Monday, May 4, 2015

ရေကူးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်


ရေကူးခြင်းက လေ့ကျင့်ခန်းကောင်း တစ်ခုဖြစ်ပါတယ်။ နောက် အလေးချိန်ကျဆင်းစေပြီး ကိုယ်လုံးကိုယ်ပေါက် ထိန်းသိမ်းပေးတဲ့အပြင် အခြား အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ရေကူးခြင်းက နှလုံးသွေးကြော ပိုမို ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်ရှိ ကြွက်သား အားလုံးနည်းပါးနဲ့ သက်ဆိုင်မှုရှိပြီး သွေးလည်ပတ်မှု တိုးတက်ကောင်းမွန်စေပါတယ်။ ကိုလက်စ်ထရော သို့မဟုတ် သွေးကြောထဲရှိ အခြားအဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ ကြွက်သားမျှင်တွေနဲ့ အရွတ်တွေကို ဆန့်ထုတ်ပေးပြီး စိတ်ဖိစီးမှုတွေ ပျောက်ကင်းစေတဲ့အပြင် ခန္ဓာကိုယ် အနေအထားကိုလည်း ဟန်ချက်ညီစေပါတယ်။

Ref: TOI
Victor 
Trend Myanmar

0 comments:

Post a Comment