Tuesday, September 1, 2015

စိတ်ထဲမှာ သံသယထားပါ ဒီထက်ပိုပြီးတော့ မစော်ကားပါနဲ့


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံအပြောင်းအလဲအတွက် နိုင်ငံသားတိုင်းပါဝင်ရမည့် အထွေထွေရွေးကောက်ပွဲသည် ယခုနှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပတော့မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ကနဦးမဲစာရင်းများကိုထုတ်ပြန်ထားပြီးဖြစ်ပြီး အချက်အလက်မှားယွင်းမှုများကို ပြင်ဆင်ရန် ပြည်ထောင်စုေ ရွးကောက်ပွဲကော်မရှင်က အသိပေးထားပြီး ဖြစ်သည်။ မကြာမီမဲဆန္ဒရှင်စာရင်း နောက်ဆုံးအဆင့်ကြေညာမှုများ ပြုလုပ်တော့မည်ဖြစ်ရာ
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြင်ဆင်ထားမှုအခြေအနေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား တွေ့ ဆုံမေးမြန်းခဲ့ပါသည်။►မြို့နယ်တစ်ခုမှာ မီဒီယာတစ်ခုက သတင်းထောက် သုံးဦးကို ရွေး ကောက်ပွဲသတင်းယူဖို့ ခွင့်ပြုချက် တင်ရမယ်ဆိုတဲ့အပေါ် မီဒီယာ တွေကို ကန့်သတ်တယ်လို့ ဝေဖန် နေကြပါတယ်။အဲဒါလေးကို အရင် ဆုံး ပြောပြပေးပါ။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ဘာကန့်သတ်ချက်မှ မရှိ ပါဘူး။ မီဒီယာဆိုတာမျိုးကလည်း ကန့်သတ်လို့ ရတာမှ မဟုတ်ဘဲ နဲ့။ သို့သော်လည်း ကော်မရှင် ကတော့ စေတနာနဲ့ပါ။Observer (လေ့လာစောင့်ကြည့်သူ)တွေ အ များကြီးရှိတယ်။ စစ်စစ်ပေါက် ပေါက်ေ လ့ လာချင်တဲ့ သူဆိုရင် အသိအမှတ်ပြု ကတ်ထုတ်ပေးနိုင် အောင် လျှောက်ဖို့ ပြောတယ်။ မီဒီယာတွေက လွတ်လွတ်လပ်လပ် နဲ့ သိက္ခာ ရှိရှိ လေ့လာချင်သပဆို ရင်တော့ ရွေးကောက်ပွဲကော်မရှင် က ထဲထဲဝင်ဝင် လေ့လာခွင့်ပြု ထားတယ်။ မဲရုံထဲကိုတော့ ဝင်ပိုင် ခွင့်မရှိဘူး။ ဝင်နိုင်ခွင့်ရှိတဲ့ အထဲ မှာ မီဒီယာမပါဘူးဆိုတာတော့ရှိ တယ်။ သို့သော်လည်းပဲ မဲရုံနဲ့နီးနီး စပ်စပ်အထိ လွတ်လွတ်လပ်လပ် Press ဆိုတဲ့ ကတ်လေးပါပြီးတော့ လေ့လာလို့ရှိရင် သူများတွေနဲ့ အတူ အခွင့်အရေးရမှာဖြစ်တဲ့အ တွက် အသိအမှတ်ပြု ကတ်ပြားကို မီဒီ ယာတစ်ခုတော့ သုံးခုစီ ထုတ် ပေးမယ်။

►နောက်ဆုံးအဆင့်မဲဆန္ဒရှင်စာရင်း က ဘယ်တော့လောက် ကြေညာ ပါမလဲ။

စက်တင်ဘာလ လလယ် လောက်ဖြစ်လိမ့်မယ်။ အခုက တော့ ကျွန်တော်တစ်ယောက် တည်း ဖြစ်နေလို့ သိပ်မပြောနိုင် သေးလို့၊ ခုရက်ပိုင်းမှာ အပြောင်း အလဲတွေ ဖြစ်နေတယ်။ အပြောင်း အလဲဖြစ်တယ်ဆိုတာWeather အခြေအနေပါပဲ။ ကျွန်တော့်ဘက် ကတော့ စက်တင်ဘာလ လလယ် ကပ်ပါ့မယ်။ ဒီအချိန်မှာလည်း မီဒီ ယာဘက်ကနေ မေတ္တာရပ်ခံချင် တာက ကပ်တဲ့အချိန်မှာ သွား ကြည့်ပါ။ ဒါနောက်ဆုံး Final ပါ။ ဒီအခုFinal ကပ်မယ့် မဲစာရင်းမှန် စေချင်လို့ အရင်က ကြိုလုပ်ခဲ့တာ ပါ။ ကြိုလုပ်ခဲ့တဲ့ကိစ္စမှာ မှားတယ် ပဲ ပြော တယ်။ အမှန်ကို ပြန်ပြီး တော့ (Response) တုံ့ပြန်မှုမလာ ဘူး။ အခုကတော့ ပြောတာပဲရှိ တယ်။ ကျွန်တော်တို့ဆီမှာတော့Data ရှိပါတယ်။ မီဒီယာတွေက ပြောသလိုမဟုတ်ပါဘူး။ လာကြည့် တာ ၃ဝ ရာခိုင်နှုန်းနဲ့ ၅ဝ ရာခိုင် နှုန်းကြားမှာ ကြည့်တယ်။ပုံစံ ၃ တို့ ၄(ဂ) တို့ ၄ တို့နဲ့ ပြန်ပြင်တာက ၁၃ ရာခိုင်နှုန်းရှိတယ်။ ဒါတွေကို ကျွန် တော်တို့ အမှန်ပြင်ထားပြီးပါပြီ။

►၁၃ ရာခိုင်နှုန်းပဲ လာပြင်တယ်ဆို တော့ တော်တော်နည်းတယ်လို့ ပြောရမယ်ထင်တယ်။ ဘယ်လို ကြောင့် အဲဒီလောက်ပဲ လာပြင် တယ်လို့ ထင်ပါသလဲ။

၃ဝ ရာခိုင်နှုန်းထဲမှာ ၁၃ ရာ ခိုင်နှုန်းဆိုတော့လည်း သူက လာ ကြည့်တာ ကျွန်တော်ထင်တာပေါ့ လေ။ အထင်ပြောတာနော်။ ဖြစ် စဉ်လည်းရှိခဲ့လို့ပါ။ ဆယ် ယောက် လာကြည့်တယ်။ ရှစ်ယောက်က မှားနေတယ်။ အဲဒါကြောင့် ၈ဝ ရာ ခိုင်နှုန်းဖြစ်တယ်။ ကျန်တဲ့
၉ဝ ရာ ခိုင်နှုန်းကမကြည့်ရသေးဘူး။ အဲဒီ အပေါ်မှာ ပုံသေယူလို့ မရဘူး။ ကျွန်တော်တို့နေပြည်တော်မှာမဲစာ ရင်း ၆ သိန်းရှိတယ်။ လာကြည့်တဲ့ သူ ၂ သိန်းကျော်ရှိတယ်။ ၃ တို့ ၄(ဂ)တို့ ၄ တို့နဲ့ပြင်တာ ၁၃ ရာခိုင် နှုန်းရှိတယ်။ အဲဒီအတွက် ကြောင့် ဘာပဲပြောပြော
လာကြည့်တဲ့ ၃၃ ရာခိုင် နှုန်းမှာအမှားရှိတဲ့ ၁၃ ရာ ခိုင်နှုန်း ပြင်လိုက်တဲ့အခါ ၃၃ ရာ ခိုင်နှုန်းမှန်သွားပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းအာမခံနိုင် ပါဘူး။ မကြည့် ဘူး။ မကြည့်တဲ့အတွက် ပြော လည်း မပြောဘူး။

►အန်ကယ်တို့ ဒီမဲစာရင်းကို သေ သေချာချာလေး ပြင်ဆင်ထားတယ် လို့သိရတယ်။ ဆိုတော့ အခု ထုတ် မယ့် အပြီးသတ်မဲစာရင်းက ဘယ် လောက် ရာခိုင်နှုန်းအထိ တိကျ မလဲ။ အမှား ကင်းစင်မလဲဆိုတာ ဘယ်လို ကောက်ချက်ချထားလဲ။

အန်ကယ်တို့ဆီ လာပြင်တဲ့ ဟာတွေကတော့ အကုန်လုံး မှန် မှာပေါ့။ မကြည့်ဘူးဆိုတဲ့ ဟာတွေ ကတော့ အန်ကယ်တို့ ဘယ်တာ ဝန်ခံလို့ ရမလဲ။ ၃ဝ ရာခိုင်နှုန်းက လာကြည့်တယ်။ အဲဒီထဲမှာ အမှား ပြင်တာ ၁၃ ရာခိုင်နှုန်းဆိုတော့ ၃ဝ ရာခိုင်နှုန်း မှန်သွားပြီပေါ့။ ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းမှာတော့ ဒါ အန်ကယ်တို့ ဘက်က လုံးဝ အာ မခံလို့ မရဘူး။ ပြောလိုက်ရင်လည်း သိပ်ယုံကြည်မှု လွန်ကဲရာကျ မယ်။

►ကနဦး မဲစာရင်းထွက်လာတော့ နိုင်ငံရေး ပါတီတွေက မဲစာရင်း မှန်ဖို့ ဝိုင်းလုပ်ကြမယ်ဆိုပြီး ဝိုင်း လုပ်ကြတယ်။ ပါတီတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုက ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိလဲ။

ပြောတော့ ပြောတာပါ။ ပူး ပေါင်းဆောင်ရွက်ကြပါလို့ ကြိုဆို ပါတယ်။ ပါတီတွေလည်း ကြုံတိုင်း ပြောတယ်။ ခင်ဗျားတို့ ပူးပေါင်း ဆောင်ရွက်ကြ ပြောပါတယ်။ ဃှဥ (အရပ်ဘက် လူမှုအဖွဲ့ အစည်း)တွေလည်း ပြောတယ်။ ပြောတဲ့အခါကျတော့ ပေါင်းပါ တယ်။
အမှားတွေ များတယ်ဆို တာနဲ့ ပေါင်းတယ်။ လက်တွေ့ မလာဘူး။ ပြင်ဆင်ရေးပိုင်း ပူး ပေါင်းဆောင်ရွက်မှု အားနည်း တယ်။

►စက်တင်ဘာ ၈ ရက်က စပြီး ကိုယ်စားလှယ်တွေက မဲဆွယ် စည်းရုံးခွင့်ရမယ်လို့ သိရပါတယ်။ သူတို့အဲဒီလို စည်းရုံးခွင့်နဲ့ ပတ် သက်ပြီး ကြိုပြီးခွင့်ပြုချက် တင် ရတဲ့အခါမှာ စည်းမျဉ်း စည်းကမ်း တွေက အရမ်းတင်းကျပ် တယ်လို့ ပြောပါတယ်။ အကယ်၍ များ အဲဒီလို ကော်မရှင်က ညွှန်ကြား တဲ့အမိန့် ညွှန်ကြားချက်ဥပဒေကို ဖောက်ဖျက်ရင် ဘယ်လို ဥပဒေနဲ့ အရေးယူပါသလဲ။

ပါတီတွေနဲ့တွေ့တဲ့ အစည်း အဝေးမှာလည်း ကျွန်တော်ပြောပြ တယ်။ ဒီညွှန်ကြားတာက ဥပဒေ စာအုပ်ထဲက ဟာတွေပါ။ ကောင်း ပြီ၊ တင်းကျပ်ပြီဆိုရင် ကျွန်တော်ဒါ နဲ့မလှုပ်ရှားနိုင်ဘူး။ငြိမ်းစုစီနဲ့ သွား ကြရအောင်။

ဇွန်လ ၂၆ ရက်မှာ အားလုံး က ရွေးကောက်ပွဲမှာတော့ ဃသိန သ် ဃသညိကခအ ကျင့်ဝတ်နဲ့အညီ စည်းရုံးဟော ပြောကြမယ်ဆိုပြီး အဲဒီထဲမှာကျွန်တော်ပါတယ်။ ဒီကျင့် ဝတ်ကိုဖောက်ဖျက်ရင်တော့ ခုနက ပြောတဲ့ ကျွန်တော့်ရဲ့ ညွှန်ကြား ချက်နဲ့ သွားရမှာပေါ့။ သူတို့ လည်း လက်ခံပါတယ်။ ပြောတာတွေ အားလုံးကတော့ ဥပဒေနဲ့ပါပဲ။

►အန်ကယ်က ကြံ့ခိုင်ရေးပါတီဝင် ဟောင်းလည်း ဖြစ်ခဲ့ဖူးတော့ ရွေး ကောက်ပွဲလွတ်လပ်တရားမျှတ မှု အပေါ် ဝေဖန်ကြတာလည်း ရှိပါ တယ်။အဲဒီအပေါ်ကိုရော ဘာများ ပြောလိုပါသလဲ။

လွတ်လပ်တရားမျှတတယ်ဆို တာ ဘယ်ပေတံနဲ့ တိုင်းသလဲဆို တာ အရင်ဆုံး ပြောမှ ပြောလို့ရ လိမ့်မယ်။ ဗိုလ်ချုပ်ကြီးဆိုတဲ့ ပေ တံနဲ့ တိုင်းသလား။ ဥပဒေမှာ ဗိုလ် ချုပ်ကြီး မလုပ်ရဘူးဆိုတဲ့ ညွှန် ကြား ချက်ရှိလို့ လွတ်လပ်တရားမျှ တတဲ့ ရွေးကောက်ပွဲ မလုပ်ရဘူး ဆိုရင် မှန်ပါတယ်။ ပါတီဝင် တစ် ယောက်ဖြစ်ခဲ့လို့ မလုပ်ရဘူးဆိုရင် လည်း မှန်တာပေါ့။ အဲဒီတော့ ဘာပေတံနဲ့တိုင်းပြီးတော့ ဘာတွေ မယုံကြည်နေတာလဲ။ ဒါတစ်ချက် ပေါ့။ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာနဲ့ သံသယဆိုတာ အင်မ တန်မှ ရှိဖို့သင့်ပါတယ်။ သို့သော် လည်း သံသယထက် ကျော်ပြီး တော့ စော်ကားမှုမျိုးကျတော့လည်း မကောင်းဘူး။ အဲဒီတော့ ကျွန် တော်လည်း တပ်မတော်ထဲမှာ ၄၇ နှစ်နေခဲ့ပါတယ်။ ကျွန်တော့်မှတ် တမ်းသွားကြည့်ပါ။ ကျွန်တော် ဘာ အပြစ်မှ မဖြစ်ခဲ့ဘူး။ ၄၇ နှစ် အတွင်း စည်းကမ်းကို အသက်ခန္ဓာ လို သဘောထားပြီးတော့ ပေးတဲ့ တာဝန်ကျေပွန်အောင် နေခဲ့တယ်။ တာဝန်ယူပေးခဲ့ရတာလည်းအများ ကြီးရှိပါတယ်။ ဘာပေတံနဲ့တိုင်း လဲ ကျွန်တော်ဒါပဲ မေးချင်တာပါ။ တိုင်းပါ။ တိုင်းကြည့်ပါ။ တိုင်းပြီးမှ ပြောဖို့ ကောင်းတာပေါ့။ မတိုင်းဘဲ နဲ့ ပြောချင်ရင်တော့ ယခင်လုပ်ရပ် ကို လေ့လာရတယ်။ ဒီပုဂ္ဂိုလ်က ယခင်ကခိုးခဲ့၊ လိမ်ခဲ့သလား။ အဲဒါ ဆိုရင်တော့ ခိုးမယ်။ ဝှက်မယ်လို့ ယူဆရတာပေါ့။ ဒီလိုပြောလို့ရတာ ပေါ့။ အခုကတော့ ကျွန်တော့်ဆရာ ပြောတာပဲသတိရပါတယ်။ လူတွေ က သူခိုးဆိုတာနဲ့

သူခိုးတွေးပဲ တွေးတာပဲကွတဲ့။သူခိုးဆိုတာစကြည့် တာနဲ့ ဘာခိုးရမလဲ ဒီအတွေးပဲ သူဝင်တာ။ အဲဒီတော့ လူတွေက လည်းပဲ လူတစ်ေ ယာက်ကြည့်ရင် သူတို့ အတွေးပဲ သူတို့တွေးတာပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါ တယ်။ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင်
အကြမ်းဖျင်းစိတ်ထဲမှာ သံသယထားပါ။ ဒီထက်ပိုပြီးတော့ မစော်ကားပါနဲ့။ စော်ကားချင်ရင် လက်တွေ့ပြောလိုက်ပါ။ကျွန်တော် က ရွေးကောက်ပွဲ ဘက်လိုက်လို့ရ အောင် ရွေးကောက်ပွဲ ဘယ်လို ကျင်းပနေတာလဲ။ ရွေးကောက်ပွဲ ဆိုတာ ဥပဒေနဲ့အညီ ကျင်းပတာ။
ဥပဒေနဲ့အညီ မဟုတ်ဘူးဆိုရင် ပြောလို့ရတာပေါ့။ဒီဥပဒေကို ကျွန် တော် က ဘယ်လိုဘက်လိုက်ပေးလို့ ရမလဲ။ စဉ်းစားကြည့်ပါ။ ကျွန် တော်လုပ်တာလည်း မဟုတ်ဘူး။ အဆင့်ဆင့်တွေ လုပ်သွားတာ။

►နိုင်ငံသားတစ်ယောက်အနေနဲ့ အန် ကယ်လည်း မဲပေးရမယ်။ အခု ကျွန်တော်လို့ လူမှုအသိုင်းအဝိုင်း မှာBrand နဲ့ Product ကို အငြင်း ပွားနေတယ်။ပါတီကြီးတစ်ခုက လူ ကို မကြည့်ပါနဲ့ တံဆိပ်ပဲကြည့်ပါ။ ပါတီကြီးတစ်ခုကကျတော့လည်း တံဆိပ်ကို မကြည့်ပါနဲ့
ကိုယ့်နယ် မှာလာအရွေးခံမယ့်ပုဂ္ဂိုလ်ရဲ့ အရည် အချင်းကို ကြည့်ပါဆိုပြီး ပြောနေ တယ်။ အန်ကယ်ဆိုရင်ရော ဘယ် လိုမျိုးဆုံးဖြတ်မလဲ သိချင်ပါတယ်။

(၁)ကတော့သူများအတွက်က တော့ သူတို့ယုံကြည်တဲ့ အတိုင်း ဆုံးဖြတ်ပါလို့၊ အန်ကယ့်အနေနဲ့က တော့ ကိုယ့်ကို အကျိုးပြုတဲ့သူ ကိုပဲ မဲထည့်မှာပေါ့။ပါတီလည်း မကြည့် ပါဘူး။ ကျွန်တော်ဆိုရင် ကျွန်တော့် ဇာတိကို ကျောင်းဆောက်ပေးလိုက်၊ မီးလင်းရေးလုပ်ပေး လိုက်လုပ်တာ ပါပဲ။ အဲဒီတော့ ကိုယ့်ဒေသအကျိုး ပြုနိုင်တဲ့ သူကိုမဲပေးမှရမယ်။ ဟိုး တုန်းကတော့ သိပ်အားမရှိဘူး။ အခုက အမတ်ဖြစ် သွားရင် လွှတ် တော်ထဲပြောလို့ရတယ်။ နိုင်ငံ တော်ကိုလည်း အကြံပြုလို့ရတယ်။ အဲဒီအတွက်ကြောင့်အရည်အချင်း ရှိတဲ့သူကိုပေးဖို့ ကျွန်တော့်အနေ နဲ့တော့ ဆုံးဖြတ်တယ်။

►ရွေးကောက်ပွဲ အတွက် ကုန်ကျ စရိတ် ဘယ်လောက်များရှိမယ်လို့ မှန်းထားပါသလဲ။

အခုတော့ ကျွန်တော်မှန်း ထားတာ ဘီလျံ ၄ဝ လောက်ရှိ တယ်။ ယခင်ရွေးကောက်ပွဲနဲ့ဆိုရင် လေးဆများသွားတယ်။ စားသုံး စရိတ်က ၄ ဘီလျံလောက် ဖြစ် နေတယ်။ ဘီလျံ ၄ဝ ဆိုတော့ များသလားလို့ ပြောရင်များတော့ မများဘူး။

►ပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်ကို ဘယ်လိုစိစစ်လုပ် ပါသလဲ။

ကျွန်တော်တို့ ဘက်ကတော့ ဘာမှ Check မလုပ်ဘူး။ Check မလုပ်ဘူးဆိုတာ (၁)က ရွေး ကောက်ပွဲမှာ မဲဆွယ်တဲ့အသုံး စရိတ် သိန်း ၁ဝဝ သတ်မှတ် တယ်။ ဒါ ဥပဒေနဲ့ ထားထားတာ။ ဒီဘောင်အတွင်းမှာ ဝင်အောင် သုံးပေတော့။ အဲဒီအတွက် ငွေစာရင်းရှင်းတယ်။ ကျွန်တော်တို့ကို ပေးရ တယ်။ တစ်ယောက်သောသူ က ငွေစာရင်းရှင်းတမ်းနဲ့ လိမ် လည်ပြတယ် ဆိုလို့ရှိရင် တစ် ယောက်သာသူက လာတိုင်ပြီး အမှုဖွင့်လို့ရတယ်။ ပြောရင်တော့ သိန်း ၁ဝဝ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ Check မလုပ်ဘူး။ အချင်းချင်း Check လုပ်တယ်။

Popular News Journal

0 comments:

Post a Comment