ဦးမောင်တိုး(မင်းလှမဲဆန္ဒနယ်) ဆွေးနွေးတင်ပြချက်
ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဆွေးနွေးရာတွင် နံပါတ်(၁)အနေဖြင့် မိမိပြောချင်သည်မှာ လွှတ်တော်ကိုယ်စားလှယ်များကို စည်းကမ်းမရှိသည့်အချက်တစ်ခုတည်းဖြင့် လွှတ်တော်ကိုယ်စားလှယ် မဖြစ်ထိုက်ဘူး ဆိုရင်တော့ ဒါလည်းမဟုတ်သေးပါကြောင်း၊ နောက်တစ်ခုမှာ ၁ ရာခိုင်နှုန်းသောမဲဆန္ဒရှင်အရေအတွက်သည် မဲဆန္ဒ နယ်မြေတစ်ခုတွင်လွယ်လွယ်ကူကူရနိုင်မယ့်အရေအတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ဆိုထားပါကြောင်း၊ ဒီလိုမျိုးအမေရိကန်သမ္မတတွေတောင်ကြည့်ပါ။
ဘယ်သူကရာခိုင်နှုန်းဘယ်လောက်ဖြင့်၊ ယင်းမှာနိုင်သလဲ၊၈၀၊၉၀၊ရသလား။ Landslide Between ဆိုသည်မှာ တော်တော်ကိုများနေပြီဖြစ်ပါကြောင်း၊ တော်တော်ကျဉ်းမြောင်းသော Different ပင်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို ၁ ရာခိုင်နှုန်းဖြင့် ပြန်ခေါ်ရန်အတွက် လုပ်မည်ဆိုလျှင် အဲ့ဒီဟာတွေနဲ့သာ အလုပ်တွေရှုပ်နေမည်ဖြစ်ပါကြောင်း၊ ၁ ရာခိုင်နှုန်းကို အလွယ်တကူဆန့်ကျင်ဘက်အဖွဲ့အစည်းများက ရနိုင်သည်ဆိုတာကိုရွေးကောက်တင်မြှောက်ခံဖူးသောပုဂ္ဂိုလ်များအားလုံး သိပါကြောင်း၊ ရွေးကောက်ပွဲတွင် မိမိသူငယ်ချင်းတစ်ယောက်ကပြောပါကြောင်း၊
သူငယ်ချင်းငါသိပ်ပိုင်တယ်ကွာ။ ငါဒီမြို့နယ်မှာတော့ တစ်ခါတည်း ၈၀ ရာခိုင်နှုန်းအများဆုံးပဲရမယ်။ အနည်းဆုံးနိုင်မယ်လို့ပြောပါကြောင်း၊ မိမိကတော့ သူငယ်ချင်း ငါကတော့ဒီမိုကရေစီအကြောင်းကိုသိတယ်။ ငါကတော့ ၅၁ရရင်တော်ပြီ။ ဘယ်သူမှကိုယ့်ကို ၈၀၊၉၀ ရဖို့မမျှော်လင့်ပါနဲ့။ ဆိုလိုချင်သည်မှာ ၁ ရာခိုင်နှုန်းသောလူများကသာ ဒီလိုမျိုးစာတွေတင်ပြီး ဒီပြည်သူ့ကိုယ်စားလှယ် အများစုထောက်ခံသည့်ဟာတွေကို ဒုက္ခပေး၍ရမည်ဆိုလျှင် အဲ့ဒီဟာတွေကိုရှင်းတာနဲ့တင်ပဲ မိမိတို့ရွေးကောက်ပွဲ ကော်မရှင်ရော၊ လွှတ်တော်တွေရော အင်မတန်ရှုပ်သွားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ လွှတ်တော်ဆိုသည်မှာ တင်လာသည့် ဥပဒေတိုင်းကို ဆွေးနွေးပြီးတော့ Pass လုပ်ရန်မဟုတ်ပါကြောင်း၊ ဒီလိုထင်နေရင် မှားသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာလွှတ်တော်တွေမှာ အားလုံးကြည့်ပါ။
ဘယ်သူမဆို တင်လို့ရပါကြောင်း၊ဘယ်သူမဆို လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးတင်လို့ရပါကြောင်း၊တချို့နိုင်ငံတကာတွင် အစိုးရလည်းတင်လို့ရပါကြောင်း၊ သို့သော်လည်း ဒါဟာတွေကို သက်ဆိုင်ရာကော်မတီများသို့ ပို့လိုက်ပါကြောင်း၊ ဒီကော်မတီကဒါကို Pass မဖြစ်ရင် လွှတ်တော်ခန်းမထဲကို ရောက်ကိုမလာပါကြောင်း၊ ကော်မတီတောင် အဲ့ဒီလောက်ပါဝါရှိပါကြောင်း၊ Speaker ဆိုသည်မှာ အရမ်းပါဝါရှိပါကြောင်း၊ ဒီလိုတောင်မဲခွဲစရာမလိုပါကြောင်း၊ Speaker တစ်ယောက်က ဒီဥပဒေကို ဒီမှာဆွေးနွေးဖို့ မသင့်ဘူးဆိုလျှင် ဆွေးနွေးစရာကိုမလိုပါကြောင်း၊ ဒါဟာလည်း သဘာဝကျပါကြောင်း၊ သေချာစဉ်းစားကြည့်ပါ။ အခုလွှတ်တော်ကိုယ်စားလှယ်တိုင်းသည်ဥပဒေကိုတင်လို့ရပါကြောင်း၊ အခုလွှတ်တော်ကိုယ်စားလှယ်များဥပဒေကိုမတင်သေး၍ ၃၃၀ ရှိပါကြောင်း၊ ၁၁၀ ကိုမိမိတို့ထည့်မပြောပါကြောင်း၊ ၃၃၀ ကတစ်ပတ်တစ်ပတ်မှာ ဥပဒေ ၃၃၀ တင်လျှင် အဲ့ဒီ ၃၃၀ လုံးကို မိမိတို့က ဒီမှာဆွေးနွေးပြီးတော့ Pass ဖြစ်အောင်လုပ်နေရမှာလား။ စဉ်းစားကြည့်ပါ။
ထို့ကြောင့် တင်လာသောဥပဒေတိုင်းကိုမိမိတို့က အချိန်ယူအကုန်ခံပြီး ဆွေးနွေးစဉ်းစားပြီး Pass ဖြစ်စရာမလိုပါကြောင်း၊ ဒီလိုဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား၊ ဒီဥပဒေကြမ်းကော်မတီ၏ ရှင်းလင်းချက်တွင် ရှင်းနေပြီဖြစ်ပါကြောင်း၊ နိုင်ငံတကာဥပမာနှင့် ပြထားပါကြောင်း၊ ၁ ရာခိုင်နှုန်းဖြင့် ဘယ်လိုမှဒါမဖြစ် သင့်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပမာ United Kingdom ဆိုသည့်နိုင်ငံသည်သူကစပြီး ဒီမိုကရေစီကျင့်သုံးခဲ့ပါကြောင်း၊ သူရဲ့စနစ်က Parliamentary Sovereignty လို့ခေါ်ပါကြောင်း၊ Parliamentary Sovereignty ဆိုတာ ပါလီမန်သာလျှင်အားလုံးကို ဆုံးဖြတ်သည်ဟု သူကချမှတ်ထား သည့်အတွက် သူတို့၏အထက်လွှတ်တော်သည် ၂၀၀၉ ခုနှစ်ထိကို Judicial Power ၏ တော်တော်များများကို ယူထားပါကြောင်း၊
သူတို့၏လွှတ်တော်ထဲတွင်ဘုရင်မလည်းရှိနေသည့်အတွက်လွှတ်တော်က ဆုံးဖြတ်ချက်အားလုံး အတည် ပင်ဖြစ်ပါ ကြောင်း၊ သို့သော်လည်း စောစောကတချို့ဆွေးနွေးသွားသကဲ့သို့ အမေရိကန်နိုင်ငံပေါ်လာတဲ့အခါ ဒီအုပ်ချုပ်ခံလူတန်းစားများ၏ Sovereignty of the Govern People ကို အတတ်နိုင်ဆုံးအစွမ်းကုန် ကာကွယ်ရမည်ဆိုပြီး အမေရိကန်နိုင်ငံ ကနေပြီးတော့ စီစဉ်ပြီးတော့မှ Check and Balance တို့၊ Scrutiny တို့၊ Oversight တို့ဖြစ်လာပါကြောင်း၊ဖြစ်လာသည့်အပြင်ကို အမေရိကန်နိုင်ငံသည် အထူးသဖြင့် အောက်လွှတ်တော်တွင် ပြည်သူများ၏ဆန္ဒများကို ကိုယ်စားပြုရမည်။ ထို့ကြောင့် ပြည်သူများသည်အောက်လွှတ်တော်အမတ်များကို သူက သူတို့လုပ်တာကို ကြည့်ပြီးတော့ရွေးကောက်ပြီးလျှင် အကြာကြီးသူ့ကိုမဟုတ်တာလုပ်တာကို ကြည့်လို့မရအောင် ဆိုပြီးတော့ နှစ်နှစ်ဖြင့်ပြန်ခေါ်လို့ရအောင် လုပ်ထားပါကြောင်း၊
ထို့ကြောင့် အမေရိကန်နိုင်ငံမှာ နှစ်နှစ်ကိုတစ်ကြိမ် ရွေးကောက်ပွဲ လုပ်ပါကြောင်း၊ဒါဟာဘာလဲဆိုတော့ ရွေးကောက်ခံပြီးသည်နှင့် တစ်ပြိုင်နက်ငါးနှစ်၊ ခြောက်နှစ်နေလို့ရှိရင် ဒီလူကမဟုတ်တာတွေကို ငါးနှစ်အတွင်းမှာ မလုပ်နိုင်အောင်ဆိုပြီး အောက်လွှတ်တော်ကို နှစ်နှစ်သက်တမ်းသာ ထားရှိပါကြောင်း၊အထက်လွှတ်တော်ကျတဲ့အခါ ဒီလိုမျိုးအကုန်လုံးပြောင်းလို့လည်းမဖြစ်သေးပါကြောင်း၊ အထက် လွှတ်တော်ဆိုတာ နိုင်ငံတကာနှင့်ဆက်ဆံတဲ့အခါ Long Term ဖြစ်သည့်အတွက် သူက Stable ဖြစ်ရမည်ဖြစ်သည့်အတွက် အထက်လွှတ်တော်ကိုသက်တမ်းခြောက်နှစ်ထားပါကြောင်း၊ဒါတောင်မှပဲ ဒီထဲမှာ သုံးပုံတစ်ပုံကို နှစ်နှစ်တစ်ခါလဲပါကြောင်း၊ ဆိုတဲ့သဘောမှာ အမေရိကန်နိုင်ငံ၏ Constitution ဟာဆိုလို့ရှိရင် အုပ်ချုပ်ခံပြည်သူများ၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အစွမ်းကုန်ထားပါကြောင်း၊ Jame Medison တို့၊ Hamilton တို့ကဒါတွေကို ဆွဲခဲ့တဲ့ဥစ္စာတွေ Federalist Paper ၁ ကနေ ၈၀ ထိရှိပါကြောင်း၊ ဒီဟာတွေဆွဲခဲ့တာတောင်မှ ဒါမျိုးထည့်မထားဘူး၊ ဒီလိုမျိုး ၁ ရာခိုင်နှုန်းဖြင့်လုပ်လို့ရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်သင့် ပါကြောင်း၊
လုပ်ချင်ရင်တော့တကယ့်ပြည်သူများ၏ဆန္ဒကို ထင်ဟပ်အောင် လုပ်ချင်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ပြီးတော့နှစ်နှစ်သက်တမ်းဖြင့် အောက်လွှတ်တော်ကိုဆွဲရင်လည်းဆွဲ သို့သော်လည်းပဲ သူတို့ရဲ့ အထက်လွှတ်တော်နှင့် မိမိတို့ရဲ့အထက်လွှတ်တော်၊ သူတို့၏အောက်လွှတ်တော်နှင့် မိမိတို့မတူပါကြောင်း၊ မတူတာတွေက အများကြီးရှိပါကြောင်း၊ မိမိပြောချင်သည်မှာစောစောကတချို့ ဆွေးနွေးသွားသလိုလွှတ်တော် ကိုယ်စားလှယ်များ သည်စည်းကမ်းမလိုက်နာလို့တို့ ဘာညာပေါ့၊ဒီလိုမျိုးတွေ ဒီဟာမျိုးတွေနဲ့တော့ မဖြစ်ပါကြောင်း၊ ဒါမျိုးနဲ့တော့ လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်လို့မရပါကြောင်း၊
အခုဒီဟာတောင်လွန်လှပြီ။သူများနိုင်ငံတွေက လွှတ်တော်တွေမှာအားလုံးလေ့လာကြည့်ပါ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွတ်လွတ်လပ်လပ်နေပြီးတော့ အရေးကြီးတဲ့အချိန်ကျမှမဲလာပေးတာ ခုဒီမှာခေါင်းပေါင်းကြီးဆောင်းပြီး တစ်နေကုန် ထိုင်နေရတာဆိုတာ ဒါဒီနိုင်ငံလွှတ်တော်မှာမှဖြစ်ပါကြောင်း၊ ဒီဟာအကြောင်းပြချက်လေး တစ်ခုတည်းဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ၁ ရာခိုင်နှုန်းနဲ့ပြန်ခေါ်သင့်သည်ဆိုသော ဤဥပဒေကို စဉ်းစားရမည်ဆိုလျှင် မိမိတို့လွှတ်တော်ကြီးသည် အချိန်ကုန်ပြီး အကျိုးမရှိတာဖြစ်မှာဖြစ်ပါကြောင်း၊ အဲ့ဒီတော့ ဤဥစ္စာသည်မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးဆိုသည် ကိုရွေးကောက်ပွဲဝင်ဖူးသော လွှတ်တော်ကိုယ်စားလှယ်အားလုံး သိပါကြောင်းဖြင့် ဆွေးနွေးသည်။
မြ၀တီ
0 comments:
Post a Comment