Friday, August 30, 2013

Transformer 4 မှာပါဝင်မယ့် ကမ္ဘာ့ဈေးကြီးပြိုင်ကား Laraki Epitome



အမေရိကန် Laraki Motors မှထုတ်လုပ်တဲ့ ပြိုင်ကား တစ်စီး ဖြစ်ပါတယ်။ Pebble Beach က မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ယခု ယင်းကားကို Transformer 4 ရုပ်ရှင်ထဲမှာ ထည့်သွင်း အသုံးပြုမှာပါ။ ဘယ်ကဏ္ဍကနေ ပါဝင်မယ်ဆိုတာတော့ မသိသေးပါဘူး။ 

ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကား ၁၀ စီး စာရင်းထဲပါဝင်လာမှာပါ။ ကာလ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိတဲ့ ယင်းကားကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားပါတယ်။ အင်ဂျင်ကို ကိုယ်တိုင် ထုတ်ထားတာတော့ မဟုတ်ပါဘူး။ အမေရိကန် General Motors က ထုတ်တဲ့ ၇ လီတာ Chevrolet အင်ဂျင် V တိုက် ၈ လုံးတွဲကို အသုံးပြု ထားပါတယ်။ ဒီတော့ Top Speed ကလည်း ကမ္ဘာ့ အမြန်ပြေး Bugatti ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး တစ်နာရီ မိုင် ၂၄၀ တော့ တင်နိုင် မယ်လို့ ခန့်မှန်း ထားကြပါတယ်။ Laraki ကတော့ Epitome ကို Speed Test လုပ်မပေးရသေးပါဘူး။ 

ဒီဇိုင်းကလည်း တကယ့်စက်ရုပ်ကားအတိုင်းပါပဲ။ ၂ ယောက်စီး ပြိုင် ကား ဖြစ်ပြီး ရှေ့ ဘီးထက် အနောက်ဘီးက ပိုကြီးပါတယ်။ ကာဘွန် ဖိုက်ဘာ ဘော်ဒီ နဲ့ ပေါ့ပေါ့ပါးပါး အကြမ်းခံစွာ တည်ဆောက် ထားပါတယ်။ အနီရောင် တော်ကတောက်နဲ့ ထူးခြားလှပနေတဲ့ Laraki Epitome ကို ယခုလို မြင်တွေ့ ရပါတယ်။

Ref:autoblog
ColayAutomobile

0 comments:

Post a Comment