Thursday, August 29, 2013

စကာင်္ပူတွင် ဘီလျံနာအရေအတွက် ၂၁ ဦးအထိ စံချိန်တင်မြင့်တက်လာ

စင်္ကာပူ နိုင်ငံတွင် ဘီလျံနာ သူဌေးအရေအတွက်သည် စံချိန်သစ်အဖြစ် (၂၁)ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သော (၁၆)နှစ်တာ ကာလအတွင်း စင်္ကာပူတွင် ချမ်းသာကြွယ်ဝသူ အရေအတွက် လျင်မြန်စွာ တိုးပွားလာပြီး ယခုအခါ အမေရိကန်ဒေါ်လာ (၁)ဘီလျံအထက် ပိုင်ဆိုင်သည့် သူဌေးပေါင်း (၂၁)ဦးထိ ရှိလာကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
Photo: စကာင်္ပူတွင် ဘီလျံနာအရေအတွက် ၂၁ ဦးအထိ စံချိန်တင်မြင့်တက်လာ
Friday, 30, August, 2013

စင်္ကာပူ နိုင်ငံတွင် ဘီလျံနာ သူဌေးအရေအတွက်သည် စံချိန်သစ်အဖြစ် (၂၁)ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သော (၁၆)နှစ်တာ ကာလအတွင်း စင်္ကာပူတွင် ချမ်းသာကြွယ်ဝသူ အရေအတွက် လျင်မြန်စွာ တိုးပွားလာပြီး ယခုအခါ အမေရိကန်ဒေါ်လာ (၁)ဘီလျံအထက် ပိုင်ဆိုင်
သည့် သူဌေးပေါင်း (၂၁)ဦးထိ ရှိလာကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြ
ခဲ့သည်။ 

Far Eastစီးပွားရေး လုပ်ငန်းစုကို တည်ထောင်ခဲ့သည့် ငေါင်တန်ဖွန်၏ သားနှစ်ဦးဖြစ်သည့် ရောဘတ်ငေါင်နှင့် ဖိလစ်ငေါင်တို့သည် နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များအဖြစ် ဆက်လက် ဦးဆောင်နေဆဲဟုလည်း နာမည်ကျော် စစ်တမ်းမဂ္ဂဇင်းကြီးက ထောက်ခံ မှတ်ချက်ပြုခဲ့သည်။

ယင်းတို့နှစ်ဦး၏ စုစုပေါင်း ကြွယ်ဝမှု ပမာဏသည် ဒေါ်လာ (၁၀.၆)ဘီလျံမျှ ရှိနိုင်ကြောင်း သိရသည်။ ယမန်နှစ်က ၎င်းတို့ နှစ်ဦး၏ ကြွယ်ဝမှုကို ဒေါ်လာ (၉.၂)ဘီလျံဟု Forbesက ခန့်မှန်းခဲ့သည်။ အသားတင် ကြွယ်ဝမှု အသိသာဆုံး မြင့်တက်လာသူမှာ မြို့တော်ဖွံ့ဖြိုးရေး ဥက္ကဋ္ဌဖြစ်သူ ကွက်ခ်လန်ဘန်းဖြစ်ပြီး ၎င်းသည် တစ်နှစ်အတွင်း အဆင့်(၆)မှ အဆင့်(၂) နေရာသို့ ခုန်တက်လာခဲ့သည်။ ကွက်ခ်သည် ဒေါ်လာ (၇.၁)ဘီလျံ ချမ်းသာကြွယ်ဝနေပြီး ရောဘတ်နှင့် ဖိလစ်တို့ ညီအစ်ကိုတို့ နှစ်ဦးနောက် ဒုတိယနေရာ ရောက်လာသည်။ ယမန်နှစ်က ၎င်း၏ ကြွယ်ဝမှု ပမာဏသည် ဒေါ်လာ (၂.၄)ဘီလျံသာ ရှိခဲ့သည်။

ခူမိသားစုမှာမူ ယမန်နှစ်က ချမ်းသာကြွယ်ဝမှု ပမာဏအတိုင်း ဒေါ်လာ (၆.၇)ဘီလျံဝန်းကျင် ပိုင်ဆိုင်ထားဆဲဖြစ်ပြီး တတိယနေရာတွင် ရှိနေသည်။ Forbes၏ စင်္ကာပူ ဘီလျံနာ စာရင်းတွင် ပြည်တွင်း စီးပွားရေး စွန့်ဦးတီထွင်သူများလည်း ပါဝင်လာရာ Nippon Paint၏ ဒေသဆိုင်ရာ လက်တွဲဖော်အဖြစ် အောင်မြင်ခဲ့သူ ဂိုချန်လီယန်သည် ဒေါ်လာ (၂.၁)ဘီလျံဖြင့် နဝမနေရာ ချိတ်နိုင်ခဲ့သည်။ Forbes၏ စာရင်းအရ စင်္ကာပူ၏ အချမ်းသာ အကြွယ်ဝဆုံးသူ (၅၀)၏ စုစုပေါင်း ပိုင်ဆိုင်မှု ပမာဏသည် ဒေါ်လာ ဘီလျံ(၈၀)မျှထိ ရှိနေကြောင်းလည်း သိရသည်။ ယခုစစ်တမ်းတွင် လူတစ်ဦးချင်းအပြင် မိသားစုလိုက်၊ လုပ်ငန်းအလိုက် ချမ်းသာကြွယ်ဝမှုများကိုပါ ထည့်သွင်း တွက်ချက်ထားသည်။

Planet Myanmar Network

0 comments:

Post a Comment