Tuesday, July 14, 2015

ဗီဒီယို အကြိုခံစားခြင်း- ဓာတ်လှေကား


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ ပဟေဠိတွေနဲ့ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားကို ညွှန်း ပေးလိုက်ပါတယ်။

လူလေးယောက်ဆီကို သူတို့နဲ့တစ်ခါမှ မဆုံဖူးတဲ့ လူတစ် ယောက်ဆီကနေ ဖိတ်စာတစ် စောင်ရောက်လာပါတယ်။ အဲဒီ ဖိတ်စာထဲမှာ ပါတဲ့အကြောင်းအ ရာကလည်း တစ်ခုတည်းပါပဲ။ သူတို့နဲ့မဆုံဖူးတဲ့လူက သူနေတဲ့ တိုက်ခန်းကို လာဖို့ အဲဒီလူလေး ယောက်ကို တစ်ချိန်တည်းချိန်း ထားတာပါ။ အဲဒီလူချိန်းတဲ့နေ့မှာ ပဲ တိုက်ခန်းရှိတဲ့အဆောက်အအုံ ကို လူလေးယောက်ရောက်လာခဲ့ ပါတယ်။ ချိန်းထားတဲ့အချိန်တွေ က အတူတူပဲဖြစ်တာကြောင့် အဲဒီလူလေးယောက် ရောက်လာတဲ့ အချိန်ကလည်း သိပ်မကွာလှပါ ဘူး။ အဲဒါကြောင့် သူတို့အားလုံး အတူတူ သူတို့ကို ချိန်းထားတဲ့ လူရဲ့တိုက်ခန်းကို သွားဖို့ ဓာတ် လှေကားအတူတူ စီးလာခဲ့ကြပါ တယ်။ အဲဒီဓာတ်လှေကားထဲမှာ သူတို့လေးယောက်ချည်းတော့ မဟုတ်ပါဘူး။ အဲဒီတိုက်က လုံ ခြုံရေးတစ်ယောက်လည်း အဲဒီလူ လေးယောက်သွားမယ့် အခန်းက ခေါ်တာကြောင့် သွားဖို့ အတူ လိုက်လာခဲ့ပါတယ်။သူတို့ကိုခေါ်တဲ့အခန်းမှာ လမ်းမလျှောက်နိုင်တဲ့ လူနာတစ် ယောက်ရှိပါတယ်။ အဲဒီလူက သူ့ ရဲ့ရောဂါကြောင့် စိတ်ကျရောဂါ ဖြစ်နေပါတယ်။ သူတို့ငါးယောက် ဓာတ်လှေကားစီးလာတဲ့အချိန်မှာ ပဲ သူတို့ကိုဖိတ်ခေါ်တဲ့ လူက အဲဒီ တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီ ရင်သွားခဲ့ပါတယ်။ ဓာတ်လှေ ကားစီးလာရင်း သူတို့စီးလာတဲ့ ဓာတ်လှေကားက လမ်းတစ်ဝက် မှာပဲ ပျက်သွားခဲ့ပါတယ်။ အဲဒါ ကြောင့် အဲဒီမှာပါလာတဲ့ လုံခြုံရေးက စက်ခန်းကို လှမ်းပြီး ဓာတ်လှေကားပျက်တဲ့ အကြောင်း လှမ်းပြောခဲ့ပါတယ်။ ဒါပေမဲ့ စက်ခန်းကနေ ဓာတ်လှေကားနဲ့ပတ်သက် ပြီး စစ်ဆေးတဲ့အချိန်မှာ စက်ချို့ ယွင်းတာ မရှိဘူးလို့ ပြောခဲ့ပါ တယ်။ အဲဒီလိုနဲ့ ဓာတ်လှေကားထဲက လူတွေလည်း စိတ်တော်တော် ညစ်နေကြပါတယ်။ အဲဒီအချိန် မှာပဲ ဓာတ်လှေကားထဲမှာ မီးပါပြတ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဓာတ်လှေကားထဲမှာ ပါလာတဲ့ အမျိုးသမီးတစ်ယောက်လက်မှာ ဒဏ်ရာရခဲ့ပါတယ်။ မီးက ခဏပဲ ပြတ်သွားတာပါ။ မီးပြန်လာတဲ့အချိန်မှာတော့ အမျိုးသမီးလက်က ဒဏ်ရာကို ဘယ်သူလုပ်လဲဆိုတာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ခဲ့ပါတယ်။

ဓာတ်လှေကားထဲမှာ ပါလာသူတွေက အငြိမ်းစားတရားသူကြီး အမျိုးသမီး၊ ရှေ့နေအမျိုးသား၊ ဆရာဝန်အမျိုးသမီး၊ အင်ဂျင်နီယာအမျိုးသားနဲ့ အဲဒီတိုက်က လုံခြုံရေးအမျိုးသားပါ။ အဲဒီအချိန်ကျမှ သူတို့တွေကို ဖိတ်စာရလို့လာတာဆိုတာကိုလည်း တစ်ယောက်နဲ့တစ်ယောက် ပြောမိကြ ပါတယ်။ ဓာတ်လှေကားထဲမှာ ပါ လာတဲ့သူတွေက မီးပြတ်တဲ့အချိန်က ဒဏ်ရာရခဲ့တာကို အင်ဂျင်နီယာအမျိုးသားကြောင့်လို့ သံသယဝင်နေခဲ့ပါတယ်။ အဲဒါကြောင့် အကုန်လုံး သံသယရှင်းနိုင်ဖို့ လုံခြုံရေးက အဲဒီလူမှာပါတဲ့ ပစ္စည်း တွေကို ရှာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ဆီမှာ လက်နက်နဲ့တူတာ တစ်ခုမှ မတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် ဘာကြောင့်လဲဆိုတာကို အားလုံးတွေးနေတဲ့အချိန်မှာပဲ ဓာတ်လှေကားထဲမှာ မီးထပ်ပြတ်သွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မီးပြန် လာတဲ့အချိန်မှာတော့ ဓာတ်လှေကားထဲမှာ ပါတဲ့သူတွေထဲက ရှေ့နေအမျိုးသား သေဆုံးနေပါတယ်။ အဲဒါကြောင့် စက်ခန်းမှာ ရှိတဲ့လူတွေကလည်း ပျာယာခတ်နေကြပါတယ်။ ဒါပေမဲ့လည်း သူတို့ ဘာမှတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဓာတ်လှေကားထဲမှာ မီးဘယ်နှကြိမ် ထပ်ပြတ်ဦးမှာလဲ။ ဓာတ် လှေခါးထဲက လူတွေအကုန်လုံး ရှေ့နေအမျိုးသားလို သေဆုံးရမှာလား။ ဘယ်သူ အသက်ရှင်မှာလဲ ဆိုတာကိုတော့ ဇူလိုင် ၁၈ ရက်မှာ စိန်ပန်းဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမယ့် ဓာတ်လှေကား ဆိုတဲ့ ဇာတ်ကားလေးမှာ ရှုစားပေးပါ။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်များအဖြစ် နေမင်း၊ မိုးမင်း၊ ခိုင်နှင်းဝေ၊ ဖူးဖူးနဲ့ ခင်မို့မို့အေးတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ထူးနွယ်အိမ်က ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

1 comments:

  1. The devils movie နဲ့ တူနေတယ် copy ပဲလား

    ReplyDelete