Thursday, July 16, 2015

မလေးရှားတွင် မြန်မာလုပ်သားများ နေအိမ် တိုက်ခိုက်ခံရ

မြန်မာလုပ်သားများ နေထိုင်သောနေအိမ် (ဓာတ်ပုံ − တင်မောင်ဆန်း)

မလေးရှားနိုင်ငံ ဂျိုဟိုး ပြည်နယ် စီနိုင်းမြို့ရှိ စက်ရုံတစ်ရုံ တွင် လုပ်ကိုင်နေသည့် မြန်မာ လုပ်သားများနေထိုင်သော နေ အိမ်ကို မလေးရှားနိုင်ငံသားများ က တိုက်ခိုက်မှုများပြုလုပ်ရာ မြန်မာလုပ်သားလေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။မြန်မာလုပ်သား ၃၀ ခန့် စုနေသည့် နေအိမ်ကို ဇူလိုင် ၁၅ ရက် ညတွင် မလေးရှားနိုင်ငံသား နှစ်ဦးက ပစ္စည်းလုယူမှုပြုလုပ်ရာ မြန်မာလုပ်သားများက ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ မလေးရှားနိုင်ငံ သားနှစ်ဦး ပြန်သွားခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အနီး အနားရှိ မလေးရှားနိုင်ငံသား ၃၀ ခန့်ကိုစု၍ ပြန်ရောက်လာပြီး မြန်မာလုပ်သားများ နေထိုင်သောနေအိမ်ကို ဖျက်ဆီးတိုက်ခိုက်ရာ မြန်မာလုပ်သားလေးဦး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က အိမ်ရှေ့ မှာဖုန်းကိုင်ပြီး ထိုင်နေကြတာ။ မလေးရှားနှစ်ယောက်က ကားနဲ့လာပြီးဖုန်းလုတယ်။ ကျွန်တော်တို့နဲ့ ပြဿနာဖြစ်ကြတာပေါ့။ အဲဒီမှာ သူတို့က ပြန်သွားပြီး အုပ်စု လိုက်ရောက်လာကြတာ လူ ၃၀ လောက်ရှိတယ်။ လူတွေလည်း ထိုးကြိတ်တယ်။ တစ်ယောက်က ၁၆ ချက်ချုပ်ထားရတယ်။ အိမ်ကို လည်း ဖျက်ဆီးသွားကြတယ်။ ကျွန်တော်တို့ဆက်နေဖို့ အဆင် မပြေဘူးဖြစ်နေတယ်’’ဟု တိုက် ခိုက်ခံရသော နေအိမ်တွင်နေထိုင် သည့် မြန်မာလုပ်သား ကိုတင် မောင်ဆန်းက ပြောသည်။

တိုက်ခိုက်ခံရ၍မလေးရှား ရဲတပ်ဖွဲ့ထံ တိုင်ကြားရာ ဖုန်း လာရောက်လုယူသူ မလေးရှားနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထား ကြောင်း ကိုတင်မောင်ဆန်းက ဆက်လက်ပြောသည်။

‘‘အဆောင်ရှေ့မှာ တံခါး တွေကိုထုတယ်။ အဆောင်ထဲဝင် ဖို့လုပ်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းကို ဘေးကကလေး တစ်ယောက်က ဖုန်းဆက်လာ တယ်။ အဲဒါနဲ့ သူတို့ အေးဂျင့်ဆီ ဖုန်းဆက်ပြောလိုက်တော့ အေး ဂျင့်က ရဲခေါ်ပြီးရောက်လာမှ မလေးရှားတွေထွက်ပြေးသွားကြ တာ’’ဟု စီနိုင်းမြို့ရှိ အာသောက ကျန်းမာရေး ဖောင်ဒေးရှင်းမှ ကိုရာဇာမင်းက ပြောသည်။

7Day Daily

0 comments:

Post a Comment