အမေရိကန် ရေတပ်၏ ဖျက်သင်္ဘောတစ်စင်းသည် မြေထဲပင်လယ် ဒေသသို့ ဦးတည်ခုတ်မောင်း ရွေ့လျားနေပြီး အဆိုပါ ဒေသရှိ တိုက်သင်္ဘော အုပ်စုနှင့် သွားရောက် ပူးပေါင်းမည်ဟု သိရှိရသည်။ အဆိုပါ သင်္ဘောပါမထဲပင်လယ်ထဲ ရောက်ရှိလာပါက ဆီးရီးယားအနီးတွင် အမေရိကန်ရတပ် စစ်သင်္ဘော (၅)စင်းထိ ဖြန့်ကျက်ထားပြီး ဖြစ်လာသလို ဆီးရီးယားကို တိုက်ခိုက်ရန် အခြေအနေသည် ပိုမိုနီးစပ်လာနိုင်ကြောင်း သတင်းများက
ဆိုသည်။
ဆီးရီးယား၏ မဟာမိတ် ရုရှားနိုင်ငံကလည်း ခရုစ်ဒုံးကျည်တင်
တိုက်သင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောဖျက် သင်္ဘောတစ်စင်းတို့ကိုမြေထဲပင်လယ်သို့ ပို့ဆောင်မည်ဟု ကြေညာထားသည်။ ထို့ကြောင့် ဆီးရီးယားအနီး
ရေပြင်တွင် ကမ္ဘာ့စစ်အင်အားကြီး နှစ်နိုင်ငံ၏ ရေတပ်များ တပ်ဖြန့်ထားသည့်
အခြေအနေသို့ ဆိုက်ရောက်လာမည် ဖြစ်သည်။
အမေရိကန် လုံခြုံရေးဌာန ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက "အမေရိကန် အနေနဲ့ USS Stout ဖျက်သင်္ဘောကို မြေထဲပင်လယ်မှာ ရွေ့လျားနေစေပါတယ်။ ဒါဟာ ဆီးရီးယားအပေါ် တိုက်ခိုက်မှုအတွက် အဆင်သင့် ရှိနေအောင် ချဉ်းကပ်စေမှုလို့ ယူဆရပါတယ်"ဟု Daily Starသို့ ပြောကြားခဲ့သည်။
၎င်းကပင် "သင်္ဘောဟာ ခုချိန်မှာ မြေထဲပင်လယ်ထဲ ရောက်နေပါပြီ။ ဒါပေမဲ့ အရှေ့ဘက်ကို ဆက်ပြီး ဦးတည်နေတုန်းပါ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
ရုရှားက ရေတပ်သင်္ဘော (၂)စင်းကို မြေထဲပင်လယ်သို့ စေလွှတ်မည်ဟုကြညာပြီး နောက်တစ်နေ့မှာပင် အမေရိကန်က ဖျက်သင်္ဘော(၁)စင်းဖြင့် အင်အားဖြည့်ခဲ့ခြင်း ဖြစ်သည်။
ရုရှား၏ Interfax သတင်းဌာနက ရုရှားသင်္ဘော နှစ်စင်းသည် လာမည့် ရက်ပိုင်းအတွင်း မြေထဲပင်လယ်သို့ ထွက်ခွာမည်ဟု ဖော်ပြခဲ့ပြီး လတ်တလောတွင်မူ ပြန်လည် စီစစ်ညှိနှိုင်းမည့် အခြေအနေအချို့ ရှိနေသေးကြောင်း ရေတပ်မှ တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကား
ရေးသားသွားသည်။
Planet Myanmar Network

0 comments:
Post a Comment