ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဓမ္မစကြာ ပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း၌ စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ရွှေသုဝဏ် ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တ သဒ္ဓိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်သည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးများနှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက် လာကြသူများသည် မဟာပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်ရွတ်ဖတ်သရဇ္ဈာယ်ကြသော အန္တရာယ် ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေသုဝဏ်ဆရာတော်ဘုရားကြီးထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ငါးထပ်ကျောင်းတော်ကြီးအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း ၅၀၀ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မိသားစုမှလှူဒါန်းသည့် အလှူငွေများကိုပေးအပ် လှူဒါန်းရာ ဓမ္မစကြာပဋိပတ်ရိပ်သာ ဥပတ္ထမ္ဘမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်းက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရွှေသုဝဏ်ဆရာတော်ဘုရားကြီးက ကျမ်းစာအုပ်များ ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တက်ရောက်လာကြ သည့် အရာရှိကြီးများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြရာ ဓမ္မစကြာရိပ်သာကျောင်းတိုက် ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏိကာဘိဝံသထံမှ အနုမောဒနာတရားနာယူကြ ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များသည် မဟာပန္နက်တော်တင်ပြုလုပ်မည့် မြေနေရာ သို့ အစီအစဉ်အတိုင်းကြွရောက်လိုက်ပါကြပြီး မင်္ဂလာအချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပန္နက်တော်တင်မည့်အကြီးအကဲများသည် သတ်မှတ်နေရာ အသီးသီးတွင်နေရာယူကြကာ ပန္နက်တော်များအား ၉ ချက်စီရိုက်၍ မင်္ဂလာပြုလုပ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်ကြဆက်လက်၍ ဆရာတော်အရှင်သူမြတ်အပေါင်းတို့ကဦးဆောင်၍ ဇယန္တော ဗောဓိယာမူလေ ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ် ဆုတောင်းကြပြီးနောက် မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ တွင်းတော်ဝန်းမင်္ဂလာ ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနန္တသုခ ဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုး များ ရွာသွန်းဖြိုးခဲ့ကြပြီး ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
ရန်ကင်းမြို့နယ်၊ ဓမ္မစကြာပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားပြုလုပ်
Sunday , January 12 , 2020

0 comments:
Post a Comment