အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ ကြီးမားသော နိုင်ငံရေးအသွင်ကို
ပြောင်းလဲပါက လမ်းမပေါ်မှရန်ပွဲများသာ ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း
ပြည့်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက အောက်တိုဘာ၁၁ရက်နေ့
Summit Parkview Hotel တွင် ပြုလုပ်သော ပါရဂူဘွဲ့နှင်းသဘင်အခမ်းနား
ပြောကြားခဲ့သည်။
“ပညာရေးကပညာရေးပဲလေ။ပညာရေးကိုနိုင်ငံရေးလုပ်လို့မှမရတာ။ လက်ဝှေ့
ရန်ပွဲဖြစ်သွားမှာပေါ့ ”ဟု ဦးနန္ဒာကျော်စွာက ပြောကြားခဲ့သည်။
အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စု
လွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတ ပြင်ဆင်ချက်၂၅ချက်
ပါဝင်ခဲ့သည်။
ပြင်ဆင်ချက်တွင် သမ္မတနှင့် လွှတ်တော်မှ သဘောထားကွဲလွဲမှုမှာ အမျိုးသား
ပညာရေးကော်မရှင်ဖွဲ့ စည်းမှုဖြစ်ပြီး ထပ်မံအတည်ပြုချက်အရ
လွှတ်တော်မှအတည်ပြု ဖွဲ့စည်းရမည်ဟု ပြဌာန်းပါရှိခဲ့သည်။
အောက်တိုဘာ၃ရက်နေ့တွင် စတင်အတည်ပြုထွက်ပေါ်ခဲ့သော အမျိုးသား
ပညာရေးဥပဒေအား တက္ကသိုလ်ကျောင်းသား သမဂ္ဂများနှင့်
ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်အပါအ၀ င်
ဆရာဆရာမများအဖွဲ့ချုပ်မှလည်းကန့် ကွက်မှု၊ ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး
ဥပဒေပါ အခန်း၎နှင့် တိုင်းရင်းသားဘာသာစကား ဗဟိုပြုသင်ကြားရေး၊
ဗဟိုချုပ်ကိုင်မှု၊ ဘတ်ချက်၊ မသန်စွမ်းသူများ အတွက် အထူးပညာရေး
စသည်တို့ကိုဖြည့်စွက်ပြု ပြင်ပယ်ဖျက်လိုခြင်းများ ရှိခဲ့ကြောင်း
ရှင်းလင်းပွဲများအရ သိရသည်။
“နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၂
ရက်နဲ့ ၁၃ရက် နေ့တို့မှာ ကျွန်တော်တို့ ကျင်းပဖို့ရှိပါတယ်။ နေရာ(၃)နေရာမှာ
သေချာတော့ မစီစဉ်ရသေးပါဘူး။ အဓိကအမျိုးသားပညာရေး ဥပဒေနဲ့
ပတ်သတ်ပြီး ဆွေးနွေးကြမှာပါ။ ဒီဥပဒေဟာ ပထမအကြိမ် စတင်တုန်းကလည်း
ကျောင်းသားတွေ စာမေးပွဲဖြေနေချိန်ဖြစ်နေတယ်။ အခုအတည်ပြုတော့လည်း
ကျောင်းသားတွေ နယ်ပြန်ချိန်ဖြစ်နေတယ်။ဒါကြောင့်  ဒီဥပဒေကို သေချာ
ကျောင်းသားထုက ဆွေးနွေးပြီးဆုံးဖြတ်ချက်ချမဲ့ အစည်းအဝေးတစ်ခုပါ”ဟု
ကျောင်းသားထု အစည်းအဝေးဖိတ်ကြားရေး ကော်မတီမှ ကိုရဲဇာနည်ထွန်းက
ပြောသည်။
မင်းသီဟန်
Credit to မြန်မာ့ခေတ်
0 comments:
Post a Comment