ဩစတြေးလျသို့ လူမှောင် ခိုသွင်းနေမှုများ ပပျောက်စေရန် အတွက် လှိုင်းဒဏ်လေဒဏ်မခံ နိုင်သော လှေများအတွက် အင် ဒိုနီးရှားလူများထံမှ ငွေပေး၍ ဝယ်ယူသွားမည်ဟု ရွေးကောက် ပွဲတွင် ရှေ့မှပြေးနေသော Tony Abbott က သောကြာနေ့တွင် ထုတ်ဖော်ပြောသည်ဟုသိရသည်။
ခိုလှုံခွင့်ရရှိရေးကြိုးပမ်းသူ
များအား တင်ပို့နေသော ရေမလုံ သည့် ငါးဖမ်းစက်လှေများအား
အင်ဒိုနီးရှားတွင်ဝယ်ယူရေး ဩ စတြေးလျဒေါ်လာ သန်း၄၄၀ အစီအစဉ်အား ထုတ်ဖော်ပြော
ဆိုရာတွင် ကျေးရွာ ၁၀ဝတွင် ဩစတြေးလျအတွက်စောင့်ကြည့် သတင်းပေးများအား
ထောက် ပံ့ကြေးနှင့် လူမှောင်ခိုသွင်းမှုကို မှန်ကန်သောသတင်းပေးနိုင်သူ
များအတွက် ဆုငွေများလည်းပေး မည်ဟု Abbort ပြောသည်။
အင်ဒိုနီးရှားအကျိုးအတွက်ပြောခြင်းဖြစ်၍ အင်ဒိုနီးရှားများ အနေဖြင့်
၎င်းတို့နှင့် အကျိုးရှိရှိပူးပေါင်းမလုပ်ကိုင်လိုသည့်သဘော မမြင်မိပါဟု ၎င်းက
ပြောဆိုသွားခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးTony Burke က Abott
၏အစီအစဉ်သည် ရူးရူးမိုက်မိုက်ပေါ်လစီ ဖြစ်ပြီး
သူ့လုပ်သက် တစ်လျှောက်ကြားခဲ့ရသော ရူးသွပ်သည့်အတွေး အခေါ်များတွင်
လှေဝယ်မည့်အစီအစဉ်သည် စံတင် ရလောက်သည် ဟု ဝေဖန်ပြောဆိုခဲ့သည်။
0 comments:
Post a Comment