Monday, July 27, 2015

မျက်နှာခွဲစိတ် ပြုပြင်တာ အလွန်အကျွံ မဟုတ်ရင် ကောင်းပါတယ်လို့ ဆိုလာတဲ့ နန်းမြတ်ဖြိုးသင်းက သူမ မျက်နှာ ခွဲစိတ်ပြုပြင်ထားခြင်း ရှိ မရှိကိုတော့ မသိပါဘူး လို့ ဖြေဆို


လက်ရှိမှာ တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေ စုနေသလို ကြော်ငြာရိုက်ကူးမှုတွေ၊ ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းကို သူမရဲ့ အနုပညာလှုပ်ရှားမှု တစ်စိတ်တစ်ဒေသ၊ အလှအပ ခွဲစိတ်ပြုပြင်မှုအကြောင်းတွေနဲ့ အမျိုးသမီးတွေ ခုနောက်ပိုင်း အသားဖြူဆေးတွေ သုံးစွဲလာကြတဲ့အပေါ် သူမရဲ့အမြင်တစ်ချို့ မေးမြန်းကြည့်တဲ့အခါ-အခုလက်ရှိ လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှု။

မနေ့ကတော့ Sleek ဆိုတဲ့ မိတ်ကပ် ကြော်ငြာရိုက်တယ်။ ပြီးတော့ ရှိုးတွေလျှောက်ဖြစ်တယ်။ နောက်ထပ် နန်းမြတ် ဆပ်ပြာမှုန့်ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးတော့ မ၀ိုင်းစုရဲ့ သီချင်း အမ်တီဗီရိုက်ပေးဖို့ရှိပါတယ်။

-နန်းမြတ်ရဲ့ တစ်ကိုယ်တော်ခွေလေးကရော ဘယ်အတိုင်းအတာလောက်ရောက်နေပြီလဲ။

အခုကတေးရေးတွေဆီမှာ အပ်ထားတုန်းပေါ့။ ဘယ်တော့လောက်ဖြစ်မလဲဆိုတော့ အတိအကျတော့ မှန်းပေးလို့မရသေးပါဘူး။

-ကားရိုက်ပိုင်းကရော ဘယ်လိုရှိလဲ။

ကားရိုက်ကတော့ နန်းမြတ် ရှေ့လလောက်မှ ပြန်စဖြစ်ပါမယ်။

-ရှေ့မှာထွက်ထားတဲ့ ဥက္ကဌမရဲ့ သားမက်တော် ဇာတ်ကားနဲ့ပတ်သက်ပြီးလဲ ပရိသတ်တွေအရမ်းအားပေးကြတာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ အဲ့ဒီကားလေးက ရိုက်ထားတုန်းကလဲ အားလုံးက သေချာကောင်းကောင်းလေးရိုက်ထားတဲ့ ကားတစ်ကားလဲဖြစ်တယ်။ ပရိသတ်တွေလဲ သဘောကျကြတယ်။ အခွေထွက်လာတဲ့အချိန်မှာလဲ ပရိသတ်တွေ အရမ်းအားပေးကြတယ်။ ပြီးတော့ ပရိသတ်တွေက ဖေ့စ်ဘုတ်ကနေ နန်းမြတ်ဆီကို ဓာတ်ပုံလေးတွေပို့ကြတယ်။ သူတို့ဘယ်အခန်းကိုကြိုက်တယ်။ သူတို့ အဲ့ဒီကားလေးထဲမှာ ကိုနေတိုး နန်းမြတ်ကို ရည်းစားစာပေးတဲ့ အခန်းကိုလဲ အရမ်းသဘောကျကြတယ်လို့နန်းမြတ်ပြန်သိရပါတယ်။

-နောက်ပိုင်းမှာရော ကားရိုက်နဲ့ ဂီတဖက်ဆို နန်းမြတ်အနေနဲ့ ဘယ်ဖက်ကို ပိုဦးစားပေးလုပ်သွားမလဲ။

အဲဒီလိုတော့မရှိပါဘူး။ နှစ်ခုစလုံးကိုတော့ နန်းမြတ်ဘက်ညီအောင်ကြိုးစားသွားမှာပါ။

-နယ်ရှိုးရော သွားဖို့ရှိဦးမလား။

ဟုတ်ရှိပါတယ်။ နန်းမြတ် လကုန်ရင် မန္တလေးမှာ သီချင်းသွားဆိုဖို့ရှိပါတယ်။

-မျက်နှာအသားအရေက အလက်ဂျီဖြစ်နေတာလား။

ဟုတ်တယ်။ အမ လောလောဆယ် နန်းမြတ်အသားက အလက်ဂျီဖြစ်နေတယ်။ ကိုယ်ကပြန်ပြီ ဂရုစိုက်နေရတယ်။ နန်းမြတ်ရဲ့အသားအရေက အစကတည်းက အရမ်းရွေးတယ်။ ရွေးတဲ့အချိန်မှာ အသစ်တစ်ခုကို စမ်းသုံးလိုက်ကြည့်တာ မတည့်ပဲနဲ့ အလက်ဂျီဖြစ်သွားတာ အဲ့ဒီလိုဆိုတော့ နန်းမြတ် လိုအပ်သွားတာတွေလဲပါတာပေါ့နော်။ လက်မှာ စမ်းမသုံးကြည့်ပဲနဲ့ မျက်နှာပေါ်အရင်တင်လိုက်တော့ အခုလောလောဆယ် ဆေးခန်း ပုံမှန်သွားပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလုပ်နေပါတယ်။

-အခုနောက်ပိုင်း မျက်နှာခွဲစိတ်ပြုပြင်မှုတွေခေတ်စားလာတယ်။ ရင်သားခွဲစိတ်ပြုပြင်မှုတွေခေတ်စားလာတယ်။ အနုပညာရှင်တော်တော်များများလဲ ပြုပြင်လာကြတယ်။ ဒီအပေါ် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင် အဲ့ဒါတွေကို နန်းမြတ်အရမ်းဝါသနာပါတယ်။ ကိုယ်တောင်မှ အစက အလှအပနဲ့ပတ်သက်တဲ့ ခွဲစိတ်ဆရာဝန်လုပ်ဖို့အိပ်မက်ရှိခဲ့တယ်။ အဲ့ဒီလိုပြုပြင်ကြတာလဲကောင်းပါတယ်။ အလွန်အကျွံမဟုတ်ပဲနဲ့ပေါ့။ ဘယ်အရာမှ အလွန်အကျွံဆို မကောင်းပါဘူး။ ကိုယ်နဲ့သင့်တော်မဲ့ လိုအပ်တဲ့အရာလေးတွေပြင်ဆင်တာလောက်ကတော့ နန်းမြတ်အားပေးပါတယ်။ ဒါပေမဲ့ တန် ဆေး လွန် ဘေး ပေါ့။ မလွန်သွားဖို့ကတော့ အကြံ ပြုချင်ပါတယ်။

-အဲ့ဒီလို ခွဲစိတ်ပြုပြင်မှုတွေရဲ့ Side Effect တွေကရော ဘာတွေများဖြစ်မလဲ။

Side Effect ကတော့ ဒီလိုမျိုး နှာခေါင်း ခွဲစိတ်တာတို့၊ ရင်သားခွဲတာတို့ကတော့ Accident ကို ပိုပြီးသတိထားရမယ်ပေါ့။ Accident ဖြစ်တဲ့အခါ ခွဲစိတ်ပြုပြင်ထားတဲ့သူတွေက ပုံမှန်လူတွေနဲ့မတူဘူး။ ပြန်လုပ်ရမှာတွေ၊ ပြန်ပြင်ရမှာတွေ အများကြီးရှိတယ်။ အရေးကြီးတာက ဘာလဲဆိုတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့တော့ တိုင်ပင်ဖို့လိုတယ်။ လုပ်ဖို့လိုတယ်။

-အခုနောက်ပိုင်း အသားဖြူဆေးတွေ ထိုးကြတာတော်တော်များများ တွေ့လာရတယ်။ အဲ့ဒီရဲ့ Side Effect ကရော ဘာတွေများဖြစ်မလဲ။

အဲ့ဒါက နန်းမြတ်တို့ဆီမှာ ပေါ်တာတော့ မကြာသေးဘူးပေါ့။ Anti Oxidence တွေထိုးပေးတာပေါ့။ Anti Oxidence ဆိုတာ အသားအရေကို ကြည်စေတယ်။ သွေးထဲမှာ အညစ်အကြေးတွေကို ဖယ်ပေးတယ်။ နန်းမြတ်တို့ အိုမင်းရင့်ရော်မှုကိုလဲ လျှော့ချပေးတယ်။ အဲ့ဒါတွေပေါ့။ ဒါပေမဲ့ ပေါ်တာလဲမကြာသေးဘူး။ သုံးကြတာလဲ မကြာသေးဘူး။ ဒါပေမဲ့ ယိုးဒယားမှာတော့ တွင်တွင်ကျယ်ကျယ်သုံးကြတယ်။ သူ့ရဲ့ Side Effect ကဘာဖြစ်မယ်ဆိုတဲ့ ဟာကို အတိအကျတော့ မပြောနိုင်သေးပါဘူး။

-နန်းမြတ်ရဲ့ မျက်နှာမှာရော ပြင်ထားတဲ့ အစိတ်အပိုင်းတွေများရှိနေမလား။

အဲ့ဒါကတော့ မသိဘူးလေ။

-အခုလက်ရှိမှာ ပြင်ထားတာရှိမလား။

လက်ရှိက မပြောတတ်ဘူး အမ။

-ထပ်ပြင်ဖို့ရော အစီအစဉ်ရှိမလား။

နန်းမြတ်ကအဲ့ဒါကို အရမ်းဝါသနာပါတယ်။ ဘယ်သူဆိုရင် ဘယ်နေရာလေးပြင်လိုက်ရင် လှသွားမှာ အဲ့ဒီလိုလေးတော့ အမြဲတမ်းတွေးမိတယ်။ စဉ်းစားမိတယ်။

ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment