Saturday, October 11, 2014

ပီအာရ်စနစ်ခက်ခဲပါက မကျင့်သုံးရန် လွှတ်တော်သို့ တင်ပြမည်ဟု ဦးတင်အေးဆို


လွှတ်တော်က ရွေးချယ် မည့် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)သည် ခက်ခဲသော စနစ် ဖြစ်ပါက ၂၀၁၅ ရွေးကောက်ပွဲ တွင် မကျင့်သုံးသင့်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပီအာရ်စနစ်သည် ခက်ခဲ သော စနစ်ဖြစ်ပါက ၂၀၁၅ ရွေး ကောက်ပွဲတွင် ကျင့်သုံးရန် မသင့် ကြောင်း လွှတ်တော်သို့ တင် ပြမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် UK Departmentfor International Development,Myanmar မှ Deputy Head of Office ဖြစ်သူ Mr.Peter Mcd-ermott ဦးဆောင်သောအဖွဲ့တို့အောက်တိုဘာ ၂ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင် ပီအာရ်စနစ်နှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသည်။ လွှတ်တော်တွင် အတည်ပြုပါက ဥပဒေပြဋ္ဌာန်းမည်ဖြစ်ပြီး လွှတ်တော်ကပြဋ္ဌာန်းသော ပီအာရ်စနစ်သည် လွယ်ကူသော စနစ်ဖြစ်မှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေပြဋ္ဌာန်းပေးမည် ဖြစ်သည်။
နည်းဥပဒေ ပြဋ္ဌာန်းပြီး နောက် မဲဆန္ဒရှင်ပညာပေးခြင်း၊ မဲရုံဝန်ထမ်းများအား သင်တန်း ပေးခြင်းများ ဆောင်ရွက်ကာ ရွေး ကောက်ပွဲတွင် ကျင့်သုံးသွားရန် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
လက်ရှိ ရွေးကောက်ပွဲဖြစ် သော မဲများသူ အနိုင်ယူစနစ် သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် လွယ်ကူသော ရွေးကောက်ပွဲစနစ်ဖြစ်ပြီး ပီအာရ်စနစ်ကို ပြောင်းလဲ ကျင့်သုံးမည်ဆိုပါက မဲပေးမှုပုံစံသည် ရှုပ်ထွေးနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် အချိန်ကာလ နီးကပ်နေ၍ ရွေးကောက်ပွဲစနစ်ပြောင်းမည်ဆိုပါက ယင်းပြောင်းလဲမည့် ရွေး ကောက်ပွဲစနစ်အကြောင်းနှင့် ပြည်သူများ မဲပေးရာတွင် အခက် အခဲမရှိစေရန် ပြုလုပ်ရမည့် မဲ ဆန္ဒရှင်ပညာပေးရေး လုပ်ငန်း များ လုပ်ဆောင်ရန် လုံလောက် သည့် အချိန်ရမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ပီအာရ် အကောင်အထည်ဖော်ရေးကော် မရှင်အဖွဲ့ဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအုန်းတင် ကလည်း သုံးသပ်သည်။
လက်ရှိ ကျင်းပဆဲ အမျိုး သားလွှတ်တော်သို့ အမျိုးသား လွှတ်တော်ပီအာရ်အကောင်အ ထည်ဖော်ရေး ကော်မရှင်က လာ မည့် ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော်အတွက် ကျင့်သုံးမည့် ပီအာရ်စနစ်ကို လေ့ လာထားသည့် အစီရင်ခံစာကို တင်သွင်းမည် ဖြစ်သည်။
ထို့အတူ ပြည်သူလွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံး သပ်ရေး ကော်မရှင်သည် ယခုလ အတွင်း မြန်မာနိုင်ငံနှင့် သင့် လျော်မည့် ရွေးကောက်ပွဲစနစ် များကို လေ့လာကာ ပြည်သူ့ လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းရန် ရှိသည်။
7day

0 comments:

Post a Comment