Thursday, August 29, 2013

ခရမ်းတွင် ရေကြီးရေလျှံမှုများ ယခင်နှစ်ထက်လျှော့နည်းလာ

Photo: ခရမ်းတွင် ရေကြီးရေလျှံမှုများ ယခင်နှစ်ထက်လျှော့နည်းလာ
Friday, 30, August, 2013

မိုးအဆက် မပြတ်ရွာသွန်းပြီး မိုးရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း 
ယခင်နှစ် များကထက် ရေကြီးရေလျှံမှုများ လျော့နည်းလာကြောင်း 
ခရမ်းမြို့ နယ်မှ ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ခရမ်းမြို့နယ်၊ ကွမ်းမိုးဒိန်း ကျေးရွာမှ တောင်သူဦးအေးမြင့် က ''အခုရက်ပိုင်းမိုးများတာ တောင် ရေသိပ်မကြီးတော့ဘူး။ အရင်နှစ်
 တွေကရေကြီးလို့ ရေဘေးကယ် ဆယ်ရေးစခန်းတောင်ဖွင့်ရတာ တွေရှိ
ခဲ့တယ်။ စပါးခင်းတွေရေ ကြီးတာတွေလဲ လျော့လာတယ်''ဟုရန်ကုန်တိုင်း
မ်နေ့စဉ်သတင်း စာသို့ပြောကြားခဲ့သည်။

ခရမ်းမြို့နယ်တွင် မိုးစပါး စိုက်ဧကတစ်သိန်းတစ်သောင်း ကျော်ရှိပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ရာသီသီးနှံစိုက်ပျိုးခြင်း လုပ်ငန်းအပြင် ငါးမွေးမြူးရေး လုပ်ငန်းများကိုအဓိကထားလုပ် ကိုင်ကြောင်း ဒေသခံ
များ၏ ပြော ကြားချက်အရသိရသည်။

ခရမ်းမြို့နယ်ရှိ ညောင်ပင် ကွင်း၊ ကျုံမရေး၊ ဝန်လေးဝ၊ ကွမ်း မိုးဒိန်း၊ ကရင်စုကျေးရွာများနှင့် ချောင်းကမ်းနားပေါ်တွင် နေထိုင် ကြသည့် ခရမ်းမြို့ပေါ်ရပ်ကွက် များဖြစ်သည့် အမှတ် ၉၊ ၁၂၊ ၁ နှင့် ၁ဝရပ်ကွက်
များတွင် ယခင် နှစ်က မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် တိမ်ကောနေ
သည့် ခရမ်း ချောင်းရေထောက်သဖြင့် နေအိမ် များရေဝင်ရောက်ခြင်း၊ စပါးခင်း များ ရေကြီးနှစ်မြုပ်ခြင်း၊ ငါးကန် များသို့ ရေဝင်ရောက်ကာ ဆုံးရှုံးမှု များကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ခရမ်းမြို့ က လွတ်တော်
ကိုယ်စားလှယ်က ဒေသခံတွေရဲ့ လိုအပ်ချက်အရ အကူအညီတောင်းလို့ ခရမ်းမြို့ နယ်က ချောင်းကော၊ မြောင်းကော တွေတူးဖော်မှုကို ဒီနှစ်ပွင့်လင်း ရာသီမှာ လုပ်ဆောင်ပေးနိုင်ခဲ့ပါ တယ်''ဟု ပြောကြားသည်။

(၂၀၁၂-၂၀၁၃)ဘဏ္ဍာရေး နှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ ဆည် မြောင်းဦးစီးဌာနက ခရမ်းချောင်း မကြီးနှင့် ခရမ်းမြို့ပေါ်ရှိ ချောင်း ကောမြောင်းကောများကို တူး ဖော်ပေးခြင်းကို ၂၀၁၂မှစတင် ကာ ၂၀၁၃ မိုးရာသီရောက်သည်အထိ တူးဖော်ပေးခဲ့
သည်ဟု သိရသည်။

Yangon Media Group

မိုးအဆက် မပြတ်ရွာသွန်းပြီး မိုးရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်းယခင်နှစ် များကထက် ရေကြီးရေလျှံမှုများ လျော့နည်းလာကြောင်းခရမ်းမြို့ နယ်မှ ဒေသခံများ၏ပြောကြားချက်အရ သိရသည်။


ခရမ်းမြို့နယ်၊ ကွမ်းမိုးဒိန်း ကျေးရွာမှ တောင်သူဦးအေးမြင့် က ''အခုရက်ပိုင်းမိုးများတာ တောင် ရေသိပ်မကြီးတော့ဘူး။ အရင်နှစ်တွေကရေကြီးလို့ ရေဘေးကယ် ဆယ်ရေးစခန်းတောင်ဖွင့်ရတာ တွေရှိ
ခဲ့တယ်။ စပါးခင်းတွေရေ ကြီးတာတွေလဲ လျော့လာတယ်''ဟုရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောကြား ခဲ့သည်။

ခရမ်းမြို့နယ်တွင် မိုးစပါး စိုက်ဧကတစ်သိန်းတစ်သောင်း ကျော်ရှိပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ရာသီသီးနှံစိုက်ပျိုးခြင်း လုပ်ငန်းအပြင် ငါးမွေးမြူးရေး လုပ်ငန်းများကိုအဓိကထားလုပ် ကိုင်ကြောင်း ဒေသခံ
များ၏ ပြော ကြားချက်အရသိရသည်။

ခရမ်းမြို့နယ်ရှိ ညောင်ပင် ကွင်း၊ ကျုံမရေး၊ ဝန်လေးဝ၊ ကွမ်း မိုးဒိန်း၊ ကရင်စုကျေးရွာများနှင့် ချောင်းကမ်း နားပေါ်တွင် နေထိုင် ကြသည့် ခရမ်းမြို့ပေါ်ရပ်ကွက် များဖြစ်သည့် အမှတ် ၉၊ ၁၂၊ ၁ နှင့် ၁ဝရပ်ကွက် များတွင် ယခင် နှစ်က မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် တိမ်ကောနေသည့် ခရမ်း ချောင်းရေထောက် သဖြင့် နေအိမ် များရေဝင်ရောက်ခြင်း၊ စပါးခင်း များ ရေကြီးနှစ်မြုပ်ခြင်း၊ ငါးကန် များသို့ ရေဝင်ရောက်ကာ ဆုံးရှုံးမှု များကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ခရမ်းမြို့ က လွတ်တော်ကိုယ်စားလှယ်က ဒေသခံတွေရဲ့ လိုအပ်ချက်အရ အကူအညီတောင်းလို့ ခရမ်းမြို့ နယ်က ချောင်းကော၊ မြောင်းကော တွေတူးဖော်မှုကို ဒီနှစ်ပွင့်လင်း ရာသီမှာ လုပ်ဆောင်ပေးနိုင်ခဲ့ပါ တယ်''ဟု ပြောကြားသည်။

(၂၀၁၂-၂၀၁၃)ဘဏ္ဍာရေး နှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည် မြောင်းဦးစီး ဌာနက ခရမ်းချောင်း မကြီးနှင့် ခရမ်းမြို့ပေါ်ရှိ ချောင်း ကောမြောင်းကောများကို တူး ဖော်ပေးခြင်းကို ၂၀၁၂မှစတင် ကာ ၂၀၁၃ မိုးရာသီရောက်သည်အထိ တူးဖော်ပေးခဲ့သည်ဟု သိရသည်။

Yangon Media Group

0 comments:

Post a Comment