Friday, August 30, 2013

စားကျက်မြေတစ်ဖြစ်လဲ စိုက်ပျိုးမြေများ ပိုင်ဆိုင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပေးမည်မဟုတ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲ သတ်မှတ်ပေးသည့် စားကျက်မြေများကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်သော်လည်း ပိုင်ဆိုင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကိုမူ ချထားပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ပြောကြားသည်။

ယခင်ကဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမြေဧက တစ်သိန်းကျော် ဖော်ထုတ်ရေး စီမံကိန်းတွင် အကြောင်းအမျိုးမျိုးဖြင့် စားကျက်မြေများ ပါဝင်ခဲ့ရာ လယ်ယာလုပ်ငန်းသုံးကျွဲ၊ နွားနှင့် အိမ်မွေး တိရစ္ဆာန်များ ထိန်းကျောင်းရန်အတွက် စားကျက်မြေများ ပြန်လည် ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ တောင်းဆိုရာတွင် လစ်လပ်နေသည့် စားကျက်မြေများကိုမူ အသစ်ပြန်လည် ဖော်ထုတ်ပေးမည် မဟုတ်ဘဲ ယခင်အစိုးရလက်ထက် မတိုင်မီ ထားရှိသည့် စားကျက်မြေများကိုမူ စိုက်ပျိုးမြေအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ကြောင်း ဦးစန်းမောင်က ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ကန်ကြီးထောင့်၊ ကျုံပျော်၊ ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်၊ ပုသိမ်စသည့် မြို့နယ်တို့တွင် စီမံကိန်းအမျိုးမျိုးကြောင့် စားကျက်မြေများ ပျောက်ကွယ်ခဲ့ရကြောင်း ပုသိမ်မြို့ လယ်သမားအရေး လိုက်ပါဆောင်ရွက်ပေးသူ ဦးထွန်းရွှေက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment