Friday, August 30, 2013

အီရန်တပ်ဖွဲ့အတွက် မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည် သစ်တစ်မျိုး ထုတ်လုပ် တပ်ဆင်

အီရန်တပ်ဖွဲ့ အတွက် Naziat ပဲ့ထိန်းဒုံးကျည် အမျိုးအစား၏ မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းဒုံးကျည် မူကွဲ အမျိုးမျိုး ကိုလည်း ကြည်းတပ်တွင် တပ်ဆင် ပေးထားပြီး ဖြစ်ကြောင်း အီရန် ကြည်းတပ်၏ မြေပြင် တပ်ဖွဲ့တပ်မှူး ဗိုလ်မှူးချုပ် အာမက်ရီ ဇာပေါဒါ စတန်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။


အဆိုပါ မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး ၁၅ဝ ကီလိုမီတာရှိ ပစ်မှတ်များကို တိုက်ခိုက် ဖျက်ဆီးနိုင် စွမ်းရှိကြောင်း သိရသည်။ အီရန်နိုင်ငံသည် အကွာအဝေး ၁၃ဝ ကီလိုမီတာ ထိပစ်ခတ်နိုင်သော Naziat-10 အမျိုးအစား တာတိုပစ် ပဲ့ထိန်းဒုံးနှင့် Fajr-5 အမျိုးအစား အမြောက်ပစ် ဒုံးကျည် စနစ်များကို မတ်လ အတွင်းက အောင်မြင်စွာ စမ်းသပ် ပစ်ခတ်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် အီရန် ကြည်းတပ်အတွက် တန်ချိန် ၂ဝဝ အထိ သယ်ဆောင်နိုင် စွမ်းရှိသည့် Sayyad သယ်ယူ ပို့ဆောင်ရေး တင့်များကိုလည်း တပ်ဆင်
ပေးထားကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment