Monday, July 27, 2015

အဓမ္မကျင့်လုယက်မှုကို စုံစမ်းနေသည့် ရဲတပ်ကြပ် အသတ်ခံရ

သမီးရည်းစားနှစ်ဦးချိန်း တွေ့နေစဉ် ဓားထောက်ပစ္စည်း လုယက်၊ အဓမ္မပြုကျင့်ခဲ့မှုကို လိုက်လံစုံစမ်းနေသည့် ရဲတပ်ကြပ်တစ်ဦးကို ဇူလိုင် ၂၆ ရက်က လူ နှစ်ဦးက ဓားဖြင့် ၀ိုင်းခုတ်ခဲ့၍ ရဲ တပ်ကြပ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၅ ရက်က အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက်နေ အသက်(၂၁) နှစ်အရွယ် အမျိုးသ မီးတစ်ဦးနှင့် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်နေ အ သက်(၂၀) နှစ်အရွယ် အမျိုးသား တစ်ဦးတို့သည် အောင်ဇေယျ ကြိုးတံတားပေါ်တွင် ချိန်းတွေ့နေ စဉ် အမည်မသိအမျိုးသားတစ်ဦး က ဓားရှည်ကိုင်၍ ရောက်ရှိလာ ကြောင်း လုယက်ခံရသူအမျိုးသား ကဆိုသည်။

‘‘ည ၉ နာရီခွဲလောက်ရှိပြီ။ ကျွန်တော်တို့ပြန်မလို့လုပ်တုန်း အသက် (၃၀)ကျော်လောက်ရှိတဲ့ လူက ငှက်ကြီးတောင်ဓားရှည်ကို ကိုင်ပြီးရောက်လာတယ်။ ပြီး တော့ ကျွန်တော့်ကိုဓားနဲ့ထောက် ပြီး ပစ္စည်းပေးရင်ပေး မပေးရင် သတ်ပြီး အစဖျောက်ပစ်မယ်လို့ ပြောတယ်’’ဟု ၎င်းက ဆိုသည်။

ထိုသို့ပြောဆိုသဖြင့် သမီး ရည်းစားနှစ်ဦးတွင်ပါရှိသည့် လက်ကိုင်ဖုန်းနှစ်လုံး၊ အမျိုးသမီး ထံမှ ကျပ်ခုနစ်သောင်းခန့်တန် ကြေးရှိသည့် ရွှေနားကပ်တစ်ရန် နှင့် ငွေသားကျပ်တစ်သောင်းကို ပေးလိုက်ကြောင်း၊ ယင်းနောက် ၎င်းတို့နှစ်ဦးကို အောင်ဇေယျတံ တားပေါ်ရှိ ကင်းတဲအတွင်းသို့ခေါ် ကာ အမျိုးသားကိုဓားထောက်၍ အမျိုးသမီးကို သားမယားပြုကျင့် ခဲ့ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ကို ရဲတိုင်ရင် သတ်မယ်၊ အေးအေးဆေးဆေး ပြန်လို့ပြောပြီး အင်းစိန်ကမ်းနား ဘက်ကို ထွက်သွားတယ်။ လူကို မြင်ရင်တော့ ကျွန်တော်မှတ်မိ တယ်’’ဟု လုယက်ခံရသူအမျိုး သားက ပြောသည်။

အဆိုပါအမှုကို လိုက်လံစုံ စမ်းနေသည့် ခရရမြောက် မှုခင်း နှိမ်နင်းရေးဌာနမှ ရဲတပ်ကြပ် အေးမင်းလူနှင့်အတူ ကမ်းနား လမ်းအလယ်ရပ်ကွက်ရာအိမ်မှူး ဦးအေးမင်းအောင်(ခ)ဖိုးလပြည့် တို့သည် ကမ်းနားလမ်းအနောက် ရပ်ကွက် အောင်ဇေယျအိမ်ရာ လမ်းရှိ လမင်းရိပ်လက်ဖက်ရည် ဆိုင်ရှေ့တွင် သတင်းစုံစမ်းခဲ့ သည်။

ယင်းသို့ သတင်းစုံစမ်းနေစဉ် သက်အောင်နှင့် ချစ်ကိုကိုဆိုသူ နှစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ခုတ် ၍ စကေဘာဖြင့်ထိုးသဖြင့် ရဲတပ် ကြပ်မှာ ဓားဒဏ်ရာများဖြင့်သေ ဆုံးသွားခဲ့သည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရ သူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး စုံ စမ်းရာ ရဲတပ်ကြပ်အား ဓားဖြင့် ခုတ်ခဲ့ခြင်းကို ၀န်ခံခဲ့ကြကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment