Friday, August 30, 2013

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်တွင် သုံးကြိမ်မြောက် ကျင်းပမည်

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် ရည်ရွယ်သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ သုံးကြိမ် မြောက်ကျင်းပမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို လွှတ်တော် သဘင်ဆောင်တွင် ကျင်းပမည်ဖြစ်ပြီး အခမ်းအနား ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ရန် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ခြောက်ခုတို့ သြဂုတ်လ ၂၉ ရက်နေ့တွင် အကြိုညှိနှိုင်း ဆောင်ရွက်နေကြောင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်သိန်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဒီမိုကရေစီနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။

“ထူးထူးခြားခြားလုပ်ဖို့တော့ အစီအစဉ် မရှိပါဘူး” ဟု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်မှ စတင်၍ လွှတ်တော်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီအသီးသီး ပါဝင်တက်ရောက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment