Sunday, May 3, 2015

ဆိတ်နို့ဟာ မိခင်နို့ရည်နဲ့ အတူဆုံးနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်


ဆိတ်နို့ဟာ အထူးကုထုံး အာနိသင်တချို့ ပါဝင်ပြီး သောက်သုံးသင့်တဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒီအာနိသင်တွေကတော့
ခုခံအားစနစ် ကြံ့ခိုင်စေတယ်။
ဓာတ်မတည့်မှုကို ခုခံကာကွယ်ပေးသော အာနိသင် ပါရှိတယ်။
ချောင်းဆိုးရင်ကျပ်နာရောဂါ ကုသပေးတယ်။
အဆုတ်ကင်ဆာ ရရှိခြင်း အန္တရာယ် လျော့ချစေတယ်။
ဆီးချိုရောဂါအတွက် ကောင်းမွန်တယ်။ဆိတ်နို့မှာ ဆံပင်၊ အရေပြားနဲ့ အာရုံကြော စနစ်တစ်ခုလုံး ကောင်းကျိုးဖြစ်စေတဲ့ သတ္တုဓာတ် ဆီလီကွန် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

ဆိတ်နို့တိုက်ကျွေးထားတဲ့ ကလေးငယ်တွေမှာ ပိုမိုလျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးမှုကို သတိပြုမိတဲ့အပြင် နွားနို့်တိုက်ထားတဲ့ အခြားကလေးများနဲ့ မတူဘဲ ခန္ဓာကိုယ် ပိုမိုသန်မာထွားကြိုင်းကြတယ်။

ဆိတ်နို့တစ်ခွက်က နေ့စဉ်လိုအပ်သော ကယ်လ်ဆီယမ် ပမဏ ၃၂.၆% နဲ့ ဖော့စ်ဖောရပ် ၂၇% အမှန်တကယ် ရရှိစေပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ သွေးတိုးရောဂါနဲ့ သွေးလွတ်ကြောမာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့ဟာ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း ပုံမှန်အနေအထားအဖြစ် ထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ် တစ်ခုဖြစ်တဲ့ ပိုတက်ဆီယမ်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။

Ref:timefornaturalhealthcare
ပေါ်ထွန်း
Trend Myanmar

0 comments:

Post a Comment