Friday, August 30, 2013

သွားလာခက်ခဲဒေသများကို ပျံသန်းရန် အမေရိကန်ထုတ် လေယာဉ်ငယ်များဝယ်ယူမည်


မြန်မာ့ လေကြောင်းမှ အမေရိကန်နိုင်ငံ Cessna Grand Caravan အပေါ့ စားလေယာဉ်အသစ် နှစ်စင်းဖြင့် လမ်းပန်းဆက်သွယ်ရေး သွားလာ ရန်ခက်ခဲသည့် ဒေသများသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်း နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိ ရသည်။


အဆိုပါလေယာဉ်အသစ် နှစ်စင်းသည် ခရီးသည်၁၂ဦးစီး နင်းနိုင်ပြီး ယင်းလေယာဉ်များကို ဝယ်ယူနိုင်ရန်အတွက် လာမည့် စက်တင်ဘာလတွင် လေယာဉ် မောင်းများကို သင်တန်းပေးရန် စေလွှတ်မည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့လေကြောင်းမှတာ ဝန်ရှိသူတစ်ဦးက''အဲဒီအမျိုးအစား လေယာဉ် အသစ်နှစ်စင်းကိုဝယ် ဖို့စီစဉ်နေပါတယ်။ ဘယ်တော့ ဝယ်မယ်ဆိုတာကိုတော့ အတိအ ကျမပြောနိုင်သေးပါဘူး။ ရှေ့လ မှာတော့ အဲဒီလေယာဉ်အတွက် လေယာဉ်မောင်းတွေကို စေလွှတ် သွားဖို့ရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့လေ ကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်မြို့၂၆မြို့သို့ လေယာဉ် ခရီးစဉ်များကို ပျံသန်းပေးလျက် ရှိကြောင်းသိရသည်။

ယင်းက ''အဲဒီလေယာဉ်တွေ နဲ့ လေယာဉ်ကွင်းတွေရှိပြီးသွား လာဖို့ခက်ခဲတဲ့ ကွင်းတိုတွေမှာ ပျံသန်းပေးသွားမှာပါ''ဟု ထပ် မံပြောကြားသည်။

မြန်မာ့လေကြောင်းလိုင်း သည်လက်ရှိတွင် Embraer -190 နှစ်စင်း၊ F-28 တစ်စင်း၊ ATR -72 နှစ်စင်း၊ ATR-42 တစ်စင်း၊ MA-60 သုံးစင်းနှင့် Beech 1900 D နှစ်စင်းတို့ဖြင့်ခရီး စဉ်များကိုပျံသန်းပေးလျက်ရှိ ကြောင်း သိရသည်။
Myanmar Elorado Paradise Travel ခရီးသွားကုမ္ပဏီမှ ဒေါ်ဇင်မာက '' နိုင်ငံခြားခရီးသွား ဧည့်သည်အတွက် အဆင်ပြေသွား မယ်။ ခရီးသွားလုပ်ငန်း ပိုဖွံ့ဖြိုး လာမယ်။ အခုလမ်းပန်းဆက် သွယ်ရေးသိပ်မကောင်းတဲ့အခါ ကျတော့ အခက်အခဲဖြစ်တယ်။ အခုလိုမျိုးသွားဖို့ခက်ခဲတဲ့နေရာ တွေမှာရှိတဲ့ လေယာဉ်ကွင်းတိုတွေ အတွက်သီးသန့်လေကြောင်းလိုင်း တွေပျံသန်းပေးမယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်းအတွက် အဆင် ပြေတယ်''ဟု သုံးသပ်ပြောသည်။

မြန်မာ့လေကြောင်းလိုင်းမှ အဆိုပါ အပေါ့စားလေယာဉ်များ ကို ပုံမှန်ခရီးစဉ်များအပြင် စင်းလုံး ငှားခရီးစဉ်များပါ ပျံသန်းပေးသွား မည်ဖြစ်ပြီး ခရီးသည်များ၏ လို အပ်ချက်အလိုက် ပျံသန်းသွား မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment