Wednesday, September 2, 2015

အာဏာရှင်ဆန်မှုကြောင့် ဝေဖန်ခံနေရသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ဦးမျိုးခင်သည် သူ၏ဧည့်ခန်းငယ်လေး၏နံရံများတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများစွာကို ချိတ်ဆွဲထားပါသည်။ ဒီမိုကရေစီရေးအတွက် ကာလကြာရှည်စွာဆောင်ရွက်ခဲ့သော ဦးမျိုးခင်သည် ဒေါ်အောင်ဆန်းစုကြည်အား အာဏာရှင်စနစ်ကို ဆန့်ကျင်သော ကရူးဆိတ်သူရဲကောင်းတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ မှတ်ယူထားခဲ့သူလည်း ဖြစ်ပါသည်။ သို့သော်လည်း ဦးမျိုးခင်သည် ၎င်းင်း၏စံပြပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုအခါ ပြင်းထန်စွာဝေဖန်ခဲ့ပါသည်။
“ ဒီမိုကရေစီပန်းတိုင်ကိုလျှောက်လှမ်းနေတယ်လို့ ပြောပေမဲ့ သူ့လုပ်ရပ်တွေက အာဏာရှင်ဆန်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကို နှစ်ရှည်လများ ထောက်ခံအားပေးလာတဲ့ ကျွန်တော်တို့လိုလူတွေကို ဆုံးရှုံးသွားရပြီ” ဟု ဦးမျိုးခင် က ပြောကြားခဲ့ပါသည်။ ဦးမျိုးခင်သည် ဒီမိုကရေစီအရေးတွင် တက်ကြစွာလှုပ်ရှား ခဲ့သူဖြစ်ကာ နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၂ ကြာ အကျဉ်းချခံခဲ့ရသူလည်း ဖြစ်ပါသည်။

မြန်မာစစ်အစိုးရအား ဆန့်ကျင်မှုအမှတ်သင်္ကေတနှင့် ကမ္ဘာ့ဒီမိုကရေစီ၏သင်္ကေတဖြစ်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် ဝေဖန်ပြောဆိုမှုများ မပြုလုပ်သင့်ကြောင်း မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူ များက နှစ်ပေါင်းများစွာခံယူထားကြပါသည်။ The Lady ဟု လူသိများသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ခြင်း သည် စစ်အစိုးရခေါင်းဆောင်များအား ပိုမိုတောင့်တင်းခိုင်မာသွားစေမည်ဟု ယူဆခဲ့ကြပါသည်။
သို့သော် မျိုးဆက်တစ်ခုအတွင်း ဒီမိုကရေစီနည်းလမ်းအကျဆုံးဟုဆိုရမည့် သမိုင်းဝင်ရွေးကောက်ပွဲ နီးကပ်လာ ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ သတင်းဝေဖန်သူများနှင့် ပညာရှင်များစွာ၏ ဝေဖန်မှုများနှင့် ကြုံတွေ့လာရပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီရေးရာကိစ္စများကို ကိုင်တွယ်ဖြေရှင်း ရာတွင် ငါနှင့်မတူ ငါ့ရန်သူ ဟု ငါတကော ကော၍ ဆောင်ရွက်လျက်ရှိကြောင်း စွပ်စွဲခံနေရပါသည်။ ယခုမှဘက်ပြောင်း လာသော ဗိုလ်ချုပ်ကြီးဟောင်း ၁ ဦးနှင့် မဟာမိတ်ဖွဲ့ခဲ့သော ၎င်းင်း၏ဆုံးဖြတ်ချက်မှာလည်း မေးခွန်း ထုတ်ခံနေရပါ သည်။ ထို့အပြင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါလာနိုင်မည့် တိုင်းရင်းသား ပါတီများ အပါအ၀င် ဒီမိုကရေစီအင်အားစုများနှင့် မဟာမိတ်ဖွဲ့နိုင်မည့်အခွင့်အရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကြောင့် လွဲချော်ခဲ့ရကြောင်း ဝေဖန်လျက်ရှိပါသည်။

နာမည်ကြီး သတင်းစာဆရာဖြစ်ပြီး ဘက်လိုက်မှုကင်းသဖြင့် နာမည်ကောင်းရရှိထားသူ စည်သူအောင်မြင့် ကလည်း“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အတွက် အမှန်တကယ်လိုအပ်မဲ့လူတွေနဲ့ ရန်သူဖြစ်အောင်လုပ်တယ်၊ မဟာဗျူဟာ ကျကျလည်း မတွေးခေါ်နိုင်ဘူး၊ ပြောရရင် ပါးနပ်တဲ့ နိုင်ငံရေးသမားတစ်ယောက်တော့မဟုတ်ဘူး”ဟု ပြောကြား ခဲ့ပါသည်။

အာဏာရှင်အစိုးရအား နှစ်ပေါင်း ၂၀ ကျော်မျှ စွန့်လွှတ်ရင်ဆိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အမျိုးသမီးကို အာဏာရှင် ဟု ခေါ်ဝေါ်ခြင်းမှာ NLD ပါတီတွင်းမှ ၎င်း၏အနီးကပ်ဆုံးမဟာမိတ်များ ကြား၌ပင် ဝေခွဲမရ သောကိစ္စတစ်ခုဖြစ်နေပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား အာဏာရှင် ဟု ခေါ်ဝေါ်ခြင်းနှင့်ပတ်သက်၍ မည်သို့သဘောထား ရှိသနည်းဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း အား မေးမြန်းကြည့်ရာ အာဏာရှင် ဟု ခေါ်ဝေါ်ခြင်းကို ထောက်ခံကြောင်း မတုံ့မဆိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့သော် ပါတီရေးရာကိစ္စများတွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ရုံမျှဖြင့် ဒီမိုကရေစီအရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတင်းနှင့်ခေါင်းဆောင်မှုမှာ လျော့ကျသွားမည်မဟုတ်ကြောင်း ဦးÓဏ်ဝင်း က ဆက်လက်ပြောကြားခဲ့ ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် အထက်က အဆင့်ဆင့်ထိန်းချုပ်သောပုံစံနှင့် နှစ်ပေါင်းများစွာ ယဉ်ပါးလာ ခဲ့သည့်အတွက် NLD ပါတီအနေဖြင့်လည်း ၎င်းင်းပုံစံမှ ရုန်းမထွက်နိုင်သေးကြောင်း ဦးÓဏ်ဝင်း က ပြောကြား ခဲ့ ပါသည်။ ပြီးခဲ့သော ဇွန်လက အသက် ၇၀ ပြည့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်အလွန် ကြိုးစား ပြီး အာဏာခွဲဝေဆောင်ရွက်ရန်လည်း အထူးကြိုးပမ်းလျက်ရှိကြောင်း၊ သို့သော် နေ့စဉ်ဆောင်ရွက်နေရသော ကိစ္စများတွင် ဆုံးဖြတ်ချက်ချရန်အတွက် ၎င်းင်း၏ပါတီတွင်း၌ပင် သတင်းမှန်မရဖြစ်နေကြောင်း ဦးÓဏ်ဝင်းက ပြောကြား ခဲ့ပါသည်။
ယခုဆောင်းပါးရေးရန်အတွက် တွေ့ဆုံမေးမြန်းခွင့်ပြုရန် ခွင့်တောင်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆန်ခဲ့ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်၍ ယခုလများအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီအပေါ် ဝေဖန်မှုများရှိခဲ့ပါသည်။
ဒီမိုကရေစီ လှုပ်ရှားမှု၏ ထင်ရှား သောခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ဟု လူသိများသော နိုင်ငံရေးအကျဉ်းသားဟောင်းများ သည် အမတ်လောင်းစာရင်းမှ ချန်လှပ်ခံခဲ့ရပါသည်။ ထို့အပြင် မြို့နယ်ပါတီများမှ ရွေးချယ်ခဲ့ကြသော ကိုယ်စားလှယ် များကိုလည်း ပါတီခေါင်းဆောင်ပိုင်းက ၎င်းင်းတို့စိတ်ကြိုက် ကိုယ်စားလှယ်များဖြင့် အစားထိုးပြင်ဆင်ခဲ့သည်။ ၎င်းင်း ဆုံးဖြတ်ချက်ကြောင့် လူထုအတွင်း ဒေါသထွက်မှုများ ကြုံတောင့်ကြုံခဲဖြစ်ပေါ်ကာ ဘက်ပြောင်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် NLD ပါတီကို ဆန့်ကျင်သော ပါတီဝင်များကိုလည်း ပါတီမှ ထုတ်ပယ်ခဲ့သည်။
အငြင်းပွားဖွယ်ဖြစ်ရပ်များဖြစ်ပွားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအာဏာပါသော တုံ့ပြန်မှု များ ထွက်ပေါ်လာခဲ့သည်။

“ ပြည်သူလူထု၏တာဝန်ကတော့ ပါတီကို ကြည့်ပြီး မဲပေးဖို့ဖြစ်တယ်၊ လူကိုကြည့်ပြီး မဲပေးဖို့မဟုတ်ဘူး၊ NLD ဟာ နိုင်ငံရေးပါတီတစ်ခုဖြစ်လို့ သူမှာဥပဒေစည်းမျဉ်းတွေရှိတယ်၊ အဲဒါတွေကို မလိုက်နာနိုင်ရင် ပါတီထဲမှာ နေလို့မရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်၏ စိစစ်မှုလုပ်ငန်းစဉ်များနှင့် ငြိစွန်းနိုင်သည့်အတွက် ကိုယ်စားလှယ်လောင်း များအား မီဒီယာများနှင့် စကားပြောခွင့်ကို NLD က ပိတ်ပင်ထားခဲ့သည်။ ဝေဖန်သူများကမူ ၎င်းအမိန့်သည် လွတ်လပ် စွာပြောဆိုခွင့်ပိတ်ပင်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။
NLD ပါတီအနေဖြင့် ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်နေသော ယခုကဲ့သို့အချိန်မျိုးတွင် NLD အပေါ် နှစ်ပေါင်းများစွာသစ္စာရှိခဲ့သော ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးမျိုးခင်တို့လို လူများကမူ NLD ကို ဒေါသအမျက်ထွက်လျက်ရှိပါသည်။ ဦးမျိုးခင်သည် လွန်ခဲ့သော ၂၇ နှစ်က ဒီမိုကရေစီလှုပ်ရှားမှုတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ၎င်းင်း၏လက်ပေါ်တွင် သူငယ်ချင်းတစ်ဦးသေဆုံးခဲ့ချိန်မှစ၍ ဒီမိုကရေစီအရေးတွင် တက်<ကစွာ ပါဝင်ခဲ့သူဖြစ်ပါသည်။

၎င်းင်း၏ဇာတိဖြစ်သော ရန်ကုန်တွင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပါတီ၏ပယ်ချခြင်းကို ခံခဲ့ရပြီး နောက်တွင် ဦးမျိုးခင်သည် NLD ပါတီမှ နုတ်ထွက်ကာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထား ပါသည်။

NLD ပါတီဝင်အဖြစ် နှစ်ရှည်လများရပ်တည်ခဲ့သော ဒေါ်ခင်ဖုန်းဝေ(၄၄ နှစ်)ကလည်း NLD ပါတီမှ ထွက်ကာ တစ်သီးပုဂ္ဂလအဖြစ် အရွေးခံမည်ဖြစ်ပါသည်။ ၎င်းင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်လေးစား နေဆဲဖြစ်ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် လူထုနှင့် တဖြည်းဖြည်းဝေးကွာလာသည့်အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါသည်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအကြောင်း ကောင်းကောင်းသိတယ်၊ နိုင်ငံခြားဘာသာ စကားတွေ လည်း တတ်တယ်၊ ဒါပေမဲ့ သူဟာ သာမန်ပြည်သူတွေအကြောင်းကို မသိဘူး၊ ပြည်သူတွေကနေ့တိုင်း ဆင်းရဲဒုက္ခ ခံစားနေရတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က လူတွေရဲ့လိုအပ်ချက်ကိုမသိဘူး၊ သူဟာ အောက်ခြေက လူတွေနဲ့ မထိတွေ့ဘူး” ဟု ဒေါ်ခင်ဖုန်းဝေ ကပြောကြားခဲ့သည်။

မဲပေးခွင့်မရသော ရိုဟင်ဂျာများအရေးတွင် မည်သို့မျှဆောင်ရွက်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်ပမှ ထောက်ခံသူများကလည်း စိတ်ပျက်လျက်ရှိပါသည်။ သို့သော် ပြည်တွင်း၌မူ အခြေအနေမှာ တစ်မျိုးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူများက ၎င်းင်းအား မွတ်စလင်များဘက်သို့ ယိမ်းသူ ဟု စွပ်စွဲခဲ့ကြသည်။

မြန်မာနိုင်ငံ၏လွတ်လပ်ရေးသူရဲကောင်းဖြစ်ပြီး ယနေ့အချိန်အထိ အသိအမှတ်ပြု လေးစားခံရသောဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လူထု၏လေးစားမှုကို အလိုအလျောက် ရရှိခဲ့ပါသည်။ သို့သော် နိုင်ငံရေးလေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏စီမံခန့်ခွဲမှု အားနည်းချက်များသည် အောက်ခြေမှ မဲပေးသူများအထိ သက်ရောက်မှု ရှိနိုင်/မရှိနိုင်ဆိုခြင်းကို ဝေခွဲမရဖြစ်နေဆဲဖြစ်ပါသည်။

နိုင်ငံကို နှစ်ပေါင်းများစွာ မှားယွင်းစွာအုပ်ချုပ်ခဲ့သည့်တပ်မတော်ကို လူထုက မုန်းတီးလျက်ရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းင်းအချက်ကို အကြောင်းပြု၍ အောင်မြင်မှုအကျိုးအမြတ်များရရှိလာမည်ဟု လေ့လာသူများက ယူဆထားပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမည်မျှရှိသည် ဆိုခြင်းကို ခန့်မှန်းရန်ခက်ခဲနေပါသည်။ လတ်တလောကောက်ယူသောစစ်တမ်းများအရ စစ်တမ်းကောက်ယူခံရသော လူဦးရေ၏တစ်ဝက်ခန့်က ၎င်းင်းတို့မည်သူ့အား မဲပေးမည်ဆိုခြင်းကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ကြပါသည်။
ဒီမိုကရေစီလှုပ်ရှားမှုသည် မြို့ပြများတွင် ထောက်ခံမှုကြီးမားစွာရရှိထားသော်လည်း လွှတ်တော်အမတ် ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည့် ကျေးလက်ဒေသများတွင်မူ ဒီမိုကရေစီလှုပ်ရှားမှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးရန်မျိုးသိမ်း က ပြောကြားခဲ့ပါသည်။
တပ်မတော်က ကျောထောက်နောက်ခံပေးထားသော သမ္မတ ဦးသိန်းစိန်အစိုးရသည် မီဒီယာလွတ်လပ်ခွင့် အပါအ၀င်အခြားသောလွတ်လပ်ခွင့်များ ခွင့်ပြုပေးခဲ့သဖြင့် မြို့ပြများတွင် တစ်ချိန်ကရှိခဲ့သော စိုးရိမ်ထိတ်လန့်မှုများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကျေးလက်ဒေသများတွင်မူ တပ်မတော်နှင့်ဆက်နွှယ်သောသူများက ထိန်းချုပ် ထားဆဲဖြစ်ပါသည်။
“ ကျေးလက်တွေမှာတော့ အာဏာပိုင်တွေကို လူထုက ကြောက်လန့်နေတုန်းပဲ” ဟု ဦးရန်မျိုးသိမ်း က ပြောကြားခဲ့ပါသည်။

လက်ရှိစနစ်တွင် ဒီမိုကရေစီနှင့်ပတ်သက်၍ ဟန်ပြဆောင်ရွက်ချက်များရှိနေဆဲဖြစ်ပါသည်။ အရပ်သား အစိုးရသို့ ၂၀၁၁ ခုနှစ် အာဏာမလွှဲမီ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့သော အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ပါဝင်နေပါသည်။ သို့ဖြစ်၍ တပ်မတော်နှင့် မဟာမိတ် မဖွဲ့လိုပါက လွှတ်တော်တွင် အမတ်နေရာ ၃ ပုံ ၂ ပုံရရှိမှသာလျှင် အသာစီးရရှိနိုင်မည်ဖြစ်သည်။ လွှတ်တော် အမတ်နေရာ၏ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားလူနည်းစုဒေသများတွင် ဖြစ်ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် တိုင်းရင်းသားများနှင့် မဟာမိတ်ခိုင်မြဲအောင် တည်ဆောက်နိုင်ခြင်းမရှိခဲ့သည့်အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူများက စိုးရိမ်ပူပန်လျက်ရှိကြပါသည်။

ရွေးကောက်ပွဲ၌ မည်သည့်ပါတီအနိုင်ရသည်ဖြစ်စေ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး များကို တပ်မတော်ခေါင်းဆောင်များကသာ ရွေးချယ်ပေးကြမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံခြားသားနှင့် လက်ထပ်သူမဖြစ်စေရ၊ သားသမီးများသည် နိုင်ငံခြားသား မဖြစ်စေရဟူသော ၎င်းင်းအား ရည်ရွယ်ထားသည့် အခြေခံဥပဒေပုဒ်မကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်ခွင့်မရှိခဲ့ပေ။ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းမှာ ဗြိတိန်နိုင်ငံသား ဖြစ်ပြီး ၎င်းင်း၏သား ၂ ဦးမှာလည်း ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားမျှတမှုမရှိသော အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ဝေဖန် သူများက လက်ခံထားကြသော်လည်း တပ်မတော်အား ဆန့်ကျင်ဘက်ပြုလုပ်ကာ အခြေအနေများပိုမိုဆိုးရွား လာအောင် ပြုလုပ် ခဲ့သည့်လုပ်ရပ်များအတွက်မူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။ တပ်မတော် အစိုးရ လက်ထက်မှ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပါတီတွင်းအုပ်စုကွဲတစ်ခုကို ဦးဆောင်ကာ အခြားအုပ်စုကွဲ တစ်ခုနှင့် သဘောထားကွဲလွဲလျက်ရှိသော သူရဦးရွှေမန်းနှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းသည် တပ်မတော် ခေါင်းဆောင်များ၏ ငြိုငြင်မှုကို ခံရစေသောလုပ်ရပ်တစ်ခုဖြစ်ပါသည်။ သမ္မတနှင့် သမ္မတကို ထောက်ခံသော တပ်မတော်တို့သည် သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်အဖြစ်မှ ယခုလ အစောပိုင်းတွင် ဖယ်ရှားခဲ့ ပါသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တစ်သီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်းက တပ်မတော်ကို မယုံကြည် သော်လည်း တပ်မတော်သည် ဒီမိုကရေစီအင်အားစုများ ဆန္ဒရှိနေသည့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတွင် အဓိကအာဏာရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့်သင့်မြတ်အောင် နေထိုင် သင့်သည်ဟု ယူဆထားပါသည်။

“ ဒေါ်အောင်ဆန်းစုကြည် ဟာ တပ်မတော်နှင့် အဆင်ပြေအောင်နေရမယ်၊ တပ်မတော်ကသာ သဘောမတူရင် အခြေခံဥပဒေကို ဘယ်တော့မှ ပြင်နိုင်မှာမဟုတ်ဘူး” ဟု ဒေါ်ညိုညိုသင်းက ပြောကြားခဲ့ပါသည်။

ရွေးကောက်ပွဲပြီးသွားလျှင်လည်း တိုင်းရင်းသားအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနှင့် တပ်မတော်တို့ ကြားတွင် အပေးအယူညှိနှိုင်းမှုများပြုလုပ်ကြရမည်ဟု ဒေါ်ညိုညိုသင်းက ခန့်မှန်းထားရှိပါသည်။
ယခုလပိုင်းများအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်များကြောင့် ရှုပ်ထွေးပြီးဝေခွဲမရဖြစ်နေကြောင်း ဒေါ်ညိုညိုသင်း က ပြောကြားခဲ့ပါသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရှင်တစ်ဦးလေလား
“ ကျွန်မတို့မှာ ဇာတ်လမ်းတွေအများကြီးရှိတယ်၊ အချိန်မကျသေးလို့ မပြောသေးတာ” ဟု ဒေါ်ညိုညိုသင်း က ပြောကြားခဲ့ပါသည်။

( The New York Times သတင်းစာ၏ Website ဖြစ်သော www.nytimes.com တွင် သြဂုတ်လ ၂၈ ရက်နေ့၌ ဆောင်းပါးရှင် Thmous Fuller ၏ Myanmar Democracy Icon Finds Herself Assailed as Authoritarian ဆောင်းပါးအား ဘာသာပြန်ဆိုဖော်ပြပါသည်။)

နေ့စဉ်သတင်းထူး သတင်းဦးများ

0 comments:

Post a Comment