ဂျပန်နိုင်ငံ တိုကျိုမြို့မှ ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် လုပ်ငန်းခွင်သို့ သွားရောက် လိုခြင်းမရှိ သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးဖြင့်တုပ်နှောင်ထားကြောင်း ဂျပန်သတင်းမီဒီယာတို့က ရေး သားဖော်ပြချက်အရ သိရသည်။
အသက်၂ဝအရွယ် အမျိုး သမီးတစ်ဦးသည်
သူ၏လက်နှင့်ခြေထောက်တို့ကို ကြိုးများ၊ ခါး ပတ်များဖြင့် ချည်နှောင်ထားသည်
ကို တိုကျိုမြို့အနောက်ဘက်ရှိ သူနေထိုင်ရာတိုက်ခန်းအတွင်း၌ တွေ့ရှိရကြောင်း
Sankei Shim- bun သတင်းစာကဖော်ပြခဲ့သည်။
ကြိုးဖြင့်တုပ်နှောင်ကာ သတိလစ်နေသောသူကို တိုက် ခန်းပိုင်ရှင်က တွေ့ရှိခဲ့၍ ရဲတပ် ဖွဲ့ထံ အကြောင်း ကြားခဲ့ခြင်းဖြစ် သည်။
အစပထမတွင် အမျိုးသမီး ၏အဖြစ်ကို ထိတ်လန့်ဖွယ်ရာ အိမ်ဓားပြတိုက်ခံရမှုအဖြစ်
တွေး ၍ စိုးထိတ်နေခဲ့သော်လည်း တိုက် ခန်းအဆောက်အအုံတွင် စုံစမ်း
စစ်ဆေးမှုပြုရာတွင် ဓားပြတိုက် သည့်အရိပ်အယောင် အစအန ကို
မတွေ့ရှိခဲ့ရသည့်အတွက် စုံထောက်တို့ကို သံသယဝင်လာ စေခဲ့သည်။ နောက်ဆုံး
အမျိုး သမီးကို အစ်အောက်စစ်မေးရာ မှ အလုပ်မသွားချင်၍ ကိုယ့်ကိုယ် ကိုယ်
ကြိုးဖြင့်ချုပ်နှောင်ထား ခြင်းဖြစ်ကြောင်း အဖြစ်မှန်ပေါ်
ပေါက်လာခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment