Friday, August 30, 2013

အဆိုတော်သျှီ ကဗျာစာအုပ် ထုတ်ဝေမည်


အဆိုတော်သျှီ ရေးသားထားသည့် ကဗျာများကို စုစည်းကာစာအုပ်အဖြစ် ထုတ်ဝေတော့မည်ဖြစ်ကြောင်း ၎င်းက ပြောဆို လိုက်သည်။


ယင်းကဗျာစာအုပ်တွင် မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် သျှီရေးသားခဲ့သည့် ကဗျာများအပြင် ထပ်မံရေးသား ထားသည့် ကဗျာများကိုလည်း ထည့်သွင်းမည်ဖြစ်သည်။ “ကဗျာရေးတာကို ကျွန်မတော်တော် ၀ါသနာပါတယ်။ အကြောင်းအရာရယ်လို့ သီးသန့်မရှိဘဲ စိတ်ထဲရှိတာတွေကို ချရေးတာပါပဲ။ နောက်ပိုင်းမှာ တချို့ ကဗျာတွေက မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ပါတယ်လေ။ ဒါကြောင့် အမှတ်တရဖြစ်အောင် စာစောင်တွေထဲမှာ ကိုယ်ရေးခဲ့ဖူးတဲ့ ကဗျာတွေနဲ့ အသစ်တွေကိုစုပြီး စာအုပ်စလုပ်နေပြီ။ ထည့်သင့်တယ်ထင်တဲ့ ကဗျာတွေ ရွေးနေတော့ ဘယ်နှပုဒ်လောက်ထည့်မယ် ပြောလို့တော့မရသေးပါဘူး။ လက်ရှိရေးပြီးသားကဗျာက အပုဒ် ၁၀၀ လောက် ရှိပါတယ်” ဟု
ပြောသည်။

ယင်းစာအုပ်အား ကိုယ်တိုင်ထုတ်ဝေရန်စီစဉ်ထားကြောင်း ၎င်းကထပ်မံပြောဆိုသည်။ သျှီသည် “ဂန္ဓာရီ” တစ်ကိုယ်တော် စီးရီးဖြင့် ဂီတလောကသို့ ၀င်ရောက်ခဲ့ပြီးအောင်မြင်သည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ကျင်းပနိုင်သည့် ရော့ခ်အမျိုးသမီး အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment