Wednesday, May 13, 2015

ကွန်ဒုံးပါတိုင်း စိတ်မချရတော့ပါ


တရုတ်နိုင်ငံ အလုပ်ရုံတစ်ခုတွင် ထုတ်လုပ်သော ကွန်ဒုံးအတု ၃ သန်းကျော်ဖမ်းမိဆိုသော နိုင်ငံတကာသတင်းတစ်ရပ်က မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ-တရုတ် နယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်ပစ္စည်း အတုများများစွာ ဝင်ရောက်နေ ခြင်းကြောင့် ဖြစ်သည်။ မည်သည့် နာမည်ကြီး အမှတ်တံဆိပ်မဆို အတုလိုက်ထုတ်တတ်သော တရုတ်တို့ကြောင့် မြန်မာနိုင်ငံတွင် အိန္ဒိယ၊ ထိုင်း၊ ဂျပန်စသည့်နာမည်ကြီး အမှတ်တံဆိပ်ကုမ္ပဏီ များကြာ ကြာမခံနိုင်။ ပစ္စည်း အရည်အသွေးကောင်းသော်လည်း ဈေးချင်းမယှဉ်နိုင်၍ လှည့်ပြန်သွားခဲ့ကြသည်။မြန်မာနိုင်ငံ ဈေးကွက်တွင်တော့ လက်ရှိအချိန်အထိ တရုတ်ပစ္စည်းတို့သာ စိုးမိုးခြယ်လှယ်နေဆဲ ဖြစ်သည်။ မြန်မာပြည် အကြိုက်ကား၊ မော်တော်ဆိုင်ကယ်မှအစ ကလေး ကစားစရာ ပစ္စည်းအဆုံးတစ်ခုမကျန်အတုထုတ်တတ်သော တရုတ်တို့မှာ ယခုအခါ ကျန်းမာရေးအတွက် အလွန်အရေးကြီးပြီး လိင်ဆက်ဆံရာတွင် အကာအကွယ်အဖြစ် အသုံးပြုသည့် ကွန်ဒုံးကိုပင် အတုထုတ်လာပြီဖြစ်သည်။ အတုလုပ်သည့် အမှတ်တံဆိပ်မှာလည်း လူကြိုက်များ နာမည်ကြီးသည့် ကွန်ဒုံးအမှတ်တံဆိပ်များအား အတုပြု လုပ်ခြင်းဖြစ်သည်။ အတုပြုလုပ်ခံရသည့် ကွန်ဒုံး အမှတ်တံဆိပ်များတွင် Durex နှင့် Jissbon တို့ပါဝင်ကာ ကွန်ဒုံးအတုများအားလုံးကိုအလုပ်ရုံ တစ်ခုအ တွင်း ပြု လုပ်ခြင်း ဖြစ်သည်။

၎င်းအပြင် အဆိုပါ ကွန်ဒုံးအတုများအား အွန်လိုင်းနှင့် ဟိုတယ်ငယ်များတွင် ရောင်းချနေခြင်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။နာမည်ကြီး အမှတ်တံဆိပ် များကို အတုလိုက်ထုတ်သော်လည်း ဈေးနှုန်းမှာများစွာ ချိုသာသည်။ ၎င်းတို့၏ မူရင်းဈေးမျာ ယွမ် ဝ ဒသမ ၁ ယွမ်သာရှိပြီး တံဆိပ်တုကပ်ပြီးနောက် ၃ ယွမ်ဖြင့် ဟို တယ် ငယ်များဆီသို့ တစ်ဆင့် ပြန်လည် ရောင်းချကြသည်ဟု ဆိုသည်။ မြန်မာငွေဖြင့်တွက်ပါက မူရင်းဈေး မှာ ၁၅ ကျပ်၊ ကျပ် ၂ဝ သာရှိပြီး ဟိုတယ်ငယ်များသို့ ပြန်ရောင်း သည့်ဈေးမှာ ကျပ်ငွေ ၅ဝဝ ကျပ်ဖြင့် လျော်ညီသည်။ မူရင်းဈေး အရဆိုလျှင် ဈေးနှုန်းမှာ အဆမတန် ချိုသာနေသည်။ သုံးစွဲသူများအနေဖြင့် ဈေးနှုန်းအင်မတန် ချို သာနေ ပါက သတိထားနိုင်စရာ အချက်တစ်ချက်ဖြစ်သည်။ အရည်အသွေးညံ့ဖျင်းသော ပစ္စည်းများကိုအသုံးပြုထားသဖြင့် ယင်းဈေးဖြင့် ဝယ်ယူရရှိနိုင်ခြင်း ဖြစ်သည်။

”ကွန်ဒုံးတွေကို ပြုလုပ်တဲ့ နေရာမှာသုံးတဲ့ ကုန်ကြမ်းတွေက အရည်အသွေးအလွန်ညံ့ဖျင်းတဲ့ ပစ္စည်းတွေကို အသုံးပြုထားတာပါ။ ဘေးအန္တရာယ်လည်းများပါတယ်။ စမ်း သပ်ချက်အရ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတာတွေလည်း ရှိပါတယ်” ဟု ရှန်ဟိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ Zhang Wenliang က ပြောသည်ဟု သတင်းများ ကဖော်ပြ ကြသည်။ မြန်မာနိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်နေသော တရုတ်ပစ္စည်းများစွာအနက် ၎င်းကွန်ဒုံး အတုများ မပါဝင်ဟုမ ဆိုနိုင်။ ဈေးနှုန်းချိုသာသည်ကို ကြိုက် တတ်သော မြန်မာလူတန်းစားအချို့ရှိနေရာ အတုထုတ်သူတို့အတွက် မျက် စိကျစရာ ဈေးကွက် တစ်ခု ဖြစ် သည်။ နိုင်ငံတကာသတင်းတစ်ခုက ကွန်ဒုံးအတုများကို ရှန် ဟိုင်း၊ ကွမ်းတုံနှင့်ရှဲန်ဇီဒေသတို့တွင် ရောင်းချထား သည်ကို တွေ့ရှိရကြောင်း နှင့်ပြည်ပနိုင်ငံများသို့လည်း တင်ပို့ ထားနိုင်သည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ အချိန်အထိ ပြည်တွင်း၌ကွန်ဒုံးထုတ်လုပ်သည့် စက်ရုံမရှိသေးဘဲ လက်ရှိအသုံးပြု နေသောကွန်ဒုံးများမှာ နိုင်ငံတကာ မှ ဝယ်ယူသုံးစွဲခြင်းဖြစ်ကြောင်း ကျန်း မာရေး ဝန်ကြီးဌာနမှ သိရသည်။ ”ကျန်းမာရေး ဝန်ကြီးဌာနတွေကနေ အခမဲ့ ဖြန့်ပေးနေတာက ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ Global Fund ကပေးတာ။ ဒီအဖွဲ့ က နိုင်ငံ တကာကနေမှာယူပြီး ဝယ်သုံးတာတွေ ရှိတယ်။ သူက နိုင်ငံတကာ စက်ရုံတွေကနေထုတ်တာကို အရည်အသွေး စစ်ဆေးပြီးမှ ဝယ်တာ။ UNFPA နဲ့ PSI တို့ကလည်း သူတို့ ဝယ်တာတွေလည်း ရှိတယ်။ အဖွဲ့အစည်းတွေက မှာယူတာ မဟုတ်ဘဲလည်း အခြားလမ်းကြောင်းတွေကနေလည်း သွင်းတာရှိတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ ၊ဘင်္ဂလားဒေ့ရှ် နှင့် တရုတ် စသောနိုင်ငံများတွင် ကွန်ဒုံးကို ပြည်တွင်းမှာပင် စက်ရုံများတည်ကာ အကြီးအကျယ် ထုတ် လုပ် ဖြန့် ချိကြသည်။ မြန်မာပြည်တွင်း၌လူသိအများဆုံးဖြစ်သည့် အဖော်တံဆိပ်ဖြင့် ရောင်းချနေသော ကွန်ဒုံးများမှာလည်း နိုင်ငံတကာမှ ဝယ်ယူထားသော ကွန်ဒုံးများပင်ဖြစ်ပြီး အများပြည်သူကျန်းမာရေးအသိဖြင့် အသုံးပြုနိုင်ရန် တံဆိပ်တစ်ခု ကပ်နှိပ်ရောင်းချခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။ ”အကုန်လုံးက အရည် အသွေး ကောင်းတာတွေပဲ မှာကြတာပါ။ တစ်ခုနှင့်တစ်ခုကအကြိုက် တော့ မတူကြဘူးပေါ့။ စတော်ဘယ်ရီတို့၊ ငှက်ပျောသီးတို့ အချို့ကလည်း အနံ့မပါတာ ကြိုက်ကြ တာရှိတယ်။ လူတစ်ယောက် အကြိုက်တစ်မျိုးစီပေါ့။ အမျိုးပေါင်း ၄၊ ၅ ၊ ၁ဝ မျိုးလောက်တော့ရှိမယ်” ဟု၎င်းက ဆိုသည်။

ကွန်ဒုံးကို အသုံးပြု၍ လိင်ဆက်ဆံမည်ဆိုပါက ကွန်ဒုံးမှာ အတတ်နိုင်ဆုံးပါးနေရမည်ဖြစ်ပြီး အနံ့အသက် ပြောင်းလဲမှုမရှိစေရဘဲ ပစ္စည်းကောင်းလျှင် အရည် အေ သွး ကောင်းပြီး အတုထက် ဈေးပိုများနိုင်သောကြောင့် ခွဲခြားရန် လွယ်ကူကြောင်း၊ ယခုကဲ့သို့ တရုတ်ကအတု လိုက်ထုတ်ခြင်းမှာလည်း သူတို့၏ ပုံစံအတိုင်း ပင်ဖြစ်ေ ကြာင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ရောဂါ နှိမ်နင်းရေးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ ခုခံကျ ကာလသား ရောဂါ ဆရာဝန်ကြီး ဒေါက် တာမျိုး သန့် က ပြောသည်။

”အတုကို သုံးမိမယ်ဆိုရင်တော့ ပေါက်ပြဲတာ ရှိလာနိုင်မယ်။ ပေါက်ပြဲရင်ရောဂါရလာနိုင်တဲ့ အနေအထား ရှိတယ်။ ဒီတော့ အတုအစစ်ကိုသေချာ ခွဲခြားဖို့လိုတယ်။ စစ်ေ ဆးရတာတော့ လွယ်ပါတယ်။ အတုကအစစ်နဲ့ ယှဉ်ရင် ဈေးသက်သာမယ်။ သုတေသန ပြုလုပ်ချက်တွေအရ တော့ ရောဂါကာကွယ်မှုအပိုင်းမှာ ကွန်ဒုံးက လိင် ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ အိပ်ခ်ျအိုင်ဗွီနဲ့ ကာလသားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ သူက ၉ဝ ရာခိုင်နှုန်းအထိ စိတ်ချရတယ်ဆိုတော့ အတု ကအဲဒီ ထက်တော့လျော့မယ်ပေါ့” ဟု ၄င်းက ပြောသည်။

စိုးရိမ်ဖွယ်ရာ သတင်းဆိုးတစ်ရပ်ကတော့ ကွန်ဒုံး ဈေးကွက်တွင် တရုတ်ပစ္စည်းများက အရောင်းအဝယ်သွက်ကြောင်း၊ ရောင်းအကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်မြို့ ထဲ တစ်ဝိုက်ကွန်ဒုံးနှင့်အခြား ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ဆိုင်များက ပြောသည်။ ရန်ကုန်မြို့ထဲ တစ်လျှောက်လူသွား စင်္ကြံများပေါ်တွင် ပေါ်ပေါ် ထင် ထင် ရောင်း ချနေသော ဆိုင်အများအပြားက ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ လူပေါင်း ထောင်သောင်းနှင့်ချီသွားလာနေသော လမ်းများထက်၌ ပုန်းလျှိုးကွယ် လျှိုး ဝယ်စရာမလို။ မိမိကြိုက်နှစ်သက်ရာကို လက်ညှိုး ထိုး ဝယ်ယူနိုင်သည်။ ရောင်းအကောင်းဆုံး အမှတ်တံဆိပ်များမှာ အဖော်၊ Romeo ၊ Durex တို့ဖြစ်ပြီး ဈေးအချိုဆုံးမှာ အဖော်ဖြစ် သည်။ သုံးခုပါသော ဘူးတစ်ဘူးလျှင် ၃ဝဝ ကျပ်သာ ပေးရသောကြောင့် လူသုံးများသည်။ သို့ သော် Durex ကိုမမီ။ ဈေးပိုသော်လည်း ရောင်းကောင်းသည်။ ယင်း တ ရုတ်နိုင်ငံထုတ်ပစ္စည်းမှာ CCTV သတင်းများ အဆိုအရ တရုတ်နိုင်ငံမှ လိုက်လံ တုပထုတ်လုပ်ထားသော အရည်အသွေးနိမ့်ပစ္စည်းများ အသုံးပြုထားသည့် အတုထုတ် သည်ဟု နာမည်ထွက်နေသည် ပစ္စည်းနှင့် နာမည်တူနေသည်။

ယင်းပစ္စည်းမှာ မြန်မာနိုင်ငံတွင် ရောင်းအကောင်းဆုံး ပစ္စည်းဟု ဆိုင်အများစုက ပြောသည်။ ဆိုင်တစ်ဆိုင်အာွးားရောက် မေးမြန်းရာ ပစ္စည်းပြတ်နေ သည် ဟု ပင် ပြန်လည် ဖြေကြားသည်။ တည်းခိုခန်း အများစုကလည်း အော်ဒါမှာဝယ်ယူကြပြီး ပုံမှန်အားဖြင့် တစ်ရက်လျှင် ၁၅ ဘူးမှ ဘူး ၂ဝ ကြားရောင်းရသည်ဟု ဘားလမ်း တစ် ဝိုက် တည်းခိုခန်း များအနီးတွင်ရောင်းချနေသူ တစ်ဦးက ပြောသည်။ ၃ ခုပါ တစ်ဘူးလျှင် ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကြား ဆိုင်အမျိုးမျိုး က ဈေး အမျိုး မျိုးဖြင့် ရောင်း ချ လျက်ရှိသည်။ ယင်းကွန်ဒုံးမှာ အသုံးပြုရာတွင် အဖုအထစ်ကလေးများ ပါသောကြောင့်အသုံး ပြုသူများက ပိုမိုနှစ်သက်သည်ဟု ဆိုသည်။ ဝယ်ယူသူများမှာ လူ လတ် ပိုင်းများ အနည်းငယ်နှင့် အများစုမှာ လူကြီးများ ဖြစ်သည်ဟု ဆိုင်အများစုက ပြောသည်။

လူငယ်နှင့် သက်လတ်ပိုင်းအများစုအား မေးမြန်းရာ မိမိချစ်သူ မိန်းကလေး သို့မဟုတ် ပြည့်တန်ဆာနှင့် အိပ်သည့်အခါ ကွန်ဒုံးကို အသုံးပြုတတ်လေ့ ရှိသော် လည်း သေ ချာစစ်ဆေးခြင်းမျိုး မရှိဟု ဆိုသည်။ အထူးသဖြင့် ပြည့်တန်ဆာအိမ်သို့သွားသည့် အခါ သူတို့ ပေးသည့် ကွန်ဒုံးများကိုသာ အလွယ်တကူ အသုံးပြုကြသည်ဟု အများ စုက ပြောသည်။ ”ဟိုတယ်တို့ တည်းခိုခန်းတို့ မှာလည်းမကောင်းတဲ့မိန်းကလေး နဲ့အတူအိပ်ဖူးပါတယ်။ အဲ့ဒီလိုမျိုးဆိုရင်တော့ ကိုယ့်မှာ ဆောင်ထားတဲ့ ကွန်ဒုံးကိုပဲ အ သုံးပြုပါတယ်။ ပြည့်တန်ဆာအိမ် သွားရင်တော့ သူတို့ပေးတာပဲသုံးလိုက်တယ်။ သေချာတော့ မစစ်မိဘူး။ အခု တရုတ်ကအတုတွေထွက် လာပြီဆို တော့ နောက် တစ် ခါ သေချာစစ်ဆေးပြီးမှ အသုံးပြုတော့မယ်။ အဲ့ဒါ အကောင်းဆုံးပါပဲ”ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယခင်အချိန်များက ကွန်ဒုံးအားရောဂါကာကွယ်သော ပစ္စည်းတစ်ခုအဖြစ် တခုတ်တရသုံးစွဲခြင်း မရှိသော်လည်း ယခုနောက်ပိုင်းတွင် သုံးစွဲလာကြသည်။ အဓိက အားဖြင့်ရောဂါကူးစက်နိုင်ခြေများသည့် အမျိုးသမီး လိင်လုပ်သားများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများစသည့် အုပ်စုသုံးခုတွင် ကွန်ဒုံးသုံးစွဲမှုမှာ ၈၅ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သုတေသန ပြုလုပ်ချက်များတွင် ဖော်ပြထားသည်။

HIV ပိုးကူးစက်နိုင်ခြေ အများဆုံးရှိသည့် လူအုပ်စု သုံးစုမှာ ခန့်မှန်းစာရင်းများအရ လူဦး ရေ ၁ဝဝ ရာခိုင်နှုန်းမပြည့်သေးကြောင်း၊ ကွန်ဒုံးအသုံးပြုမည်ဆိုပါက အဖော်မှာ ပိုမိုစိတ်ချရပြီး နိုင်ငံခြားမှလာသော ပစ္စည်းကို မြန်မာနိုင်ငံတွင်တံဆိပ်ကပ် ရောင်းချသော ပစ္စည်းဖြစ်သောကြောင့် စိတ်ချရကြောင်း ဒေါက်တာမျိုးသန့်က ပြောသည်။ အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီ အက်စ်ပိုးမှာမြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်နှင့်အထက်ခန့်မှန်း လူဦး ရေ ၁၈၂ဝဝဝ ခန့်တွင် ရှိနေပြီး အေအိုင်ဒီအက်စ်နှင့် ဆက် စပ် ရောဂါပိုး များကြောင့် သေဆုံးသူ မှာ ခန့်မှန်းတစ်သောင်းခွဲခန့် ရှိနေပြီဟု ကျန်းမာရေး ဝန်ကြီးဌာန ၏စာရင်းများအရ သိရသည်။ ပြည်တွင်းမှ အရွယ်ရောက်ပြီး သူများတွင် HIV ပိုးအသစ်ကူးစက်ခံရမှုမှာ ၂ဝ၁၃ ခုနှစ် စာရင်းဇယားအရ တစ်နှစ်တွင် ၆၄ဝဝ ဦးရှိပြီး တစ်ရက်လျှင် ၁၉ ဦးနှုန်းဖြင့် အသစ်တိုး ကူးစက်ခံနေရခြင်း ဖြစ်သည်ဟု UNAIDS က ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အတုထွက်ပေါ်နေခြင်းမှာ အသက်အန္တရာယ်ထိခိုက်နိုင်သောကြောင့်၊ စိုးရိမ်ဖွယ်ရာကောင်းကြောင်း၊ ဖမ်းဆီးစစ်ဆေးအရေးယူခြင်းမျိုး လုပ်သင့်ပြီးသုံးစွဲသည့်
ပြည်သူလူထုအနေဖြင့်လည်း ဈေးပေါသည့် နောက်ကို မလိုက်ဘဲအရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုတတ်ရန် လိုအပ်ကြောင်း အပြည်ပြည် ဆိုင်ရာလူမှုရေးအဖွဲ့၊ မျိုးဆက်ပွား ကျန်းမာရေးစောင့် ရှောက်မှု၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က သုံးသပ်ပြောကြားသည်။ ”ကြားရတဲ့ပုံစံက တံဆိပ်က လုံးဝ စိတ်မချရသလိုရှိတယ်။ ဒါ လည်း အဲဒီစာရင်းထဲ ဝင်သွားတဲ့ တံဆိပ်ဆိုပြီး မှတ်လို့မရဘူး။ ပြည် သူကိုယ်တိုင်က ဘာသုံးရမလဲဆိုတာ သိဖို့လိုတယ်။ အဲဒီလိုဖြစ်ဖို့ကလည်း ကျန်းမာရေးအသိပညာ ရှိဖို့လိုတယ်။ သိတဲ့လူတွေကလည်း ပြောပြကြဖို့လိုတယ်။ ပြည်သူတွေကတော့ အထူအပါးဘယ်လောက်ရှိ လဲ၊ ရေဖိအား ဘယ်လောက်ခံနိုင်လဲ ဆွဲဆန့်အားခံနိုင်အား ဘယ်လောက်ရှိလဲသိဖို့ စစ်ဆေးဖို့ မလွယ်ဘူး။ ဒီတံဆိပ်ဆိုရင် ဘယ်သူ့ ဆီကနေဘယ်အဖွဲ့ကနေ ထွက်လာတယ်။ ဒါဆို စိတ်ချရတယ်ဆိုတာကို သိထားဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

မြတ်စုငြိမ်း၊ ဖိုးလပြည့်
Popular Myanmar News Journal

0 comments:

Post a Comment