Friday, August 30, 2013

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

Photo: မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း
Friday, August 30, 2013

MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်
ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်
သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့်
 ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ
 ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေး
ခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေ
မှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲ
လာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်
လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်း
များကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ 

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား
 ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ 



မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့်ဖျာ်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများဖစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေးခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေမှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲလာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်းများကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကားပာဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

0 comments:

Post a Comment