Saturday, October 11, 2014

နောက်တစ်ဆင့် မျှော်လင့်ချက်အတွက် အစွမ်းကုန်ယှဉ်ပြိုင် ကစားရတော့မည့် မြန်မာ


ပြီးခဲ့သည့် အဖွင့်ပွဲစဉ်မှာတုန်းက အိမ်ရှင် မြန်မာ ယူ-၁၉ အသင်းသည် ယီမင်အသင်းနဲ့ ဂိုးမရှိသရေ ကျခဲ့သည့်အတွက်သရေ တစ်မှတ်သာယူနိုင်ခဲ့ပြီး ရယူထားသင့်တဲ့ အမှတ် (၂)မှတ် ဆုံးရှုံးခဲ့ရသည်။ လက်ရှိမှာ မြန်မာသည် အုပ်စုဒုတိယနေရာမှာရပ်တည်နေသည်။
မနက်ဖြန်မှာတော့ အိမ်နီးချင်း ဒါဘီပြိုင်ဘက်အသင်းဖြစ်တဲ့ ထိုင်းလူငယ်အသင်းနဲ့ ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရတော့မည်လည်းဖြစ်သည်။

မြန်မာအသင်း၏ လူငယ်သမိုင်းကြောင်းမှတ်တမ်းများအရ အာရှချန်ပီယံ (၇)ကြိမ်အထိ ရယူဖူးထားသည်။ အရှေ့ တောင်အာရှတွင်အအောင်မြင်ဆုံး နှင့်အာရှတွင် တောင်ကိုရီးယားပြီးနောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ မနေ့ကအဖွင့်ပွဲစဉ်မှာ မြန်မာလူငယ် အသင်းသည် ယီမင်အသင်းကိုမဖြစ်မနေ အနိုင်ကစားရမှာကို သိထားကြပြီး ပွဲအစဖြစ်တာကြောင့် ခြေစွမ်းမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိပဲ ထင်သလောက် ကစားကွက်တိုးမပေါက်ခဲ့ဘဲ သရေ ရလဒ်နဲ့သာကျေနပ်ခဲ့ရသည်။ ပထမပွဲစဉ်မှာတော့ ထိုင်းအသင်းက အာရှလူငယ် အဆင့် (၇)လောက်မှာရပ်တည်နေတဲ့အီရန်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ မနက်ဖြန် ယှဉ်ပြိုင်ရမည့် ထိုင်းအသင်းနဲ့ပွဲစဉ်အပေါ် နည်းပြကြီး ဇက်ဆီဇီ က" ကျွန်တော်တို့ ထိုင်းအသင်းရဲ့  ကစားပုံစတိုင်ကို ကောင်းကောင်းကြီးသိထားပါတယ်။ သူတို့ကို အနိုင်ရရှိရေးအတွက်လည်းကျွန်တော့်မှာ အိုင်ဒီယာကောင်းကောင်းရှိပါတယ်။သူတို့မနေ့က အီရန်အပေါ် စွမ်းဆောင်ရည်က အံ့အားသင့်ဖွယ်ဖြစ်ရပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က သူတို့ဆင်လာနိုင်တဲ့ နည်းဗျူဟာကိုကောင်းကောင်း သဘောပေါက်ထားကြပြီးပါပြီး။ ကျွန်တော်တို့မှာ လက်ရှိလိုနေတာက ကျန်းမာကြံ့ ခိုင်စွာနဲ့ ယှဉ်ပြိုင်နိုင်ရေးပဲ လိုအပ်နေတာပါ" ဟုပြောကြားထားသည်။

" ကျွန်တော်တို့ ယီမင်ဆီက ယူရမဲ့ အမှတ် နှစ်မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက်တွေ မဆုံးရှုံးသေးပါဘူး။ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။ ထိုင်းအသင်းဟာ တောင့်တင်းလှပါတယ်။ သူတို့က ပထမပွဲအနိုင်ကြောင့် အားအင်တွေတက်နေကြပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့အသင်းကလည်း သူတို့လိုပဲ တောင့်တင်းလှပြီး ပရိတ်သတ်အားလည်းရှိတာကြောင့် တပန်းသာပါတယ်" ဟု ဂတ်ဇီဆီက ထပ်မံပြောကြားထားသည်။

ပြီးခဲ့သည့် ပွဲစဉ်မှာတုန်းက မြန်မာအသင်း ကစားသမားများဖြစ်တဲ့ တိုက်စစ်မှုး အောင်သူ နဲ့ ကွင်းလယ် မျိုးကိုထွန်းတို့ ပွဲမတိုင်ခင်
ဒဏ်ရာအနည်းငယ် ရထားကြောင်းလည်းသိရသည်။ တိုက်စစ်မှုးအောင်သူ၏ ခြေကျင်းဝတ်ဒဏ်ရာပုံမှန်ကောင်းမွန်လာရေးအတွက်
ဆေးအကူအညီဖြင့်စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် နည်းပြကြီးကတော့ မြန်မာအသင်း ကျန်းမာကြံ့ ခိုင်စွာဖြင့် ကစားနိုင်ရေးကိုသာ
အဓိက မျှော်လင့်ချက်ထားရှိကြောင်းကို ယနေ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

ထိုင်းနည်းပြ Sasom Pobprasert ကတော့ မနက်ဖြန်တွေ့ဆုံရမည့် မြန်မာအသင်းနဲ့ ပွဲစဉ်အပေါ်"ကျွန်တော်ကတော့ ဖိအားတွေကြားထဲမှာ ကစားရတာကိုကြိုက်တယ်။ ဒီလိုယှဉ်ပြိုင်ရတာကို သဘောကျတယ် အိမ်ရှင်အသင်းနဲ့ကစားနေရတာကြောင့် ဆိုတဲ့ ဖိအားအပေါ်လည်း ခံစားချက်သိပ်မထားတက်ဘူး။
ကျွန်တော်တို့ကတော့ ပွဲစဉ်အပေါ်ပဲ အဓိကအာရုံထားကစားသွားမှာပါ" ဟု မြန်မာပရိတ်သတ်ဖိအားတွေကြား ကစားရမည့်အပေါ်
ထိုင်းနည်းပြက သူ၏ခံယူချက်ကိုပြောပြသွားသည်။

"ကျွန်တော့်အနေနဲ့ ကျွန်တော့်ကစားသမားတွေကို မြန်မာအသင်းအတွက် ဖျတ်လတ်တက်ကြွစွာဖြစ်နေစေရေး အလိုရှိနေပါတယ်။
တကယ့်လို သုံးလေးယောက်လောက် နာသွားပါစေအုံးတော့ အစားထိုးဖို့လည်း အရံသင့်လူစာရင်းရှိပါတယ်" ဟုထိုင်းနည်းပြကပြောကြားထားသည်။

အထက်ပါ ပြောပြချက်များအရတော့ ထိုင်းအသင်းသည် အီရန်အသင်းနဲ့ပွဲအပြီး ပွဲပန်းထားဟန်ရှိသည်။ မြန်မာအနေဖြင့် ထိုင်းအသင်းထက် စာရင် ကြံ့ ခိုင်မှုပိုင်းသာနေသည်။ သို့သော်လည်း အရမ်းကြီးဖိအား မ၀င်မိစေဖို့တော့လိုမည်ထင်သည်။အီရန်အသင်းသည် မနက်ဖြန် ညနေ (၃) နာရီခွဲတွင် ယီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်တစ်ဆင့်မျှော်လင့်ချက်အတွက်အနိုင်ကစားဖို့ လိုအပ်နေသည်။ မြန်မာ အသင်း နဲ့ ထိုင်းအသင်းကတော့ ညနေ ပုံမှန် ခြောက်နာရီတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မိမိအနေနဲ့ကတော့ ထိုင်းအသင်းသည် မြန်မာအသင်းနဲ့ပွဲစဉ်တွင် သရေ ရလဒ်လောက်ယူနိုင်ထားနိုင်ကို အကောင်းဆုံး
အနေအထားတွင် ရှိနေနိုင်မည်ဖြစ်၏။ ဒါ့ကြောင့် နောက်ဆုံးပွဲမှာ ရုန်းကန်နိုင်ရေးအတွက် အစီအစဉ်ချထားဟန်ရှိသည်။ မြန်မာကိုအကောင်းဆုံး ခံကစားပြီး AFF u-19 ပွဲစဉ်ကလိုဘဲ တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားဖွယ်ရှိနိုင်ပါတယ်။
မြန်မာအသင်းအနေဖြင့် ပထမပိုင်းနဲ့ ဒုတိယပိုင်းအစလောက်အချိန်ပိုင်းများမှာ ဂိုးသွင်းယူထားနိုင်ဖို့တော့ လိုမည်။
မလိုအပ်ပဲ ဂိုးပေးရတာမျိုးဖြစ်ခံရလျှင် ဖိအားပိုမိုဝင်သွားမည်ဟု ထင်မြင်မိသည်..။ မြန်မာအသင်း အောင်မြင်နိုင်ပါစေလို့ ဆုတောင်းရင်း မနက်ဖြန် MRTV ကပြမည့် ပွဲစဉ်အပေါ် ကြိုတင်ရင်ခုန်မိသည်။ 

Football Café

0 comments:

Post a Comment