Sunday, May 3, 2015

ဗေဒင်ဆရာ၊ နတ်ဆရာ ဇာတ်ရုပ်တွေနဲ့ တွေ့မြင်ရဦးမယ့် ခိုင်သင်းကြည်


မကြာမီရက်ပိုင်းအတွင်း ရိုက်ကူးတော့မည့် ‘ကြိုးနှင့်ချည် ထားသော ဗာရာဏသီ’ရုပ်ရှင် ဇာတ်ကားတွင် သရုပ်ဆောင် သက်တမ်းတစ်လျှောက် မလုပ်ဖူး သေးသည့် ဇာတ်ရုပ်တစ်ခုကို သရုပ်ဆောင်ရမည်ဟု ခိုင်သင်း ကြည်က ပြောသည်။‘‘ဒီကားမှာက နတ်ကဆရာ လိုလို၊ ဗေဒင်ဆရာမလိုလိုပုံစံမျိုး။ အဲဒီလိုလည်း မရိုက်ဖူးသေးဘူးဆို တော့ ဒီခေတ်ကားပုံစံပေမယ့် ရှေးမြန်မာစစ်စစ်ပုံစံမျိုး ရင်စည်း (ဒါမှမဟုတ်) ရင်ဖုံးနဲ့၊ ပဝါနဲ့၊ ဆံထုံးနဲ့ စိပ်ပုတီးဆွဲပြီး ဆေးလိပ် လည်းသောက်ချင်သောက်မယ်’’ ဟု ခိုင်သင်းကြည်က ပြောသည်။

ယင်းဇာတ်ကားတွင် ဗေလု ဝ၊ နေမျိုးအောင်၊ နေဒွေး၊ မြင့် မြင့်ခိုင်၊ ခိုင်နှင်းဝေ၊ ထားထက် ထက်တို့နှင့်အတူ ပါဝင်သရုပ် ဆောင်ရမည်ဖြစ်ပြီး ဧပြီ ၆ ရက် တွင် ပုပ္ပားဘက်၌ စတင်ရိုက်ကူး မည်ဖြစ်ကာ လူ့လောဘအ ကြောင်း ပညာပေးရိုက်ကူးမည့် ဇာတ်ကားဖြစ်ကြောင်း ၎င်းက ဆိုသည်။ လတ်တလောတွင် လွင်မိုး၊ ကျော်ရဲအောင်၊ ကောင်းပြည့်၊ စိုးမြတ်သူဇာ၊ မိုးဟေကိုတို့နှင့် ‘သူငယ်ချင်းယောက္ခမ ၂’ ရုပ်ရှင် ဇာတ်ကားရိုက်ကူးလျက်ရှိပြီး ဟာသရုပ်ရှင်များ ထပ်မံရိုက်ကူး ရန်ရှိကြောင်း ခိုင်သင်းကြည်က ပြောသည်။

‘‘ကိုလွင်မိုးနဲ့ ထပ်ရိုက်မယ့် ကားတွေလက်ခံထားတာတော့ရှိ ပါတယ်။ ဟာသပါပဲ။ ဇာတ်လမ်း တွေက ရေးနေကြတုန်းဆိုတော့ အတိအကျတော့မသိရသေးဘူး။ လကုန်လောက်တော့ ဖြစ်မယ် ထင်တယ်’’ဟု ရိုက်ကူးရန်လက်ခံ ထားသည့် ဇာတ်ကားအကြောင်း ကို ပြောပြသည်။

7Day Daily

0 comments:

Post a Comment