ရေး အစီအစဉ်များအရ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း၊ ယခုလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မန္တလေးလေဆိပ်တွင် ဝန်ဆောင်မှုပေးနေသည့် MC-Jalux Airport Services မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သူတို့ဘက်က ရပ်ဆိုင်းထားမယ်လို့ အကြောင်းကြားလာတာပေါ့။ မန္တလေးကနေ တိုက်ရိုက်အသွားအပြန် ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းပါ ” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၄ ရက်ကလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်လာမည့် China Eastern Airlines ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ တစ်ပတ်လျှင် တနင်္လာနေ့နှင့် သောကြာနေ့များတွင် တိုက်ရိုက်ပျံသန်းမှုပြုလုပ်နေသည့် ယင်းလေကြောင်းလိုင်းကိုလည်း ယာယီရပ်ဆိုင်းထားသည်။
Ref;MMTime #Myanmar_Online_News

0 comments:

Post a Comment