Friday, August 30, 2013

မြစ်သာရေကြီးမှု ဒေသတွင်းဆည်များကြောင့်ဟု ရေးသားမှု ရာဇဂြိုဟ်ဆည်တာဝန်ရှိသူတို့ ရှင်းလင်း

ကလေး ဒေသ မြစ်သာ နေရဉ္စရာရေကြီး ရေလျှံမှုသည် ကလေးဒေသတွင်း ရှိ မဏိပူရဆည်နှင့်ရာဇဂြိုဟ်ဆည် များမှရေဖွင့်ချမှုကြောင့် ကလေး ဒေသ ရေလျှံရေကြီးနေရခြင်းဖြစ် ကြောင်း ဂျာနယ်တစ်စောင်မှလွဲ မှားစွာ ရေးသားဖော်ပြနေမှုများ အပေါ် သိသာထင်ရှားစေ ရန် ကလေးရာဇဂြိုဟ် ဆည်မြောင်း တာဝန်ရှိသူတို့က ကလေးဒေသ အခြေစိုက်စာနယ်ဇင်းအဖွဲ့ကို ဩဂုတ်၂ရရက်က ဖိတ်ကြားရှင်း လင်းမှုများပြုလုပ်ခဲ့ကြောင်း သိ ရသည်။

''ကျွန်တော်တို့အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်တာ မျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ရာဇဂြိုဟ်ဆည် နဲ့ပတ်သက်လို့ သတင်းတွေအလွဲ လွဲ အမှားမှားဖော်ပြနေတာမျိုး မဖြစ်ရအောင် ဒေသတွင်းသတင်း၊ စာနယ်ဇင်းအဖွဲ့၊ မီဒီယာတွေကို ခေါ်ပြီး ကျွန်တော်တို့လက်ရှိလုပ် ကိုင်နေမှု၊ ဆည်ရဲ့ပြီးစီးမှုကို သိ သာထင်ရှားအောင် ထုတ်ဖော်ရှင်း လင်းတာဖြစ်ပါတယ်။ မရှင်းလင်း တဲ့အချက်ရှိရင် ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ရှင်းလင်း ပေးလို့ ရနိုင်သလောက်ပြန်လည် ဖြေကြားပေးပါမယ်။ ကျွန်တော် တို့ ဆည်၉ဝရာခိုင်နှုန်းပြီးစီးနေ ပေမယ့် ရေပိတ်ရေလွှဲ ဘာမှတို့ ထိလုပ်ကိုင်မှုမရှိသေးပါဘူး။ ရေ လှောင်ထားတာလဲမရှိဘူး။ မဏိ ပူရဆည်ဆိုရင် လုပ်ငန်းစမယ်ရှိ ပါသေးတယ်''ဟု ရာဇဂြိုဟ်ဆည် မှတာဝန်ရှိသူတို့က ပြောသည်။

ကလေးဒေသတွင် ရာဇဂြိုဟ် ဆည်၊ မဏိပူရဆည်တည်ဆောက် ချိန်မှစတင်၍ ဒေသတွင်းရေကြီး ရေလျှံမှုများရှိလာလျှင် ဆည်များ မှရေဖောက်ချသည့်အတွက် ရေ ကြီးရေလျှံသည်ဟူ၍လည်းကောင်း၊ ဆည်အောက်ဘက်ရွာများ ပြောင်း ရွှေ့ပြေးရတော့မည်ဟူ၍လည်း ကောင်း၊ ယခုဆောင်ရွက်ထား သော ရာဇဂြိုဟ်နှင့်မဏိပူရဆည် ကျိုးပေါက်လျှင် ကလေးမြို့နှင့် ကလေးတစ်နယ်လုံး ရေအောက် ရောက်တော့မည်ဟု အရပ်သတင်း ကောလာဟလများ ဖြစ်ပေါ်နေ သည်မှာ ဆည်စတည်သည့်နှစ် များမှစ၍ဖြစ်ကြောင်း သိရသည်။

''အမှန်ကတော့ တာဝန်ရှိ သူတွေအနေနဲ့ အခုလိုရှင်းလိုက် တော့လဲ ကောင်းပါတယ်။ ကျွန် တော်လဲ နေ့စဉ်ရာဇဂြိုဟ်ဆည် နားကနေ ဖြတ်သန်းသွားနေတာ ပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့ရွာတွေ ရေမြုပ်တော့မယ်။ အခုရေကြီး နေတာ ဆည်ရေဖောက်ချလို့ ရွာ တွေဖယ်ရမယ်။ ဆည်မြောင်းက ဖောက်လုပ်တဲ့ ဆည်ရေသောက် မြောင်းတွေက ခင်ဗျားတို့လယ် ယာမြေတွေကို ရေပြည့်ပြည့်ဝဝပေး နိုင်မှာမဟုတ်ဘူးဆိုတဲ့ စကားတွေ က ကလေးမြို့ပေါ်မှာတင်မက ဘူး နယ်ကျေးလက်တွေမှာလဲ ပြန့်ကားနေတာပါ''ဟု ရာဇဂြိုဟ် ရွာမှ အငြိမ်းစားကျောင်းဆရာ တစ်ဦးက ပြောသည်။

Yangon Media Group

0 comments:

Post a Comment