Sunday, July 26, 2015

လမ်းပန်းအခက်အခဲကြောင့် ရေဘေးသင့်ကျေးရွာအချို့ အရေးပေါ်အကူအညီများ လိုအပ်နေ

လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ကျေးရွာတစ်ရွာမြင်ကွင်း(ဓာတ်ပုံ - သက္ကမိုးညိုဖေ့စ်ဘွတ်ခ်)

ရေဘေးကြုံတွေ့နေရ သော စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာအချို့သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ် အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။ကောလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၇ အုပ်စုရှိပြီး လက်ရှိအထိရေဘေးကို အဆိုးရွားဆုံးခံစားနေရသည့် ကျေးရွာအုပ်စုခုနစ်စုရှိသည်။ ကောလင်းမြို့နယ်အနောက်ခြမ်းအထိ ကျေးရွာအုပ် သုံးခုခန့်မှာ လုံးဝအကူအညီမရဘဲ ဖြစ်နေသေးကြောင်း ၀ရုံးတုံးကျောင်းတိုက်မှ ဆရာတော်အရှင်ပဏ္ဍိစ္စက မိန့်ကြားသည်။

အုပ်စုတစ်ခုလျှင် ကျေးရွာ အနည်းဆုံးသုံးခုခန့်ပါဝင်ပြီးယင်းကျေးရွာများမှာကောလင်းမြို့အ နောက်ဘက်မူးချောင်း၊ ဒေါင်းကြီး ချောင်းတို့နှင့် နီးကပ်နေပြီးလက် ရှိအချိန်အထိ ရေပြန်မကျသေး ကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ကောလင်းမြို့သို့ရေဘေးအ တွက် သွားရောက်လှူဒါန်းမှုများရှိသော်လည်း ကောလင်းမြို့တွင်း နှင့် နီးစပ်သည့် သက်ကယ်ကျင်း၊ သဖန်းကျောင်း၊ ရေကန်သာ၊ နတ်ရေတွင်းစသည့်နေရာများ တွင်သာအကူအညီ ထောက်ပံ့ပစ္စည်းများအလျှံပယ်ဖြစ်နေပြီးအမှန်တကယ်လိုအပ်နေသော ရွာများမှာ အကူအညီများ ရောက်ရှိ


မှုနည်း၍ နီးစပ်ရာရွာများတွင်သာ ခို ကပ်နေရကြောင်း ဆရာတော်အရှင်ပဏ္ဍိစ္စနှင့်ကောလင်းမြို့နယ်မှ လူငယ်အားမာန်ပရဟိတအသင်းခေါင်းဆောင် ကိုညိုကြီးကပြောသည်။

‘‘အာဏာပိုင်တွေက အဲဒီနေ ရာတွေကို မသွားခိုင်းဘူး။ သူတို့ ကို လှူစရာတွေပေးထား။ ရေကျ ရင် သူတို့လှူပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့လည်းမရမကဘဲ ရ အောင်လှူခဲ့တယ်။ မြို့နဲ့ဝေးတဲ့ အနောက်ပိုင်းက တကယ်ဒုက္ခ ရောက်နေတဲ့ နေရာတွေအများ ကြီးရှိပါတယ်’’ဟု အွန်လိုင်းပရ ဟိတအဖွဲ့မှ ကိုအောင်နိုင်ကပြော သည်။

လက်ရှိတွင် အဆိုပါကျေးရွာများအတွက် သောက်သုံးရေနှင့် ဆေးဝါးများ အဓိကလိုအပ်နေကြောင်း ၎င်းတို့ကပြောသည်။

မိုးမှာ ဆက်လက်ရွာနေဆဲဖြစ်၍ရေဘေးသင့်ကျေးရွာများ ရေဘေးကို ဆက်လက်ကြုံတွေ့နေသည်။

7Day Daily

0 comments:

Post a Comment