Friday, August 30, 2013

7F/ နံပါတ်များ စတင်ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ 7F/ နံပါတ်များ စတင် ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 နံပါတ်ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ကနဦးမှတ်ပုံတင်ဌာနမှ 6F/ နံပါတ်များအတွက် မှတ်ပုံတင်ခြင်း ပြုလုပ်ပေးရာ၌ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းတွင် နံပါတ်များ ကုန်ဆုံးသွားခဲ့၍ 7F/ နံပါတ်များကို စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ 7F/ နံပါတ်များသည် လူကြိုက်များပြီး စတင်ထုတ်ပေးခဲ့သည့်နေ့၌ပင် 7F/9999 နံပါတ်ကို မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ကျပ် ၂၈ သိန်းဖြင့် ကြိုတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

7F/ နံပါတ်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက “7F/ နံပါတ်ကို လူကြိုက်များတဲ့အတွက် စတင်ထုတ်ပေးခဲ့တဲ့နေ့မှာပဲ ယာဉ်ပိုင်ရှင် အများအပြား လာရောက်ကြပြီး ငွေသွင်းဖို့ ပြုလုပ်ကြပါတယ်၊ ဒီစီးရီးထဲမှာ 7F/9999 နဲ့ 7F/7777 က လူကြိုက်အများဆုံး နံပါတ်တွေ ဖြစ်ပြီး 7F/9999 ကိုတော့ ကျပ် ၂၈ သိန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်၊ ပြောင်းလဲလိုက်တဲ့ ပေါ်လစီအရ ငွေသွင်းပြီးမှ နံပါတ်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ကညနအနေနဲ့လည်း ကနဦးမှတ်ပုံတင် ပြုလုပ်တဲ့နေရာမှာ ပိုပြီး စည်းစနစ်ကျသွားပါတယ်” ဟု ပြောကြားခဲ့သည်။

Automobile Journal

0 comments:

Post a Comment