Friday, August 30, 2013

သီချင်းနားထောင်ခြင်း နှစ်သက်သူများအတွက် HTC Desire X

အသံပိုင်းစနစ်ကောင်းမွန်သည့် HTC Desire X မော်ဒယ်ဖုန်းတွင်ပါရှိသော စည်းချက်သံသည် ဂီတ၊ ဗီဒီယိုနှင့် ဂိမ်းကစားခြင်းအတွက် ကောင်းမွန်သည်။ အသံပိုင်းတွင် စတူဒီယိုအရည်အသွေးရှိသည့်အသံကို နားဆင်နိုင်မည်။

ဖုန်း screen မှာ လေးလက်မအရွယ်ရှိပြီး အလေးချိန်မှာ ဘက်ထရီအပါအ၀င် ၁၁၄ ဂရမ်သာအလေးချိန် ရှိသည်။ CPU မှာ 1G Hz Dual–core ဖြစ်ကာ အသံပိုင်းနည်း စနစ်မှာ Beats Audio ကို အသုံးပြုထား သည်။ ကင်မရာတွင် BSI ပါဝင်သည့် အဆင့်မြင့်မှန်ပြောင်းနှင့်အတူ ပေါင်းစပ်ထားသည့် image chip နည်းပညာများကြောင့် ကောင်းမွန်သည့်ရုပ်ပုံများ ရရှိနိုင်မည်ဖြစ်သည်။

ကင်မရာမှာ5 MP ဖြစ်သည်။ ပုံပေါင်း ၃၀ မရပ်မနား တရစပ်
ရိုက်ကူးနိုင်စွမ်းရှိပြီး အရောင်မှာ အဖြူရောင်နှင့် နက်ပြာရောင် နှစ်မျိုးရွေးချယ်ဝယ်ယူနိုင် မည်ဖြစ်သည်။ HTC ဖုန်းများသည် မြန်မာဘာသာစကားအတွက် အထူးပြုလုပ်ထားသည့်စမတ်ဖုန်းဖြစ်ပြီး စာရိုက်ခြင်း နှင့် စာဖတ်ခြင်းအတွက် တိကျသည့်ကီးဘုတ်ပါဝင်သည်။ ဒေတာသိမ်းဆည်းနိုင်မှုမှာ 4 GB ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment