Wednesday, July 29, 2015

ပါကစ္စတန်အကြမ်းဖက်အုပ်စု မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လှုပ်ရှားနေ


ဘင်္ဂါလီမွတ်စလင်များကို အစွန်းရောက်ဝါဒများ သွတ်သွင်းပေးပြီး အိန္ဒိယအရှေ့ပိုင်းတွင် နှောင့်ယှက်မှုများ ပြုလုပ်ရန် ပါကစ္စတန်၏ အကြမ်းဖက်အဖွဲ့အစည်း Lashkar-e-Taiba (LET) နှင့် ၎င်း၏ ရှေ့တန်းတပ်ဦးအဖွဲ့နှစ်ခုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားနေကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များက ပြောကြားသည်။

Tuesday, July 28, 2015

မြန်မာရေတပ် ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ကြိုးစားနေသလား


အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ မနေ့က ဂိုအာမြို့မှာ ရှိတဲ့ India Naval Aviation Squadron (INS Hansa)နဲ့ ရေတပ်စခန်းကို သွားရောက်ကာ အိန္ဒိယ ရေတပ် ရေငုပ်သင်္ဘောတွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Sindhughosh အမည်ပေးထားတဲ့ ရုရှားကီလို ရေငုပ်သင်္ဘောပုံစံ ရေငုပ်သင်္ဘောများသုံးစွဲသလို၊ ဂျာမန်ပုံစံ Shishumar ရေငုပ်သင်္ဘောတွေ ကိုလည်း အသုံးပြုလျှက်ရှိပါတယ်။ ဒါအပြင်အိန္ဒိယနိုင်ငံဟာ ပစ္စဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယ သမုဒ္ဒရာကို လွှမ်းမိုးဖို့ ကြိုးစားလာနေတဲ့ တရုတ်ရေတပ် ရန်ကို ကာကွယ်ဖို့

ပြည်သူကိုလက်တွဲခေါ်လိုက်ပါ ဒေါ်အောင်ဆန်းစုကြည်


ကျွန်တော်တို့နိုင်ငံရဲ့ နိမ့်ကျနေမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေမှုကို ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် ဆွဲထုတ် ကယ်တင်နိုင်တယ်လို့ ယုံကြည်မိပါတယ်။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီအပေါ် ခေါင်းဆောင်မှုပိုင်းမှာ အရမ်းအားနည်းနေတယ်လို့ ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲစာရင်းတွေအကြောင်း ရှင်းလင်းပြောပြဖို့ လူတွေနဲ့ လိုက်တွေ့နေရတယ်ဆိုတာ ကြည့်လို့ကောင်း၊ ကြားလို့ကောင်းပေမယ့် ပါတီမှာ တကယ်အလုပ်လုပ်နိုင်တဲ့လူတွေ မရှိဘူးဆိုတာကို ပြသလိုက်သလိုပါပဲ။ တကယ်က ဒီလိုရပ်ကျေးအဆင့်မှာ ရပ်ကွက်ပါတီဝင်တွေက လိုက်လံရှင်းပြ မဲဆွယ် ဒီလိုမျိုးတွေ လုပ်နေရမှာပါ။ ပါတီဝင်တွေထဲမှာ ဒီလိုမျိုးလုပ်နေတာ တယောက်စနှစ်ယောက်စကိုတော့ တွေ့ရပါတယ်။ ပါတီဝင်အများစုတွေက မသိသလို၊ ဘာမှနားမလည် သလို၊ ဒေါ်စုနောက် တကောက်ကောက်လိုက်၊ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေမှာ ၀တ်စုံလေးဝတ်၊ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေပြီး ဂျာနယ်တွေ၊ တီဗွီတွေမှာ ပါရုံလောက်သာ အားထုတ်နေတာကို မြင်တွေ့နေရတော့ တော်တော် စိတ်ပျက်မိပါတယ်။

ချစ်သူရှိရဲ့သားနဲ့ Single ပါလို့ လုပ်တာဟာ ကိုယ်နဲ့ပတ်သက်တဲ့ သူကို တန်ဖိုးမထားစော်ကားရာကျတယ်လို့ ဆိုလိုက်တဲ့ ဖြူဖြူကျော်သိန်းက ချစ်သူနာမည်ကို သူ့လုံခြုံရေးအတွက် ဖွင့်ဟဖို့ ငြင်းဆို


ဖြူဖြူကျော်သိန်းလို့ ဆိုလိုက်ရင်ဖြင့် အသံပါဝါကောင်းကောင်း၊တစ်ခြားသူတွေနဲ့ မတူတဲ့ အဆွဲအငင်၊ ထူးခြားတဲ့ဖက်ရှင်ဒီဇိုင်း၊ ကွဲပြားတဲ့ ပါဖောင်းမန့်စ်တွေနဲ့ အဆိုတော်မလေးကို တွဲမြင်မိကြပါလိမ့်မယ်။ သူမဟာ အောင်မြင်ပြီးရင်း အောင်မြင်ဆိုသလို ပရိတ်ရဲ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့ပြီး ဖြစ်ပါတယ်။ ခု ၂၀၁၅ခုနှစ်မှာလည်း သူမရဲ့အနုပညာဖန်တီးမှုတွေ ပိုမိုထူးခြားစွာ ချပြလာခဲ့ပြီဖြစ်သလို သူမရဲ့ လူမှုရေး၊ အချစ်ရေးတွေဟာ ဆိုရင်လည်း ပရိသတ်တွေရဲ့ စိတ်အ၀င်စားဆုံးခေါင်းစဉ်တွေထဲ ပါဝင်လာခဲ့ပြီမို့ Trend Myanmar ကနေ သိချင်တာတွေကို ခုလို မေးမြန်းဖြစ်ခဲ့တဲ့အခါ

ကိုယ့်ချစ်သူကို သစ္စာဖောက်မိသွားပြီမှ သူ့ရဲ့ခွင့်လွှတ်မှုကို လိုချင်တဲ့အခါ


ချစ်သူရှိလျက်နဲ့ တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်ထားမိတာပဲဖြစ်ဖြစ်၊ နောက်တစ်ယောက်နဲ့ ချိန်းတွေ့ပြီး တွဲလိုက်မိတာပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်ချစ်သူကို သစ္စာဖောက်တဲ့သဘောပါပဲ။ ကိုယ့်ချစ်သူက ဒီအခြေအနေကို သိသွားတဲ့အခါ သူ့ကိုလည်း လက်မလွှတ်နိုင်မှန်း သေချာသိလိုက်ရတာမျိုးတွေ ကြုံလာပြီဆိုပါစို့။ ဟိုတစ်ယောက်က အပျော်ထားတာပါလို့တော့ လုပ်လို့မရပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တဲ့စိတ်လေးရှိနေသေးရင် ပြန်လက်ခံချင် လက်ခံပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့လွယ်လိမ့်မလဲ။ ဒီတော့ တကယ် ကိုယ့်ချစ်သူကိုသာ ဆက်ချစ်သွားဖို့ ကျိန်းသေတယ်။ ဟိုတစ်ယောက်ကို လုံးဝအဆက်ဖြတ်လိုက်မယ်လို့ သင့်ဘက်က သေချာသွားရင် ကိုယ့်ချစ်သူဆီက ခွင့်လွှတ်မှုကို ဘယ်လိုပြန်ရအောင် ယူရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

ထက်ထက်မိုးဦး ရုပ်ရှင် ပြန်ရိုက်တော့မယ်


ရုပ်သံကြော်ငြာခေတ်မှာ နှစ်ကာလ ကြာရှည်စွာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့ နောက် အနုပညာ လှုပ်ရှားမှုတွေ ကျဲပါးခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက သြဂုတ်လအတွင်းမှာ သရုပ်ဆောင် အောင်ရဲလင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ လက်ခံထား တယ်လို့ The Voice ကို ပြောပါတယ်။

ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများကိစ္စ အဖွဲ့ပေါင်းစုံ ပူးပေါင်း စုံစမ်းနေ

ဖမ်းဆီးရမိသည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ (ဓာတ်ပုံ – MOI)

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားသည့် စိတ်ကြွဆေးပြား ၂၆၇ သိန်း သယ်ဆောင်လာသူများကို ဖမ်းဆီးနိုင်ရေး စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မြောက်ဒဂုံ အိမ်အကူ နှိပ်စက်ခံရမှု ဆေးစာမရသေး၍ တရားမစွဲနိုင်သေး

အိမ်အကူ မသန်းသန်းကို ဒဏ်ရာများနှင့် တွေ့ရစဉ် (ဓာတ်ပုံ – ကိုညီညီ / Facebook)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တခုတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ရိုက်နှက် နှိပ်စက်ခဲ့သည့် အိမ်ရှင်ကို လတ်တလော ဆေးစာမရသေး၍ တရားမစွဲ နိုင်သေးဘဲ ဆေးစာရရှိပြီးမှသာလျှင် အိမ်ရှင်ကို ဖမ်းဆီး တရားစွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Monday, July 27, 2015

ယုံလွယ်နိုင်သောပုံပြင် သို့မဟုတ် ရိုဟင်ဂျာနှင့် အစ္စလာမ်မစ် အစွန်းရောက်ဝါဒ

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည် တဦး (ဓာတ်ပုံ – Reuters)

အစ္စလာမ်သည် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုတခုဖြစ်သည်ဟု ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူက မကြာခဏ မှတ်ချက် ပြုလေ့ရှိပါသည်။ ထိုသို့ပြောဆိုခြင်းမှာ မွတ်စလင်လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) ကို အဓိကရည်ရွယ်ခြင်း ဖြစ်သည်။ RSO သည် မြန်မာအစိုးရ တပ်ဖွဲ့များကို တိုက်ခိုက်မှုများ အတွက် တာဝန်ရှိသည်ဟု ယူဆကြသလို မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲ (jihad) ကို မြှင့်တင်နိုင်ရန် အတွက် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေသည် ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။

အရှိန်မြင့်လာသော နိုင်ငံရေးစီးချင်းထိုးပွဲ

ဥပဒေပြုမဏ္ဍိုင်၏ ထိပ်ပိုင်းတာဝန်ယူထားသော သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင် ၁၇၈၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းလိုကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။


လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် နီးကပ်သော ဆက်ဆံရေး တည်ဆောက်ထားပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သမ္မတအဖြစ် ယှဉ်ပြိုင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသူ သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင်များက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြလိုက်သည်။

ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ

ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။

အဓမ္မကျင့်လုယက်မှုကို စုံစမ်းနေသည့် ရဲတပ်ကြပ် အသတ်ခံရ

သမီးရည်းစားနှစ်ဦးချိန်း တွေ့နေစဉ် ဓားထောက်ပစ္စည်း လုယက်၊ အဓမ္မပြုကျင့်ခဲ့မှုကို လိုက်လံစုံစမ်းနေသည့် ရဲတပ်ကြပ်တစ်ဦးကို ဇူလိုင် ၂၆ ရက်က လူ နှစ်ဦးက ဓားဖြင့် ၀ိုင်းခုတ်ခဲ့၍ ရဲ တပ်ကြပ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၅ ရက်က အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက်နေ အသက်(၂၁) နှစ်အရွယ် အမျိုးသ မီးတစ်ဦးနှင့် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်နေ အ သက်(၂၀) နှစ်အရွယ် အမျိုးသား တစ်ဦးတို့သည် အောင်ဇေယျ ကြိုးတံတားပေါ်တွင် ချိန်းတွေ့နေ စဉ် အမည်မသိအမျိုးသားတစ်ဦး က ဓားရှည်ကိုင်၍ ရောက်ရှိလာ ကြောင်း လုယက်ခံရသူအမျိုးသား ကဆိုသည်။

မျက်နှာခွဲစိတ် ပြုပြင်တာ အလွန်အကျွံ မဟုတ်ရင် ကောင်းပါတယ်လို့ ဆိုလာတဲ့ နန်းမြတ်ဖြိုးသင်းက သူမ မျက်နှာ ခွဲစိတ်ပြုပြင်ထားခြင်း ရှိ မရှိကိုတော့ မသိပါဘူး လို့ ဖြေဆို


လက်ရှိမှာ တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေ စုနေသလို ကြော်ငြာရိုက်ကူးမှုတွေ၊ ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းကို သူမရဲ့ အနုပညာလှုပ်ရှားမှု တစ်စိတ်တစ်ဒေသ၊ အလှအပ ခွဲစိတ်ပြုပြင်မှုအကြောင်းတွေနဲ့ အမျိုးသမီးတွေ ခုနောက်ပိုင်း အသားဖြူဆေးတွေ သုံးစွဲလာကြတဲ့အပေါ် သူမရဲ့အမြင်တစ်ချို့ မေးမြန်းကြည့်တဲ့အခါ

အရပ်သားစစ်စစ် သမ္မတဖြစ်ခဲ့လျှင်ပင်


လာမည့်အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံဘက်ကအနိုင်ရခဲ့လျှင် တပ်မတော်အနေဖြင့် အဆိုပါရလဒ်ကို လက်ခံမည်လားဆိုသည့် BBC သတင်းဌာန၏အမေးကို ‘‘ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်။

လွှတ်တော်က နောက်ထပ် ဖဲချပ်တွေ ထုတ်ပြဦးမလား-စည်သူအောင်မြင့်


အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ခုဆိုရင် ပြည်ခိုင်ဖြိုးပါတီတွင်းက အကွဲအပြဲ ဇာတ်လမ်းတွေဟာဖုံးမနိုင် ဖိမရ ပေါ်ပေါက်လာပါပြီ။
ဒီကြားထဲ နိုင်ငံရေး စိတ်ဝင်စားသူတွေ သတိထားမိလိုက်ကြတဲ့ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးဆောင်းပါးတစ်ပုဒ် ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကွှ့န ဠသငခန နေ့စဉ်သတင်းစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။

Sunday, July 26, 2015

အေသင်ချိုဆွေရဲ့ ညီိမမေသင်ချိုဆွေလည်း သီချင်းဆိုပြီ

အဆိုတော် မေသင်ချိုဆွေ(ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

အဆိုတော် အေသင်ချိုဆွေရဲ့ ညီမဖြစ်သူ မေသင်ချိုဆွေလည်း သီချင်းသီဆိုပြီး တေးစီးရီးခွေ ထုတ်တော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကို ဘယ်နှတန်းရောက်ပြီလဲလို့ နာမည်ပေးထားပြီး ဇူလိုင် ၃၁ ရက်နေ့မှာ ဖြန့်ချိပေးမှာပါ။ ဒီအခွေမှာ သီချင်း၁၂ ပုဒ် ပါဝင်ပြီး ပါဝင်တဲ့ သီချင်းအမျိုးအစားတွေအကုန်လုံးမှာ pop အမျိုးအစားများဖြစ်ပါတယ်။

သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင် ၁၇၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား


ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်သားများနှင့် မိသားစုဝင် မဲဆန္ဒရှင် ၁၇၀၀ ကျော်က ဆန္ဒပြုလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း အဆိုပါ ပေးပို့ထားသော စာအရ သိရသည်။

ဗီဒီယို အကြိုခံစားခြင်း - အခါတော် ပေးတာက


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

သံယောဇဉ်မောင်က သူနဲ့ နီးစပ်တဲ့ လူတွေကို မဖြစ်သေးတဲ့ အကြောင်းအရာတွေ အခါတော် ပေးလေ့ရှိပါတယ်။ အဲဒီလိုအခါ တော်ပေးတိုင်းလည်း မှန်လေ့ရှိပါ တယ်။

လမ်းပန်းအခက်အခဲကြောင့် ရေဘေးသင့်ကျေးရွာအချို့ အရေးပေါ်အကူအညီများ လိုအပ်နေ

လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ကျေးရွာတစ်ရွာမြင်ကွင်း(ဓာတ်ပုံ - သက္ကမိုးညိုဖေ့စ်ဘွတ်ခ်)

ရေဘေးကြုံတွေ့နေရ သော စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာအချို့သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ် အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

Warso Moe Oo - My 21st birthday night