Saturday, August 24, 2013

တရုတ်ချေးငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသေးစားချေးငွေ ထုတ်ချေးမည်


တရုတ် နိုင်ငံမှ နှစ်ရှည်ချေးငွေကန်ဒေါ် လာသန်း ၁၀ဝရယူကာ သမဝါ ယမလုပ်ငန်းများဖွံ့ဖြိုးရေးအ တွက် ဆောင်ရွက်သွားမည်ဟု သမဝါယမပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ၁၆ရက်မြောက်နေ့တွင် ပြောဆိုသွားသည်။
နှစ်နိုင်ငံအစိုးရသဘောတူ ညီမှုဖြင့် တရုတ်နိုင်ငံ Exim Bank မှ နှစ်ရှည်ချေးငွေအမေရိကန် ဒေါ်လာသန်း ၇၀ဝထဲမှ သန်း ၁၀ဝရယူကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် အသေး စားချေးငွေအဖြစ် အသုံးပြုမည် ဟု သမဝါယမပြည်ထောင်စုဝန် ကြီးဦးကျော်ဆန်းက ပြောသည်။

သမဝါယမပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းက ''ချေး ငွေရယူဖို့ကို နိုင်ငံတော်သမ္မတ ရဲ့ဧပြီ၅ရက် ကတည်းက သဘော တူလက်မှတ်ရေးထိုးခဲ့တာကို အခု ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ အသုံးချဖို့အ တွက် ပထမစမ်းသပ်ချေးငွေအနေ နဲ့ တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန် ဘဏ်မှတစ်ဆင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်က မြန်မာနိုင်ငံ ကိုယ်စားချေးယူသွားမယ်။ ပြီးရင် ကျေးရွာတွေက သမဝါယမအဖွဲ့ ဝင်တွေကို ဝိုင်းကြီးချုပ်စနစ်နဲ့ ချေး ပေးသွားမယ်''ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောဆိုရာတွင် သမဝါယမ အဖွဲ့ဝင်များအား ထုတ်ချေးရာ တွင် တစ်အိမ်ထောင်ကျပ် တစ် သိန်းနှုန်းဖြင့် ချေးမည်ဖြစ်ပြီး အသင်းအား ပုံမှန်ပြန်ဆပ်သူ များကို ယင်း၏လုပ်ငန်းပမာဏ အပေါ်မူတည်ကာ ကျပ်ငါးသိန်း အထိ ထုတ်ချေးပေးရန် မှန်းထား ပြီး၊ သမ္မတ၏ ၂၀၁၅ခုနှစ် ဆင်း ရဲမွဲတေမှု၁ဝရာခိုင်နှုန်း လျော့ ကျရေးအတွက် အားဖြည့်လုပ် ဆောင်ပေးနိုင်ရန်အတွက် ရည် ရွယ်ထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ နှစ်ရှည်ချေး ငွေသန်း၁၀ဝအား တစ်နှစ်အတိုး နှုန်း ၄ဒသမ၅ရာခိုင်နှုန်း၊ စီမံခန့် ခွဲမှုအတွက် တစ်ရာခိုင်နှုန်းဖြင့် ရယူကာ အသင်းသားများအား ၁၈ရာခိုင်နှုန်းဖြင့် ပြန်လည်ချေး မည်ဖြစ်ပြီး၊ နိုင်ငံတကာတွင် လည်း အတိုးနှုန်း ပိုမိုသက်သာ စွာဖြင့် ထုတ်ချေးပေးမည့်နိုင်ငံ များနှင့်ဆက်သွယ်ထားပြီး လာမည့် အောက်တိုဘာလအတွင်း ဂျပန် နိုင်ငံသို့ သွားရောက်ကာ ချေး ငွေနှင့် ဦဗ များရရှိရေးအတွက် ဆက်လက်ဆွေးနွေးမည်ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

Yangon Media Group

0 comments:

Post a Comment