Thursday, August 29, 2013

ယိုးဒယား ငပိထမင်းကြော်နှင့် ပုစွန်ကြော်

ယိုးဒယား ငပိထမင်းကြော်နှင့် ပုစွန်ကြော်

ယိုးဒယား ငပိထမင်းကြော်အတွက် ထမင်းဖြူကို ချေပြီး ပဲငံပြာရည် အကြဲ၊သကြား၊ငရုတ်ကောင်း၊ဆား အနည်းငယ်စီတို့ဖြင့် နှံ့အောင်နယ်ထာပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ပုစွန်ခြောက် အသင့်အတင့်တို့ကို ရောပြီးထောင်းထားပါ။ ပြီးလျှင် ဒယ်အိုးသို့ နှမ်းဆီအနည်းငယ်ထည့်ပြီး ပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ပုစွန်ခြောက်တို့ကိုထည့်ပြီး မွှေပေးပါ။ထို့နောက် ငါးပိ ထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီးမွှေပေးပါ။ ကြက်သွန်ဖြူနှင့်ငပိကျက်ပြီးအနံ့ မွှေးလာလျှင် နယ်ထားသော ထမင်းများကိုထည့်ပြီး နှံ့အောင်မွှေ၍ ခဏကြာမျှ ကြော်ကာ ပင်စိမ်းရွက်အုပ်ပါ။အရသာ အလွန်ကောင်းမွန်သော ငပိနံ့မွှေးမွှေးလေးနှင့် ယိုးဒယား ငပိထမင်းကြော်ကို ပုစွန်ကြော်၊သရက်အစိမ်းပေါက်၊သခွါးသီး၊သံပုရာသီးနှင့်ငရုတ်သီးခြောက်ကြော်တို့ဖြင့် တွဲဖက်၍ သုံးဆာင်နိုင်ပါတယ်ရှင်။

 ပုစွန်ကြော်

ပုစွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ပါ။ ပြီးလျှင် ကြက်ဥအကာ၊ဆား၊ငရုတ်ကောင်း၊သကြား အနည်းငယ်စီထည့်ပြီး နယ်ထားပါ။ကော်မှုန့်အနည်းငယ်ကို ပန်းကန်တစ်ခုသို့ထည့်ထားပါ။ ပြီးလျှင် ကြော်မည့်ဒယ်အိုးသို့ ဆီအနည်းငယ်ထည့်ပြီး ပူလာလျှင် ပုစွန်ကိုကော်မှုန့်ထဲတစ်ကောင်ခြင်းနှစ်ပြီး ဒယ်အိုးထဲသို့ ထည့်ကြော်ပါ။မီအနေတော်လေးနှင့်ပဲ ကြော်ပြီး အထက်အောက်လှန်ပေးပါ။ရဲပြီးကြွပ်လာလျှင် ဆယ်ပြီးဇကာထဲတွင် ဆီစစ်ထားပါ။ယိုးဒယား ငပိထမင်းကြော်ကို ပုစွန်ကြော်နှင့်တွဲဖက်၍ သုံးဆာင်နိုင်သလိုသူချည်းပဲ အချဉ်ရည်လေးနှင့်လည်း တွဲဖက်၍ သုံးဆာင်နိုင်ပါတယ်ရှင်။
ယိုးဒယား ငပိထမင်းကြော်အတွက် ထမင်းဖြူကို ချေပြီး ပဲငံပြာရည် အကြဲ၊သကြား၊ငရုတ်ကောင်း၊ဆား အနည်းငယ်စီတို့ဖြင့် နှံ့အောင်နယ်ထာပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ပုစွန်ခြောက် အသင့်အတင့်တို့ကို ရောပြီးထောင်းထားပါ။ ပြီးလျှင် ဒယ်အိုးသို့ နှမ်းဆီအနည်းငယ်ထည့်ပြီး ပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ပုစွန်ခြောက်တို့ကိုထည့်ပြီး မွှေပေးပါ။ထို့နောက် ငါးပိ ထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီးမွှေပေးပါ။
ကြက်သွန်ဖြူနှင့်ငပိကျက်ပြီးအနံ့ မွှေးလာလျှင် နယ်ထားသော ထမင်းများကိုထည့်ပြီး နှံ့အောင်မွှေ၍ ခဏကြာမျှ ကြော်ကာ ပင်စိမ်းရွက်အုပ်ပါ။အရသာ အလွန်ကောင်းမွန်သော ငပိနံ့မွှေးမွှေးလေးနှင့် ယိုးဒယား ငပိထမင်းကြော်ကို ပုစွန်ကြော်၊သရက်အစိမ်းပေါက်၊သခွါးသီး၊သံပုရာသီးနှင့်ငရုတ်သီးခြောက်ကြော်တို့ဖြင့် တွဲဖက်၍ သုံးဆာင်နိုင်ပါတယ်ရှင်။

ပုစွန်ကြော်

ပုစွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ပါ။ ပြီးလျှင် ကြက်ဥအကာ၊ဆား၊ငရုတ်ကောင်း၊သကြား အနည်းငယ်စီထည့်ပြီး နယ်ထားပါ။ကော်မှုန့်အနည်းငယ်ကို ပန်းကန်တစ်ခုသို့ထည့်ထားပါ။ ပြီးလျှင် ကြော်မည့်ဒယ်အိုးသို့ ဆီအနည်းငယ်ထည့်ပြီး ပူလာလျှင် ပုစွန်ကိုကော်မှုန့်ထဲတစ်ကောင်ခြင်းနှစ်ပြီး ဒယ်အိုးထဲသို့ ထည့်ကြော်ပါ။မီအနေတော်လေးနှင့်ပဲ ကြော်ပြီး အထက်အောက်လှန်ပေးပါ။ရဲပြီးကြွပ်လာလျှင် ဆယ်ပြီးဇကာထဲတွင် ဆီစစ်ထားပါ။ယိုးဒယား ငပိထမင်းကြော်ကို ပုစွန်ကြော်နှင့်တွဲဖက်၍ သုံးဆာင်နိုင်သလိုသူချည်းပဲ အချဉ်ရည်လေးနှင့်လည်း တွဲဖက်၍ သုံးဆာင်နိုင်ပါတယ်ရှင်။

ဒေါ်ပုလက်ရာ

0 comments:

Post a Comment