Saturday, July 18, 2015

၁၀ ဦး ထွက်ပြေး၍ ဇူလှိုင် ၂၂ ရက်နေ့တွင် ဘင်္ဂလီလှေစီး ၁၅၅ ဦးသာ လွဲနိုင်မည်


တောင်ပြိုမြို့နယ်ခွဲ ကယ်ဆယ်ရေး စခန်းတွင် ထိန်းသိမ်းထားသော လှေစီး ဘင်္ဂလီ ၅၀၀ကျော် အထဲမှ ထွက်ပြေး သူ အချို့ ရှိနေသဖြင့် တတိယ အကြိမ် ဘင်္ဂလာဒေ့ရှ်သို့ လွဲပြောင်းမှုတွင် ၁၅၅ ဦးကိုသာ လွဲပြောင်း နိုင်မည်ဟု မောင်တောခရိုင် လ၀က ဒုညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောသည်။“ လွဲမယ့် စာရင်းထဲမှာ ၁၆၅ ဦး ပါတယ်။ ဒါပေမယ့် ၁၀ ဦးက ထွက်ပြေးသွားတဲ့ အတွက် ၁၅၅ ဦးကိုပဲ လွဲပြောင်းနိုင် မှာဖြစ်ပါ တယ်။ ဒီလ ၂၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို လွဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။

တောင်ပြို ကယ်ဆယ်ရေး စခန်းမှ ထွက်ပြေးသွားသူ အရေအတွက်မှာ ၁၅ ဦးရှိကြောင်း၊ ထွက်ပြေးသူများ အထဲမှ ၁၀ ဦးမှာ တတိယ အသုတ် လွဲပြောင်းပေမည့် ၁၆၅ ဦး အမည်စာရင်းထဲတွင် ပါဝင်နေကြောင်း၊ သူတို့ ထွက်ပြေး သွားကြောင်းကို သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးနှင့် တစ်ဘက်နိုင်ငံ BGB သို့ ထွက်ပြေးစဉ်ကတည်းက အကြောင်းကြားထားကြောင်း၊ သို့အတွက် ၁၀ ဦး လျော့နေသော်လည်း ပြသနာ ပေါ်စရာ အကြောင်း မရှိကြောင်း ဦးစောနိုင်က ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အနောက်တောင်ဘက် ၄ မိုင် အကွာ သင်္ဘောကွေ့ ကျေးရွာ အနီး ပင်လယ်ပြင်မှ ဘင်္ဂလီလှေစီး ၂၀၈ ဦးအား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့က ငါးဖမ်းဘုတ်တစ်စီးနှင့် အတူ ဖမ်းမိခဲ့ကြောင်း၊ နောက်ထပ် လူကုန်ကူးသူများ ဟု ယူဆရသူ ၉ ဦးကို လည်း တစ်ခြား စက်လှေ တစ်စီးနှင့် အတူ ယင်းနေ့တွင် ဖမ်းမိခဲ့ကြောင်း၊ အလားတူ မေလ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဖျာပုံ ကမ်းလွန်တွင် လှေစီး ဘင်္ဂလီ ၇၂၇ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသူများအားလုံးကို တောင်ပြို ကယ်ဆယ်ရေး စခန်းသို့ပို့ဆောင်ပြီး ယင်းအထဲမှ ၁၅၀ ဦးကို ဇွန်လ ၈ ရက်နေ့ ဘင်္ဂလာဒေ့ရှ် သို့လွဲပြောင်းခဲ့သည်။ နောက်ထပ် ၃၇ ဦးကို လည်း ဇွန်လ ၁၇ ရက်နေ့က လွဲပြောင်း ပေးခဲ့သည်။

ယင်းအထဲတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဘင်္ဂလီ ၂၀၀ ဦးပါနေသည်ကို တွေ့ရှိရသည်ဟု ဆိုကာမောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ သက်ဆိုင်ရာမှ ပြန်လည် ပို့ဆောင်ခဲ့သည်။

လက်ရှိ အချိန်ထိ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီလူမျိုး ၅၀၀ ကျော်ကျန်ရှိနေသေးပြီး လာမည့် ဇူလှိုင်လ ၂၂ ရက်နေ့တွင် တတိယအကြိမ် အဖြစ် ၁၅၅ ဦးကို ထပ်မံ လွဲပြောင်းသွားမည် ဖြစ်သည်။

Mizzima

0 comments:

Post a Comment