
အရပ်သား များကို ဓာတုလက်နက် များဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲပြီး အမေရိကန်က ဆီးရီးယားကို အရေးယူ မည်ဟု သတိပေးနေချိန် တွင် မြောက်ကိုရီးယားမှ ဆီးရီးယားသို့ တင်ပို့သည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ၊ လက်နက်ခဲ ယမ်းများကို တူရကီနိုင်ငံ ဒါဒန်နယ်လ် ရေလက်ကြား တွင် ဧပြီ ၃ ရက်နေ့ က ဖမ်းဆီးမိ ခဲ့ ဖူးကြောင်း ဂျပန် သတင်းစာ ဆန်ခဲရှင်ဘွန်း က အင်္ဂါနေ့က ထုတ်ဖော် ရေးသားလိုက်သည်။
ယခုနှစ် အစောပိုင်းက မြောက်ကိုရီးယားမှ ထွက်ခွာလာသည့် လစ်ဗျား မှတ်ပုံတင် ပေါက်အယ် အန်တီဆာ အမည်ရှိ ကုန်တင် သင်္ဘောကို အမေရိ ကန်တို့က လိုက်လံနောင်ယောင်ခံ ခဲ့ သည်။ တူရကီနိုင်ငံ အထက်ဒါဒန်နယ်လ် ရေလက်ကြား ကို ဖြတ်သန်းစဉ် အမေရိ ကန်တို့၏ သတင်းပေးမှုကြောင့် တူရကီ အာဏာပိုင် များက ယင်း သင်္ဘောကို ဧပြီလ ၃ ရက်နေ့ တွင် ရပ်တန့်ရှာဖွေ ခဲ့ရာ ရိုင်ဖယ်သေနတ် ၁၄ဝဝ လက်၊ ကျည်ဆန် ၃ဝဝဝဝ နှင့် ဓာတု တိုက်ခိုက် မှုများကို ကာကွယ် ရန်ဖြစ်ပုံရ သည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို သိမ်း ဆည်းရခဲ့ကြောင်း ယင်း သတင်းစာမှ အသေးစိတ် ဖော်ပြခဲ့သည်။
အီးယူနိုင်ငံ များနှင့် ယူအက်စ်တို့က ဆီးရီးယားသို့ လက်နက် ရောင်းချခြင်း ကို တားမြစ်ထားသည်။ ဤသတင်း ကို အတည်ပြုနိုင်ပါက နျူကလီးယား စမ်း သပ်မှုကြောင့် လက်နက် ကုန်သွယ်မှုတား မြစ်ခံထားရ သည့် မြောက်ကိုရီးယား အနေဖြင့်လည်း ကုလမှ ထပ်မံတိုးမြှင့် အရေးယူမှု များကို ခံရဖွယ် ရှိသည်ဟု ယင်းသတင်းစာမှ ဆက် လက်ဖော်ပြသည်။
ဗဟိုမှ လက်ယာယိမ်း ဆန်ခဲရှင်ဘွန်း သတင်းစာသည် ဂျပန်နိုင်ငံမှ သတင်းစာကြီး ငါးစောင်မှ တစ်ခုဖြစ် သော မြောက်ကိုရီးယား နိုင်ငံသတင်း များကို ဖော်ပြရာတွင် အရင်းအမြစ် ခိုင်မာမှု ရှိသည့် သတင်းစာ တစ်စောင်ဟု လူသိများသည်။
Ref;Washinton Post, AP
Popular Myanmar News Journal
0 comments:
Post a Comment