Friday, August 30, 2013

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

Friday, 30 August 2013

ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက်ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသား နှစ်ဦးအနက် တစ်ဦးဖြစ်သူ Mwendwa ဆိုသူက ၎င်းသည် အဆိုပါ အမျိုး သမီးကို အလွန် ချစ်မြတ်နိုးကြောင်း ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ကင်ညာ နိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ယောက်ျား တစ်ဦးမက ယူခွင့်ရှိပြီး လင်ပြိုင်ယူခွင့် ရှိသော ဓလေ့ရှိကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ဓလေ့ကို လက်တွေ့ လုပ်ဆောင်ခဲ့သူ တစ်စုံ တစ်ဦးမျှ မရှိကြောင်း၊ ၎င်းတို့၏ လက်ထပ်ခြင်းသည် ကင်ညာ ပြည်သူများကို အံ့အားသင့်စေ ခဲ့ပြီး နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ ဥပဒေနှင့် လုံးဝ မကိုက်ညီကြောင်း ဝေဖန်ချက်များ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ အမျိုးသား နှစ်ဦးသည် ပထမ ပိုင်းတွင် အဆိုပါ အမျိုးသမီးနှင့် စပ်လျဉ်း၍ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ မူဝါဒ ချမှတ်ရေး ဆိုင်ရာ အဖွဲ့မှ အရာရှိ တစ်ဦးက ၎င်းတို့ နှစ်ဦးအား ၀င်ရောက် ဖျန်ဖြေပြီးနောက် ၎င်းတို့အကြား ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိဘများ ကလည်း မိမိတို့၏ လက်ထပ် မင်္ဂလာကို ချီးမွမ်းခဲ့ကြောင်း Mwendwa က ပြောကြားခဲ့သည်။ ထို့နောက် Mwendwa က ၎င်းအမျိုးသမီးအား တဏှာစိတ်နှင့် လက်ထပ်ခြင်း မဟုတ်ဘဲ အချစ် တစ်ခုတည်းဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ 

အဆိုပါ အမျိုးသမီးသည် နာမည် ဖော်ပြခြင်း မရှိသော်လည်း ကလေး နှစ်ဦး၏ မိခင်  မုဆိုးမ တစ်ဦးဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/23977-2013-08-30-13-09-18

မြ၀တီ

0 comments:

Post a Comment