Thursday, July 23, 2015

ပန်းဒေါင်းဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေတဲ့ ပိုင်ဖြိုးသု


ပန်းဒေါင်းရုပ်ရှင်ကို ဩဂုတ်လအတွင်း စတင်ရိုက်ကူးမည်ဖြစ်သောကြောင့် ယင်းဇာတ် ကား၌ သရုပ်ဆောင်ရန် ဇာတ်လမ်းကို အချိန်ပေး၍ လေ့လာနေကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသု က ပြောသည်။

‘‘ဒါရိုက်တာ သည်ခေတ်နေနဲ့ ဇာတ်ကားရိုက်ပြီးကတည်းက ဒီလထဲမှာ ဘာမှမရိုက်ထားဘူး။ ကြော်ငြာတွေနဲ့ မဂ္ဂဇင်းတွေ၊ ပြက္ခဒိန်တွေအတွက်ပဲရိုက်ပြီး ပန်း ဒေါင်းအတွက်ပဲ ပြင်ဆင်နေပါတယ်’’ဟု ၎င်းက ပြောသည်။ ပန်းဒေါင်းဝတ္ထု၏ အဓိက ဇာတ်ကောင်အမျိုးသမီးနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး ပရဟိတအဖွဲ့များ၏ လှုပ်ရှားမှုများကို လေ့လာခဲ့ကြောင်း ၎င်းကဆိုသည်။‘‘ညီမက ကွန်ရက်အဖွဲ့တွေရဲ့ အလုပ်လုပ်ပုံလုပ်နည်းတွေကိုလည်း မသိဘူး။ သူတို့နဲ့သွားတွေ့လိုက်တဲ့အခါကျတော့ သူတို့ခရီးသွားရင် ဘယ်လိုအလုပ်တွေလုပ်ကြတယ်။ ပရဟိတလုပ်တဲ့လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ၊ အမူအကျင့်လေးတွေသိရတော့ ရုပ် ရှင်ကားထဲက ခင်နွယ်စိုးရဲ့ ကာ ရိုက်တာကိုတည်ဆောက်ယူလို့ရ သွားတာပေါ့’’ဟု ၎င်းကပြောသည်။ ထို့အပြင် ယင်းဇာတ်ကားတွင် သရုပ်ဆောင်ရမည့်ဇာတ်ရုပ်အတွက် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို အသေး စိတ်ပြင်ဆင်ထားပြီး ဝတ္ထုကိုလည်း အကြိမ်ကြိမ်ဖတ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရုပ်ရှင်ကို ဩဂုတ်လအတွင်း အောင်ပန်းဘက်တွင် ရိုက်ကူးမည်ဖြစ်ပြီး ပိုင်ဖြိုးသုနှင့် အတူ လူမင်းက ပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာမီးပွားက ရိုက်ကူးမည်ဖြစ်သည်။

ပန်းဒေါင်းဝတ္ထုကို စာရေးဆရာ လင်္ကာရည်ကျော်က ရေးသားပြီး ပြင်ပတွင် အမှန်တကယ် ရှိနေသည့် တစ်ကိုယ်တော်ပရဟိတသမား အမျိုးသမီးတစ်ဦး၏ ဘဝကို ကျောရိုးယူရေးသားထား ကာ စာဖတ်သူများ၏ အားပေးမှုကို ရရှိထားသည်။

7Day Daily

0 comments:

Post a Comment