Friday, August 30, 2013

ဗြိတိန်အနေဖြင့် ဆီးရီးယား အရေးတွင်ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ စောင့်ဆိုင်းသင့်ကြောင်း ရုရှား ပြောကြား

Photo: ဗြိတိန်အနေဖြင့် ဆီးရီးယား အရေးတွင်ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ စောင့်ဆိုင်းသင့်ကြောင်း ရုရှား ပြောကြား
Friday, August 30, 2013

ဆီးရီးယားအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အဖြေကို စိတ်ရှည်
သည်းခံကာ စောင့်ဆိုင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရ၏ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့သော တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှုတွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယား ပြည်သူများကို ကာကွယ်ပေးနိုင်မည့် လိုအပ်သော အစီအမံများပါဝင်သည့် အဆိုပြု မူကြမ်းအား ကုလသမဂ္ဂသို့ တင်သွင်းခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော် လဗ်ရော့ဗ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြုမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က
 ပြုလုပ်လျက်ရှိသော လေ့လာစုံစမ်းမှုများမှ တိကျသေချာသော အဖြေတစ်ခုရရှိသည် အထိ စောင့်ဆိုင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း
 ပြောကြားခဲ့သည်။

 နှစ်နှစ်ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ဆီးရီးယား ပြည်တွင်းစစ်တွင် 
လွန်ခဲ့သော သီတင်းပတ်က ဒမတ်စကပ်မြို့အနီး ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယား ပြည်သူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး အဆိုပါတိုက် ခိုက်မှုသည် ဆီးရီးယားအစိုးရက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အတိုက်အခံ တပ်ဖွဲ့များက စွပ်စွဲပြောကြားခဲ့မှု အပေါ်အနောက်အင်အားကြီး
 နိုင်ငံများက ဆီးရီးယား အစိုးရကို ကြားဝင် တိုက်ခိုက်ရန်အတွက် စိုင်းပြင်း
လျက်ရှိနေသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များ
ကသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆီးရီးယားအစိုးရကတုံ့ပြန်ပြောဆိုခဲ့ပြီး 
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်သေပြရန် အတွက် ကုလသမဂ္ဂ ဓာတုလက်နက် ကျွမ်းကျင် စုံစမ်းစစ် ဆေးရေးအဖွဲ့ကို အစိုးရက ရှာဖွေစုံစမ်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မြ၀တီ

ဆီးရီးယားအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အဖြေကို စိတ်ရှည်သည်းခံကာ စောင့်ဆိုင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရ၏ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့သော တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှုတွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယား ပြည်သူများကို ကာကွယ်ပေးနိုင်မည့် လိုအပ်သော အစီအမံများပါဝင်သည့် အဆိုပြု မူကြမ်းအား ကုလသမဂ္ဂသို့ တင်သွင်းခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော် လဗ်ရော့ဗ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြုမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က
ပြုလုပ်လျက်ရှိသော လေ့လာစုံစမ်းမှုများမှ တိကျသေချာသော အဖြေတစ်ခုရရှိသည် အထိ စောင့်ဆိုင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

နှစ်နှစ်ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ဆီးရီးယား ပြည်တွင်းစစ်တွင်
လွန်ခဲ့သော သီတင်းပတ်က ဒမတ်စကပ်မြို့အနီး ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယား ပြည်သူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး အဆိုပါတိုက် ခိုက်မှုသည် ဆီးရီးယားအစိုးရက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အတိုက်အခံ တပ်ဖွဲ့များက စွပ်စွဲပြောကြားခဲ့မှု အပေါ်အနောက်အင်အားကြီး
နိုင်ငံများက ဆီးရီးယား အစိုးရကို ကြားဝင် တိုက်ခိုက်ရန်အတွက် စိုင်းပြင်း
လျက်ရှိနေသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များ
ကသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆီးရီးယားအစိုးရကတုံ့ပြန်ပြောဆိုခဲ့ပြီး
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်သေပြရန် အတွက် ကုလသမဂ္ဂ ဓာတုလက်နက် ကျွမ်းကျင် စုံစမ်းစစ် ဆေးရေးအဖွဲ့ကို အစိုးရက ရှာဖွေစုံစမ်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment