Friday, August 30, 2013

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားမှုများရှိနေ


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာသော အခြေအနေများကြောင့် ပြည်ပခရီးသည်ဝင်ရောက်မှုမှာ လည်း တစ်နှစ်နှင့်တစ်နှစ် တိုးတက် များပြာလာနေသဖြင့် ပြည်တွင်းရှိ ဟိုတယ်လုပ်ငန်းများလည်းဖွံ့ ဖြိုးတိုး တက်လာခဲ့သည်။

ပြည်တွင်းရှိ ဟို တယ်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက် လာသည်ဟု ဆိုသော်လည်း နိုင်ငံ ခြားခရီးသည်ဝင်ရောက်မှုမှာ သိသိ သာသာ တိုးတက်များပြားနေသဖြင့် ဟိုတယ်အခန်း မလုံလောက်မှုအခြေ အနေများ ဖြစ်ပေါ်လာနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဟိုတယ် လုပ်ငန်း ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ် ကိုင်ရန် အခွင့်အလမ်းကောင်းများ မှာရှိနေသဖြင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ် ၀င်စားနေကြသကဲ့သို့ အချို့သော ပြည်ပနိုင်ငံများမှလည်း လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြပြီဖြစ် သည်။ 

ယခုအခါ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် စီးပွား ရေးလုပ်ငန်းရှင်များမှလည်း မြန်မာ နိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ရင်း နှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားနေ ကြပြီးလာရောက်လုပ်ကိုင်ရန် စီစဉ် နေကြောင်းသိရသည်။ အမေရိကန် နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စား နေသော နေရာဒေသများမှာရန်ကုန်၊ ပြင်ဦးလွင်နှင့် ပုဂံ စသည့် နေရာဒေ သများဖြစ်သည်။ အမေရိကန်လုပ် ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာတွင် တစ်ဦးတည်းပိုင် (သို့) အကျိုးတူ ဖက်စပ်ရင်းနှီးမြှုပ်နှံ ကြမည်ဖြစ်သည်။ 

လက်ရှိ ရန်ကုန် မြို့တွင် ဟိုတယ်အလုံး ၂၁၀-အခန်း ၉၁၆၃ခန်း၊ မန္တလေးမြို့တွင် ဟိုတယ် ၈၃လုံး-အခန်း၃၅၂၂ခန်း၊နေပြည် တော်ဒေသတွင် ဟိုတယ်အလုံး၄၀ အခန်း၂၅၃၇ခန်း၊ ပုဂံ ညောင်ဦးမြို့ တွင် ဟိုတယ် ၇၆လုံး အခန်း ၂၃၃၁ခန်း၊ တောင်ကြီးအင်းလေး ဒေသတွင် ဟိုတယ်၆၁လုံးအခန်း ၁၇၁၈ ခန်းအ ထိ ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ် သည်။ 

ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံခြား ဟိုတယ်၄၇ခုရှိပြီး အမေရိ ကန်ဒေါ်လာ ၁၅၈၅ဒဿမ ၈၁၁သန်း ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ ဒဿမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


ဇာညီသစ္စာ

ပို့ဆောင်ရေးသတင်းဂျာနယ်

0 comments:

Post a Comment