Saturday, October 11, 2014

မြို့ပတ်ရထား ခရီးတစ်ဝက်လျှင် လက်မှတ်ခတစ်ဝက်သာ ပေးရတော့မည်


ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခ ကောက်ခံသောပုံစံ ကို ခရီးစဉ်တစ်ဝက်လျှင် လက် မှတ်ခ တစ်ဝက်သာ ပေးရမည့် စနစ်ဖြင့် နိုဝင်ဘာလဆန်းမှစ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယခင်က သတ်မှတ်ထား သော လက်မှတ်ခ ၁၀၀ ကျပ်သည် မည်သည့်ဘူတာတွင်ဆင်းဆင်း ခရီးသွားများ ပုံသေပေးချေရသည့် စနစ်မျိုးဖြစ်သည်။ ထို့ကြောင့် နို ၀င်ဘာ ၁ ရက်မှစ၍ ငါးဆယ်ကျပ် နှုန်းသာ ကောက်ခံသွားမည်ဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှတာဝန်ရှိသူက ပြောသည်။
‘‘ခရီးတစ်ခုကို တစ်ရာနဲ့ သတ်မှတ်လိုက်တဲ့အခါ ခရီးတစ် ပိုင်းပဲ သွားမယ့်သူတွေ နစ်နာပါ တယ်။ လိုင်းကားခတွေနဲ့ နှိုင်းယှဉ် ရင် သက်သာအောင် လုပ်ပေးတာ ပါ’’ ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန(အောက်မြန်မာပြည်မှ)အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်ကလည်း အဲကွန်းရထားများ နှင့် အထူးရထားများ၏ လက်မှတ် ဈေးနှုန်းများကို ၄၀၀ ကျပ်မှ ၃၀၀ ကျပ်၊ ၃၀၀ ကျပ်မှ ၂၀၀ ကျပ်သို့ လျှော့ချခဲ့သည်။
‘‘ခရီးသွားပြည်သူတွေ အ ဆင်ပြေအောင် လက်မှတ်ခတွေ လျှော့ချပေးနေတဲ့အပြင် ကျွန် တော်တို့အနေနဲ့ ရထားလမ်းပိုင်း ကြံ့ခိုင်မှုနဲ့ ခရီးသွားသူတွေ အချိန် မှန်မှန်ကန်ကန် ရောက်ရှိအောင် ကြိုးစား လုပ်ဆောင်ပေးနေပါ တယ်’’ ဟု ဦးထွန်းအောင်သင်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသော ရထားစင်းရေ ၂၃ စင်းရှိပြီး တစ်နေ့လျှင် ခေါက်ရေ ၂၁၅ ခေါက် ပြေးဆွဲပေးလျက်ရှိရာ တစ် နေ့လျှင် မြို့ပတ်ရထားစီးသူဦးရေ ရှစ်သောင်းကျော်ရှိကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်သည်။
‘‘ကောင်းတာပေါ့။ လမ်းတစ် ၀က်ထိပဲ စီးမယ့်သူတွေအတွက် ဈေးသက်သာသွားတာပေါ့။ ဈေး တစ်ဝက်လျော့သွားတဲ့အတွက် အရင်ကထက်စာရင် အပိုဝင်ငွေ ထွက်လာတာပေါ့’’ ဟု ရထားဖြင့် ရုံးတက်ရုံးဆင်းပြုလုပ်သူကိုဇော် က ပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာနသည် မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်ရန် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ၏ ချေးငွေ ဖြင့် လာမည့် ၂၀၁၅ တွင် အ ကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်သည်။
7day

0 comments:

Post a Comment