Wednesday, October 1, 2014

တာလီဘန် အသေခံဗုံးခွဲမှုကြောင့် ၇ဦးသေဆုံး၊ ၂၁ဦး ဒဏ်ရာရ



ယူအက်စ်-အာဖဂန်နစ္စတန် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုလက်မှတ်ရေးထိုးအပြီး ၁ရက်အကြာ ယနေ့(အောက်တိုလာ ၁ရက်) နံနက်က အာဖဂန်စစ်သားများတင်ဆောင်လာသော ယာဉ် ၂ စင်းအား တာလီဘန်အသေခံဗုံးခွဲသမားက တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့သည်။ယခုတိုက်ခိုက်မှုသည် အာဖဂန်နစ္စမြို့တော် ကာဘူးလ်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမား ၂ ဦးက အာဖဂန်တပ်ဖွဲ့ဝင်များအား သယ်ဆောင်လာသော ဘက်စ်ကားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲခြင်း ဖြစ်သည်။

ပထမအသေခံဗုံးခွဲသမားသည် ကာဘူးလ်အနောက်ပိုင်းတွင် အာဖဂန်ပြည်သူ့တပ်မှ အရာရှိများအား တင်ဆောင်လာသော ဘက်စိကားတစီးအာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယင်းကြောင့် ၇ဦးသေဆုံး၍ ၁၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးရဲချုပ် မိုဟာမက်ဖာရိဒ်အာဖ်ဇာလီက ပြောသည်။

ဒုတိယလူသည် ကာဘူးလ်မြို့ အရှေ့မြောက်ပိုင်း၌ ဘက်စ်ကားတစီး၏အရှေ့တွင် အသေခံဗုံးခွဲခဲ့ခြင်း ဖြစ်ပြီး စစ်တပ်အရာထမ်း ၆ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဖ်ဇလီက ပြောသည်။

တာလီဘန် ပြောရေးဆိုခွင့်ရ ဇာဘီဟူလာမူဂျာဟစ်က အဆိုပါတိုက်ခိုက်မှုများသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း၊ အမေရိကန်-အာဖဂန်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှုသည် ၎င်းတို့အတွက် တိုက်ပွဲဆင်နွဲရန် တွန်းအားသက်သက်သာဖြစ်ကြောင်း၊ တာလီဘန်တို့အနေနှင့် ရန်သူများအား တိုက်ခိုက်ရန် စိတ်ဓါတ်ပိုမိုတတ်ကြွစေကြောင်း ပြောသည်။

မီဒီယာများသို့ သီးခြားပေးခဲ့သော သတင်းထုတ်ပြန်ချက်တွင် ၂နိုင်ငံ လုံခြုံရေးပူပေါင်းဆောင်ရွက်မှုအား ရှုတ်ချထားပြီး ယင်းမှာ အမေရိကန်တို့၏ အကွက်ဆင်မှုသာဖြစ်ကြောင်း၊ ယင်းသို့သော အတုအယောင်စာချုပ်စာတမ်းများသည် ဥပဒေနှင့်အညီဖြစ်သော ဂျီဟတ်ဆင်နွဲမှုကို မည်သို့မျှ ဟန့်တားနိုင်မည် မဟုတ်ဟု ဖော်ပြထားသည်။

အဆိုပါ ၂နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အရ ဒီဇင်ဘာ ၃၁ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်သော အပြည်ပြည်ဆိုင်ရာစစ်ဆင်ရေးလုပ်ငန်းစဉ်အလွန်၌လည်း အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀၀ခန့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆက်လက်အခြေစိုက်ခွင့်ရရှိမည်ဖြစ်ပြီး အာဖဂန်တပ်ဖွဲ့များအား လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်သည်။ ယင်းအပြင် နေတိုးနှင့် ဘောတူညီချက်အရလည်း ထောင်နှင့်ချီသော နေတိုးတပ်ဖွဲ့ဝင်များလည်း တပ်စွဲခွင့်ရထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment