Sunday, July 26, 2015

ဗီဒီယို အကြိုခံစားခြင်း - အခါတော် ပေးတာက


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

သံယောဇဉ်မောင်က သူနဲ့ နီးစပ်တဲ့ လူတွေကို မဖြစ်သေးတဲ့ အကြောင်းအရာတွေ အခါတော် ပေးလေ့ရှိပါတယ်။ အဲဒီလိုအခါ တော်ပေးတိုင်းလည်း မှန်လေ့ရှိပါ တယ်။သူနဲ့ သိတဲ့ လူတွေထဲက စာပေးပွဲအောင်စာရင်းထွက်ခါနီး ပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုလုပ်တဲ့ အခါတိုင်း သူ့ကိုလာမေးလေ့ရှိပါ တယ်။ တစ်ခါကလည်း သူ့အမေ ကို ကံကောင်းမယ့်ကိစ္စတစ်ခုခု ဖြစ်မယ်လို့ ပြောနေတုန်းမှာပဲ ကံ စမ်းမဲပေါက်ခဲ့ပါတယ်။ အဲဒါ ကြောင့် သူ့အမေကလည်း သူ့ သားအခါတော်ပေးတာကို အ ရမ်းယုံကြည်ပါတယ်။

ရဲရဲရင့်ရင့်နဲ့ လေပြေချိုတို့ က ငယ်ငယ်ကတည်းက ပြိုင်ခဲ့တဲ့ သူတွေပါ။ သင်တန်းတစ်ခုမှာ လည်း အတူတူတက်နေတာ ကြောင့် အမြဲတမ်းထိပ်တိုက်တွေ့ လေ့ရှိပါတယ်။ တစ်ရက်မှာတော့ လေပြေချိုက ရဲရဲရင့်မှာ ရည်းစား ရှိနေတယ်ဆိုတာကို သိခဲ့ပါတယ်။အဲဒီလိုနဲ့ စားသောက်ဆိုင်တစ်ခု မှာ ရဲရဲရင့်တို့ ရည်းစားနှစ်ယောက် အတူတူထိုင်နေတာကို လေပြေ ချိုတွေ့ခဲ့ပါတယ်။

နောက်ရက်မှာတော့ လေ ပြေချိုက ရဲရဲရင့်ရဲ့ ကောင်လေး ဆီကို ဖုန်းဆက်ပြီး ရဲရဲရင့်အ ကြောင်းတွေကို ပြောပြခဲ့ပါတယ်။အဲဒါကြောင့် နောက်ရက်မှာ ရဲရဲ ရင့်ဆီကို သူ့ကောင်လေးရောက် လာခဲ့ပါတယ်။ နောက်ပြီး ရဲရဲရင့် ကိုလည်း အစားအသောက်အနေ အထိုင်တွေ အထက်တန်းကျကျ နေဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရဲရဲရင့်ကတော့ လွတ်လွတ်လပ် လပ်နေရတာကိုပဲ ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။

တစ်ရက်မှာတော့ ရဲရဲရင့်ရဲ့ ကောင်လေးနဲ့ လေပြေချိုတို့ သူ ငယ်ချင်းတွေ အလှပြင်ဆိုင်တစ် ဆိုင်မှာ တွေ့ခဲ့ပါတယ်။ အဲဒီမှာ လေပြေချိုတို့ အဖွဲ့ထဲက မိန်းမ လျာတစ်ယောက်က ရဲရဲရင့်ရဲ့ ချစ်သူကို ဓာတ်ပုံအတူ ရိုက်ချင် တယ်လို့ ပြောခဲ့ပါတယ်။ ရဲရဲရင့် ရဲ့ ချစ်သူက မင်းသားမဟုတ် တာကြောင့် မရိုက်ချင်ဘူးလို့ ငြင်း ခဲ့ပေမယ့် အကုန်လုံးအတူတူရိုက် မယ်လို့ ပြောခဲ့တာကြောင့် ခွင့်ပြု ပေးခဲ့ပါတယ်။

အဲဒီပုံကို ဖေ့စ်ဘွတ်ခ်တင် လိုက်တာကြောင့် ရဲရဲရင့်နဲ့ လေပြေချို တို့ ပြဿနာဖြစ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲရဲရင့်က လေပြေချိုကို သူ့ရည်းစားကို ကြိုက်နေလားလို့မေးခဲ့ပါတယ်။ အဲဒီကိစ္စကိုသုံးပွင့်ဆိုင် ရှင်းခဲ့တာကြောင့် ရဲရဲရင့်ရဲ့ ချစ်သူက လည်း ပေါက်ကွဲခဲ့ပြီး ရဲရဲရင့်တို့ နှစ်ယောက်ပျက်သွားခဲ့ပါတယ်။ အဲဒီိကိစ္စကိုသံယောဇဉ်မောင် လည်းအစအဆုံးတွေ့ခဲ့ပါတယ်။ သံယောဇဉ်မောင်က သူတွေ့ခဲ့တဲ့ကောင်မလေး နှစ်ယောက်နဲ့ ပတ်သက်ပြီး ဘာတွေအခါတော်ပေး နိုင်မှာလဲ။ ရဲရဲရင့်နဲ့ လေပြေချို တို့နှစ်ယောက်နဲ့ အခါတော်ပေး သံယောဇဉ်မောင်တို့ ရှေ့ဆက်ပြီးဘာဇာတ်လမ်းတွေဖြစ်လာမလဲ ဆိုတာကိုတော့ အောင်သီရိ ထုတ် လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ အခါတော်ပေးတာကဆိုတဲ့ဇာတ် ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ သံယော ဇဉ်မောင်အဖြစ် အောင်ရဲလင်း ရဲရဲရင့်အဖြစ် မိုးယုစံ လေပြေချို အဖြစ် ယွန်းရွှေရည်တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ အသင်ရဲ့ဝတ္ထုကို ကိုကျော်ဇာတ် ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ကရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment