Monday, May 4, 2015

Gym ကို Personal Trainer နဲ့ သေသေချာချာ ကစားဖြစ်နေတယ်ဆိုတဲ့ ဝါဆိုမိုးဦး





ယခုတစ်ပတ် နိုင်ငံ့ခွန်အား လူငယ်စွမ်းအား မြင့်မား စိတ်ဓာတ် နှင့် အားကစားအထူးပြုအချပ်ပို ကဏ္ဍအတွက် အားကစားလုပ်ရတာ ဝါသနာပါတဲ့ လူငယ်သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ အားကစားလှုပ် ရှား မှုပုံရိပ်များကိုသွားရောက်ရိုက်ကူးမေးမြန်းဖြစ်ခဲ့ပါတယ်။

" ဝါဆို အခုနောက်ပိုင်း Gym ကစားတာ ၃ လပြည့်တော့မယ်။ အရင်က အကတွေပဲ ကဖြစ်တယ်။ အကကို Relax တစ်ခုအနေနဲ့လည်း ကတယ်။ ဝါသနာလည်းပါတယ်။ ကျန်းမာရေးအတွက်လည်း ကတယ်။ အခုနောက်ပိုင်းတော့ Balance II မှာ Gym ကို Personal Trainere နဲ့ သေသေချာချာ ကစားဖြစ်တယ်။ Gym ကစားတဲ့အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်က ချွေးပုပ်တွေထွက်တယ်။
ခန္ဓာကိုယ်လှုပ်ရှားမှုရှိတော့ သွေးလည်ပတ်မှုမှန်လာတယ်။ ဝါဆိုတို့ အရင်က ရှုတင်ကပြန်လာရင် တအားပင်ပန်းတော့ မလှုပ်နိုင်ဘူး။ သွေးလေလည်ပတ်မှုနည်းပြီး လေးလေးထိုင်းထိုင်းကြီးဖြစ်တယ်။ အခု Gym ကစားကြည့်တော့ ခြေတွေလက်တွေ ပေါ့ပါးလာတယ်။ အမောဒဏ်ခံနိုင်လာတယ်။ အမော ဒဏ်ခံနိုင်ရင် စိတ်လည်းပေါ့တယ်။ Relax ဖြစ်တယ်။ ကျန်းမာရေးလည်း ပိုကောင်းတယ်။ သီချင်းဆိုတဲ့ နေရာမှာ ပိုပြီးအသုံးဝင်လို့ ကစားဖြစ်တာပါ"


ခိုင်ဝေလွင်
Popular Journal

0 comments:

Post a Comment